အမေရိကန်ငမူးနှစ်ယောက်ကြောင့် အီဖယ်မျှော်စင် ဖွင့်ချိန် နောက်ကျခဲ့

16.8.23-yyl-1.jpg

အရက်မူးနေတဲ့ အမေရိကန်ခရီးသည် နှစ်ယောက်က အီဖယ်မျှော်စင်ရဲ့ ကန့်သတ်နေရာကို ဝင်အိပ်နေခဲ့လို့ သြဂုတ်လ ၁၄ ရက် နံနက်ပိုင်းက အီဖယ်မျှော်စင်ရဲ့ ဖွင့်ချိန် နောက်ကျခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ ည ၁၀ နာရီ ၄၀ မိနစ်အချိန်က လုံခြုံရေးအတားအဆီးတွေကို ကျော်ပြီး ကန့်သတ်နေရာကို ဝင်ရောက်ခဲ့တာပါ။ အဲဒီနောက် မျှော်စင်ပေါ်မှာပဲ မူးပြီး အိပ်ပျော်သွားခဲ့ကြပါတယ်။

နောက်နေ့ နံနက် ၉ နာရီအချိန်မှာ လုံခြုံရေးဝန်ထမ်းတွေက မျှော်စင်ပေါ် လိုက်လံစစ်ဆေးတော့မှ သူတို့နှစ်ယောက်ကို တွေ့ခဲ့တာပါ။ ရဲတပ်ဖွဲ့က သူတို့ကို စစ်ဆေးမေးမြန်းမှုတွေ လုပ်ခဲ့ပြီး ရာဇဝတ်မှုနဲ့ တိုင်ချက်ဖွင့်ထားပါတယ်။ ဒီဖြစ်ရပ်ကြောင့် အီဖယ်မျှော်စင် ဖွင့်ချိန် နောက်ကျခဲ့ပါတယ်။
အီဖယ်မျှော်စင်ဟာ သြဂုတ်လ ၁၂ ရက်နေ့ကလည်း ဗုံးခြိမ်းခြောက်မှု နှစ်ကြိမ် ကြုံခဲ့လို့ မျှော်စင်ဖွင့်ချိန် နောက်ကျခဲ့ပါသေးတယ်။

Ref: Drunk American tourists fall asleep after breaking into the Eiffel Tower late at night

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top