“နေမင်းကြီး ပြုံးနေတယ်”ဆိုတဲ့ ဓာတ်ပုံကို နာဆာက ရိုက်ကူး

31-10-2022-yyl-28.jpg

NASA Solar Dynamics Obervatory ရဲ့ သုတေသီတွေက နေရဲ့ထူးခြားတဲ့ပုံစံကို ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ရိုက်ကူးမိခဲ့ပါတယ်။ ဘယ်လိုထူးခြားလဲဆိုရင် နေက ပြုံးနေသလိုဖြစ်နေတာပါ။ ပြုံးနေတဲ့ နေမင်းကြီးရဲ့ဓာတ်ပုံကို နာဆာက တွစ်တာအကောင့်မှာ အောက်တိုဘာ ၂၇ ရက်နေ့က တင်ပေးခဲ့ပါတယ်။ ပြုံးနေတဲ့ နေကို ခရမ်းလွန်ရောင်ခြည်ကတဆင့် မြင်တွေ့ခဲ့ရတာပါ။ ပြုံးနေသလို ပုံစံဖြစ်စေတဲ့ အနက်ရောင်အကွက်တွေက Coronal hole လို့ခေါ်ပြီး အာကာသထဲကို လျင်မြန်တဲ့ ဆိုလာလေတွေ ပေါက်ထွက်တဲ့ နေရာတွေဖြစ်တယ်လို့ နာဆာ ပြောပါတယ်။

NASA Solar Dynamics Observatory က ကမ္ဘာကြီးနဲ့ ကမ္ဘာအနီးနားက အရာဝတ္ထုတွေအပေါ် နေရဲ့သက်ရောက်မှုတွေကို လေ့လာပါတယ်။ အဲဒါရဲ့ Semi-Autonomous အာကာသယာဉ်က နေကို အဆက်မပြတ်ဦးတည်ထားပြီး အလင်းရောင်စဉ်တန်းတစ်လျှောက်က filter အမျိုးမျိုးကနေတဆင့် နေကို လေ့လာကာ ကောင်းကင်ပေါ်က မီးလုံးကြီးရဲ့ရင်သပ်ရှုမောဖွယ်ပုံရိပ်တွေကို ထုတ်ပေးပါတယ်။

Ref: Mothership “NASA captures photo of ‘smiley face’ Sun like it’s Baby Sun from ‘Teletubbies'”

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top