အပြင်လောကကိုပါ ရိုက်ခတ်မှုများစွာ ဖြစ်စေတဲ့ ရုပ်ရှင်ဇာတ်ကားများ

21278360-30598710-Collage1500X2XV3-0-1520938490-1520938498-1500-1-1520938498-650-431e9b1081-1522307303.jpg

ရုပ်ရှင်ဇာတ်ကားကောင်း တစ်ကားဟာ အတွေးခေါ် အသစ်တွေကို ဖြန့်ဝေပေးနိုင်ရုံမက ပြင်ပနေထိုင်မှုဘဝနဲ့ စီးပွားရေး ဈေးကွက်တွေကိုပါ ပြောင်းလဲမှုတွေ ဖြစ်စေနိုင်ပါတယ်။

ဒီနေ့တော့ ဇာတ်ဝင်ခန်း တစ်ခန်းကြောင့် အပြင်လောကအတွက် ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား အချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Black Panther

Marvel Studio က ရိုက်ကူးထုတ်လုပ်လိုက်တဲ့ Black Panther ရုပ်ရှင်ကို ကြည့်ရူကြပြီးနောက်မှာတော့ တိရစ္ဆာန် ထိန်းသိမ်းရေး ဂေဟာတွေက အနက်ရောင် ကြောင်ကလေးတွေကို ခေါ်ယူ မွေးစားတဲ့ အရေအတွက်ဟာ သိသိသာသာကို တိုးလာခဲ့ပါတယ်။ အချို့ ထိန်းသိမ်းရေး ဂေဟာတွေမှာတော့ ကြောင်နက်ကလေးတွေ မရှိသလောက်ကို ဖြစ်သွားခဲ့ပါတယ်။ အရင်တုန်းက ကြောင်နက်တွေဟာ မကောင်းဆိုးဝါးတွေ ဝင်စားတယ်လို့ ယူဆခဲ့ကြပြီး ကံမကောင်းစေတဲ့ အယူအဆ တစ်ခု ရှိခဲ့တဲ့အတွက်ကြောင့် အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးယူမှု နည်းပါးခဲ့ပါတယ်။

Bambi

တောတွင်း တိရစ္ဆာန်လေးများအကြောင်း ရိုက်ကူးထားတဲ့ Disney ရဲ့ Bambi ကာတွန်းကား ရုံတင်ပြသပြီးနောက်မှာ အမဲလိုက်မှုများ တစ်ဝက်လောက် လျော့ကျသွားခဲ့ပါတယ်။ Bambi ကာတွန်းကား ထွက်ရှိခဲ့တဲ့ ၁၉၄၂ ခုနှစ်မှာ မုဆိုးတော်တော်များများဟာ သူတို့ရဲ့ အမဲလိုက် ဝါသနာကို စွန့်လွှတ်ခဲ့ကြပါတယ်။ အဲ့သလို စွန့်လွှတ်တာကို Bambi Effect လို့ ပြောဆိုလေ့ ရှိခဲ့ဖူးပါတယ်။

Jaws

Jaws ရုပ်ရှင်ပြသပြီးနောက် ပင်လယ်ကမ်းခြေများကို သွားရောက်အနားယူတဲ့အခါ ငါးမန်း အန္တရာယ် သတိပြုမှုတွေ များပြားလာခဲ့သည်။ အမှန်တကယ်တော့ ငါးမန်းတွေဟာ လူတွေ ရေကူး ပျော်ပါးလေ့ရှိတဲ့ ပင်လယ်ကမ်းခြေ နေရာမျိုးကို လာရောက်လေ့ သိပ်မရှိကြပေါဘူး။ ဒါပေမဲ့ အနားယူ အပန်းဖြေရာမှာ ပိုမိုပြီး စိတ်ချလုံခြုံမှု ရရှိစေဖို့ စည်းကမ်းသစ်တွေ ထပ်မံချမှတ်ကြပြီး အကာအကွယ် ပိုက်တန်းချထားမှုတွေပါ ဆောင်ရွက်လာခဲ့ကြပါတယ်။

Skyfall

ရှေးကျတဲ့ မုတ်ဆိတ်ရိတ်ဓား အသုံးပြုပြီး မုတ်ဆိတ်ရိတ်တဲ့ ဇာတ်ဝင်ခန်းကြောင့် Skyfall ရုပ်ရှင် ပြသပြီးနောက်မှာ Google Search Box အတွင်း Dangerous Razor ဆိုတဲ့ ရှာဖွေမှုဟာ ၇၃၅ ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့ပါတယ်။ ဇာတ်လမ်းထဲမှာ အသုံးပြုခဲ့တဲ့ မုတ်ဆိတ်ရိတ်ဓားဟာ ခေတ်ပေါ် မုတ်ဆိတ်ရိတ်ဓားများထက် မာကျောကြံ့ခိုင်မှု ပိုရှိပြီး Skyfall ရုပ်ရှင် ပြသပြီးနောက်ပိုင်း ရောင်းချရမှုဟာ ၄၀၅ရာခိုင်နှုန်းအထိ မြင့်တတ်သွားခဲ့ပါတယ်။

Baywatch

Baywatch ရုပ်ရှင်ကြောင့် လူငယ်ပေါင်းများစွာဟာ သက်ကယ် အဖွဲ့ဝင်များအဖြစ် ဝင်ရောက် လျောက်ထားမှု ပိုပြီးများလာခဲ့ပါတယ်။ ရုပ်ရှင်ထဲမှာ ပါဝင်ခဲ့တဲ့ အနီရောင် ရေကူးဝတ်စုံတွေဟာလည်း ကမ်းခြေ သက်ကယ်အဖွဲ့များရဲ့ အဝတ်အစား ဖြစ်လာခဲ့ကြပြီး ကမ်းခြေ သက်ကယ် အလုပ်ဟာ ဝင်ငွေကောင်းတဲ့ အလုပ်တစ်ခု ဖြစ်လာခဲ့ပါတယ်။

Jurassic Park

Jurassic Park ဇာတ်ကားကြောင့် အင်းဆက် ရုပ်ကြွင်း ပါဝင်တဲ့ ပယင်းကျောက်တွေကို ဝယ်ယူမှု မြင့်တက်လာခဲ့ပါတယ်။ ဒိုင်နိုဆောတွေကို ကိုယ်ပွား ကလုန်း ပြုလုပ်ဖို့ အကြံအစည်တွေလည်း ရှိလာခဲ့ကြပါတယ်။

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top