ဒူဘိုင်းမှာ ဒေါ်လာ ၅ ဘီလျံကုန်ကျခံပြီး တည်ဆောက်မယ့် လပုံစံဇိမ်ခံအပန်းဖြေစခန်း

14.9-2022-yyl-01.jpg

ဒူဘိုင်းဟာ ကမ္ဘာ့အမြင့်ဆုံးမိုးမျှော်တိုက် ဘာ့ဂျ်ခလီဖာနဲ့ Burj Al Arab ဇိမ်ခံဟိုတယ်လို ဗိသုကာလက်ရာမြောက်တဲ့အဆောက်အဦးတွေကြောင့် နာမည်ကြီးပါတယ်။ အခုလည်း ဒူဘိုင်းက လပုံစံ ဇိမ်ခံအပန်းဖြေစခန်းတစ်ခု တည်ဆောက်ဖို့ စီစဉ်နေပါတယ်။

လတစ်စင်းနဲ့ တူမယ့် ဇိမ်ခံအပန်းဖြေစခန်းက ခန့်မှန်းခြေ ဒေါ်လာ ၅ ဘီလျံ ဝန်းကျင်ကုန်ကျမှာဖြစ်ပါတယ်။ အပန်းဖြေစခန်းကို ကနေဒါကုမ္ပဏီတစ်ခုဖြစ်တဲ့ Moon World Resorts Inc က တည်ဆောက်သွားမှာဖြစ်ပါတယ်။ ဒီအဆောက်အဦးက ၇၃၅ ပေ မြင့်မှာဖြစ်ပြီး (၄၈) လနီးပါးအတွင်း ဆောက်လုပ်ပြီးစီးဖို့ မျှော်လင့်ရတယ်လို့ Arabian Business က ထုတ်ပြန်ထားပါတယ်။

လပုံစံအပန်းဖြေစခန်းကြီးက Spa စင်တာနဲ့ မြူးကြွတဲ့ညပွဲလမ်းသဘင်တွေလို ခေတ်မီဝန်ဆောင်မှုတွေ ပါရှိမှာဖြစ်ပါတယ်။ မြို့ပတ်ရထားလမ်းကိုလည်း အပန်းဖြေစခန်းရဲ့စင်တာမှာ တည်ဆောက်သွားမှာဖြစ်ပါတယ်။ လပုံစံအပန်းဖြေစခန်းက တစ်နှစ်ကို ကမ္ဘာလှည့်ခရီးသွား ၂.၅ သန်းကို လက်ခံသွားဖို့ ခန့်မှန်းထားပါတယ်။

ကာစီနိုတွေက ဒီအဆောက်အဦးအပေါ်ဆုံးအထပ်ရဲ့ ၂၃ ရာခိုင်နှုန်း၊ နိုက်ကလပ်တွေက ၉ ရာခိုင်နှုန်းနဲ့ စားသောက်ဆိုင်တွေက ၄ ရာခိုင်နှုန်း နေရာယူထားမှာဖြစ်ပါတယ်။ ကမ်းခြေကလပ်က သုံးပုံတစ်ပုံလောက် နေရာယူထားမှာဖြစ်ပါတယ်။ ရေကန်ကလည်း အဆောက်အဦးရဲ့ သုံးပုံတစ်ပုံလောက် ရှိနေမှာဖြစ်ပြီး ခမ်းနားထည်ဝါတဲ့ပွဲကြည့်စင်က ၄ ရာခိုင်နှုန်းလောက်ဖြစ်ပါတယ်။

ယူအေအီးရဲ့ခရီးသွားကဏ္ဍမှာ ဝင်ငွေက အမြဲတိုးလာနေတာပါ။ “ကျွန်တော်တို့ရဲ့ခရီးသွားကဏ္ဍရဲ့ဝင်ငွေက ၂၀၂၂ ခုနှစ်ရဲ့ပထမနှစ်ဝက်မှာ ဒေါ်လာ ၅.၂ ဘီလျံ ကျော်လွန်သွားတယ်။ ဟိုတယ်တွေမှာ ဧည့်သည်စုစုပေါင်း ၁၂ သန်းထိ ရှိခဲ့ပြီး ၄၂ ရာခိုင်နှုန်းလောက် တိုးလာခဲ့ပြီး အခုဆောင်းရာသီမှာ ခရီးသွားလုပ်ငန်းစွမ်းဆောင်နိုင်အားကောင်းလာဖို့ မျှော်လင့်ရပါတယ်”လို့ ဒူဘိုင်းအုပ်ချုပ်သူ ဒူဘိုင်းအုပ်ချုပ်သူ ရှိတ်မိုဟာမက်က ပြောပါတယ်။

Ref: Dubai Is Building A Moon-shaped Luxury Resort & It Will Cost A Whopping $5 Billion

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top