မြန်မာနိုင်ငံအတွင်း ပြန်လည်ဝင်ရောက်လိုသူတွေကို ကယ်ဆယ်ရေးလေယာဉ် (Relief Flight) နဲ့ ခေါ်ဆောင်ပေးမယ်

27-4-2020-yyl-024.jpg

ပြည်ပနိုင်ငံတွေမှာ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေထိုင်သူတွေအနေနဲ့ ဆက်လက်နေထိုင်ရန် အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသားများကို သတ်မှတ်ဆုံရပ်နိုင်ငံတွေကတစ်ဆင့် ကယ်ဆယ်ရေးလေယာဉ် (Relief Flight) များနဲ့ပြန်လည်ခေါ်ဆောင်နိုင်ရန် စီစဉ်ဆောင်ရွက်နေပြီ ဖြစ်တယ် လို့ ဧပြီလ (၂၇) ရက်နေ့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သံရုံး (ပေကျင်းမြို့) ထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လိုသူတွေအနေနဲ့ ပေကျင်းမြို့၊ မြန်မာသံရုံးရဲ့ ရုံးဖုန်း အမှတ်တွေဖြစ်တဲ့ (၆၅၃၂၀၃၆၀၊ ၆၅၃၂၀၃၅၁ (လိုင်းခွဲ) ၂၀) နဲ့၊ လက်ကိုင်ဖုန်းတွေဖြစ်တဲ့ (၁၈၃ ၀၁၆၁ ၄၀၉၅၊ ၁၃၄ ၃၉၂၀ ၃၃၈၅) တွေကို ဆက်သွယ်နိုင်ပါတယ်။

ဒါ့ပြင် မေလ (၄) ရက်နေ့ နောက်ဆုံးထားကာ email လိပ်စာ [email protected] အမည်၊ နိုင်ငံကူးလက်မှတ်မိတ္တူ၊ ရောက်ရှိနေသည့် အကြောင်းအရင်းဖော်ပြထားသည့် အကြောင်းကြားစာ (မြန်မာသံရုံးသို့ လိပ်မူရေးသားရန်ဖြစ်ပါသည်)၊ တရုတ်နိုင်ငံအတွင်းနေထိုင်ခွင့်ဗီဇာမိတ္တူ၊ ဆက်သွယ်ရမည့် လက်ကိုင်ဖုန်းအမှတ်(Wechat အပါအဝင်)နှင့် နေရပ်လိပ်စာ အပြည့်အစုံတွေကို ပို့ပေးရမှာဖြစ်ပါတယ်။

ကယ်ဆယ်ရေးလေယာဉ် (Relief Flight) နဲ့ မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လိုတဲ့ မြန်မာနိုင်ငံသားများ အနေနဲ့ သတ်မှတ်ဆုံရပ်နိုင်ငံများဖြစ်တဲ့ စင်္ကာပူ၊ ထိုင်း၊ အိန္ဒိယနိုင်ငံတွေကို မိမိတို့အစီအစဉ်နဲ့ သွားရောက်ရမှာဖြစ်ပြီး သတ်မှတ်ဆုံရပ်နိုင်ငံတွေကို ရောက်ပါက မြန်မာနိုင်ငံသား အရေအတွက်ပေါ် မူတည်ကာ မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) က ပြန်လည်ခေါ်ဆောင်ရေးကို စီစဉ်ဆောင်ရွက် သွားမှာဖြစ်ပါတယ်။

သတ်မှတ်ဆုံရပ်နိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်မယ့်သူတွေအနေနဲ့ မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) စရိတ်ကို မိမိတို့ဘာသာ ကျခံသွားရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ကယ်ဆယ်ရေးလေယာဉ် (Relief Flight) နဲ့ ပြန်လည်ဝင်ရောက်လာသူတွေအနေနဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကိုရောက်ရှိပါက Community Based Quarantine မှာ (၂၁) ရက ်နဲ့ Home Quarantine (၇) ရက်နေထိုင်ရမှာ ဖြစ်ပါတယ်။

Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top