နိုင်ငံတကာ မိန်းကလေးများနေ့

Happy-International-Day-Of-The-Girl-Image.jpg

ဒီနေ့ အောက်တိုဘာလ ၁၁ ရက်နေ့ဟာ နိုင်ငံတကာ မိန်းကလေးများနေ့ ဖြစ်ပါတယ်။

အမျိုးသမီးငယ်လေးတွေဟာ ခွန်အား၊ တက်ကြွမှု နဲ့ ဆန်းသစ်တီထွင်မှုတွေရဲ့ ရင်းမြစ်ပါ။ အခုအချိန်မှာ ငယ်ရွယ် နုနယ်နေသေးတဲ့ မိန်းကလေးတွေဆိုပေမယ့် တစ်ချိန်မှာ လူ့အဖွဲ့အစည်း တစ်ခုလုံးအတွက် အပြောင်းအလဲတွေနဲ့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေအထိ ရရှိဖို့ တည်ဆောက်ပေးနိုင်မယ့် သူတွေဆိုရင်လည်း မမှားပါဘူး။

၂၀၁၂ ခုနှစ် ကနေစပြီး အောက်တိုဘာလ ၁၁ ရက်နေ့ကို နိုင်ငံတကာ မိန်းကလေးများနေ့ (International Day of the Girl Child) အဖြစ် သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။ အဆိုပါနေ့ကတော့ မိန်းကလေးငယ်လေးတွေရဲ့ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်နိုင်ဖို့ သာမက မိန်းကလေးတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို အပြည့်အဝ ရရှိဖို့အတွက် ကြိုးစား နေကြစဉ်အတွင်း ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ လိုအပ်ချက်တွေကို ရည်ညွှန်း ဂုဏ်ပြုပြီး သတ်မှတ်ထားတဲ့ နေ့လေးပဲ ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်းမှာဆိုရင်လည်း အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုနဲ့ ဆင်းရဲ ဒုက္ခကြုံနေရတဲ့ မိန်းကလေးတွေ အများကြီး ရှိနေပါသေးတယ်။ ငယ်ရွယ်တဲ့ မိန်းကလေးတွေအနေနဲ့ တစ်ချိန်မှာ ပိုမိုကောင်းမွန်တဲ့၊ ပိုမို တရားမျှတပြီး လူ့အခွင့်အရေးနဲ့ ပြည့်စုံအေးချမ်းတဲ့ အနာဂတ်တွေ ရရှိစေဖို့ ဆုတောင်းပေးရင်း ၂၀၁၇ ခုနှစ်ရဲ့ နိုင်ငံတကာ မိန်းကလေးများနေ့ကို ရိုးရာလေးမှ ဂုဏ်ပြု တင်ဆက်လိုက်ရပါတယ်။

Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top