အရှေ့တောင်အာရှမှာ စင်ကာပူတစ်နိုင်ငံတည်းပဲ ဖျော်ဖြေပွဲလုပ်ဖို့ တေလာဆွဇ်နဲ့ စင်ကာပူအစိုးရ သဘောတူညီမှု ရယူ

5.3.24-yyl-7.jpg

ကမ္ဘာလှည့်ဖျော်ဖြေပွဲအနေနဲ့ အရှေ့တောင်အာရှဒေသကို လာတဲ့အခါ စင်ကာပူတစ်နိုင်ငံတည်းမှာပဲ ဖျော်ဖြေပွဲလုပ်ဖို့ တေလာဆွဇ်နဲ့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီး ဒီလုပ်ရပ်က အိမ်နီးချင်းနိုင်ငံတွေအပေါ် နိုင်ထက်စီးနင်း ရန်လိုတာမျိုးမဟုတ်ဘူးလို့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ပြောပါတယ်။ ဒေသတွင်း ထိပ်သီးအစည်းအဝေးအဖြစ် သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ စာနယ်ဇင်းရှင်းလင်းပွဲမှာ လီရှန်လွန်းက ပြောခဲ့တာပါ။

တေလာဆွဇ်ဟာ The Eras Tour တစ်စိတ်တစ်ပိုင်းအဖြစ် စင်ကာပူနိုင်ငံမှာ ဂီတဖျော်ဖြေပွဲ ၆ ပွဲလုပ်မှာဖြစ်ပြီး ပရိသတ် ၃ သိန်းအထိ လာရောက်အားပေးခဲ့ကြပါတယ်။ သူ့ရဲ့ဖျော်ဖြေပွဲတွေမှာ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံမှ ပရိသတ်တွေလည်း လာရောက်အားပေးခဲ့ပါတယ်။ စင်ကာပူအစိုးရဟာ တေလာဆွဇ်ကို သူတို့နိုင်ငံမှာပဲ ဖျော်ဖြေဖို့အတွက် ဒေါ်လာ ၂ သန်းကနေ ဒေါ်လာ ၃ သန်းကြားပေးဖို့ သဘောတူညီခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

” အရှေ့တောင်အာရှမှာ စင်ကာပူတစ်နိုင်ငံတည်းမှာပဲ ဖျော်ဖြေပွဲလုပ်ဖို့ ကျွန်တော်တို့အေဂျင်စီတွေက တေလာဆွဇ်နဲ့ သဘောတူညီမှု ယူနိုင်ခဲ့တယ်။ တကယ့်ကို အောင်မြင်မှုတစ်ခုပါပဲ။ ဒါက အိမ်နီးချင်းကောင်းမဆန်တဲ့ လုပ်ရပ်လို့ မထင်ပါဘူး”လို့ လီရှန်လွန်းက ပြောပါတယ်။ ဒါပေမဲ့ ထိုင်းဝန်ကြီးချုပ်နဲ့ ဖိလစ်ပိုင်လွှတ်တော်အမတ်တွေကတော့ စင်ကာပူနိုင်ငံရဲ့လုပ်ရပ်ကို ဝေဖန်ခဲ့ပြီး အိမ်နီးချင်းကောင်းဆိုရင် ဒါမျိုးမလုပ်ဘူးလို့ ဆိုပါတယ်။

Ref:Singapore is Taylor Swift’s only stop in Southeast Asia; PM says deal wasn’t a hostile act to neighbors

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top