မင်္ဂလာပွဲမှာ သတို့သား အရက်မူးပြီး အိပ်ပျော်နေလို့ သတို့သမီး ဒေါသထွက်ကာ မင်္ဂလာပွဲဖျက်သိမ်း

20.3.2023-yyl-iamge-1.jpg

မကြာသေးခင်က အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်မှာကျင်းပသွားခဲ့တဲ့ မင်္ဂလာပွဲအတွင်း ပရာဆမ်ဂျစ် ဟာလွိုင် အမည်ရတဲ့ သတို့သားဟာ အရက်မူးပြီး ဘယ်လိုမှ အိပ်ချင်စိတ်ကို ထိန်းမထားနိုင်ဘဲ အိပ်ပျော်သွားခဲ့ပါတယ်။ ဒီအခြေအနေက သတို့သမီးကို ဒေါသထွက်စေကာ မင်္ဂလာပွဲဖျက်သိမ်းလိုက်တဲ့အထိ ဖြစ်သွားစေခဲ့ပါတယ်။

မင်္ဂလာပွဲမှာ ရှိနေတဲ့လူတွေက သတို့သားအပြင် သူ့အဖေကပါ မူးယစ်နေတာကို မြင်ပြီး တအံ့တဩဖြစ်သွားခဲ့ရပါတယ်။ သတို့သမီးရဲ့ဆွေမျိုးတွေရဲ့ပြောစကားအရ သတို့သားရော သူ့အဖေကပါ ထုံးတမ်းအစဥ်အလာအတိုင်း မင်္ဂလာပွဲကို လုပ်ဆောင်နိုင်တဲ့အခြေအနေမရှိဘူးလို့ သိရပါတယ်။


မင်္ဂလာအခမ်းအနားအတွင်း သတို့သားက မင်္ဂလာပွဲရဲ့ထုံးတမ်းအစဥ်အလာအတိုင်း ပြောဆိုတာတွေမလုပ်နိုင်လောက်အောင် မူးပြီး အိပ်ပျော်သွားခဲ့တာပါ။ သတို့သားနဲ့သတို့သားအဖေရဲ့အခြေအနေကို သတို့သမီး မြင်လိုက်တဲ့အခါမှာ အရမ်းဒေါသထွက်သွားခဲ့တာပါ။ နောက်ဆုံးမှာတော့ လုံးဝကို မင်္ဂလာပွဲဖျက်သိမ်းပစ်လိုက်ပါတယ်။

လူမှုကွန်ယက်မှာ ပျံ့နှံသွားခဲ့တဲ့ ဗီဒီယိုမှာ မင်္ဂလာပွဲမကျင်းပနိုင်လောက်တဲ့အထိ စိတ်မစုစည်းနိုင်ဘဲ ဆွေမျိုးတစ်ယောက်ရဲ့ပေါင်ပေါ်မှာ လှဲအိပ်နေတဲ့ သတို့သားကို မြင်တွေ့ရပါတယ်။ “သတို့သားတင်မဟုတ်ဘဲ သတို့သားရဲ့အဖေပါ မူးနေကြတာ..ဒါကို မြင်ပြီး သတို့သမီးက မင်္ဂလာမဆောင်ဖို့ ဆုံးဖြတ်ခဲ့တယ်”လို့ သတို့သမီးရဲ့ဆွေမျိုးတစ်ယောက်က ပြောပါတယ်။

“ထုံးတမ်းစဉ်လာတွေ အကုန်လုပ်ပြီး မင်္ဂလာပွဲကို အဆင်ပြေစွာနဲ့ ပြီးအောင်လုပ်ဖို့ ကျွန်မတို့ မိသားစုက အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ်။ အခြေအနေတွေ ပြင်းထန်လာတဲ့အခါမှာ သတို့သမီးက မင်္ဂလာပွဲကို မလုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ သတို့သားဘက်မိသားစုကအရက်မူးနေတယ်။ Gaon Burha (ရွာသူကြီး) ကို ဆက်သွယ်ပြီး ရဲကို အကြောင်းကြားခဲ့တယ်”လို့ နောက်ထပ်ဆွေမျိုးတစ်ဦးကလည်း ဆိုပါတယ်။

မင်္ဂလာပွဲရဲ့ ဒီအဖြစ်အပျက်ကသတို့သမီးရဲ့အဖေကို စိတ်ဖိစီးမှုဖြစ်စေခဲ့ပြီး ဆေးကုသမှုပါခံယူရစေခဲ့ပါတယ်။ သတို့သမီးရဲ့မိသားစုက ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး ရဲတိုင်ထားပါတယ်။ မင်္ဂလာဆောင်အတွက် လျော်ကြေးတောင်းမှာဖြစ်ပါတယ်။

Ref: Drunk Groom Falls Asleep During Rituals, Furious Bride Calls Off Wedding

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top