လက်ဗွေရာ နည်းပညာသစ်ကို တရားရုံးသို့ တင်ပြတော့မည်

fingerprint.jpg

လက်ဗွေရာကြည့်ရုံနဲ့ ဆံပင်လိမ်းဖို့ ဘယ်လိုဂျယ်အမျိုးအစား သုံးတယ် ဆိုတာကအစ ကွန်ဒုံးကို လက်နဲ့ကိုင်ခဲ့လား၊ မကိုင်ခဲ့ဘူးလားဆိုတာအထိ သိနိုင်တဲ့ နည်းပညာတစ်မျိုးကို အသုံးပြုခွင့်ပေးဖို့ ဗြိတိန်နိုင်ငံမှာ မကြာခင်အချိန်အတွင်း တရားရုံးကို တင်ပြဖို့ ရှိနေပါတယ်။

Sheffield Hallam တက္ကသိုလ်နဲ့ အနောက်ယော့ခ်ရှိုင်းယား ရဲတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်နေတဲ့ အဲဒီစနစ်မှာ လက်ဗွေရာတစ်ဝိုက်က အကြွင်းအကျန် အပိုင်းအစတွေကို ရှာဖွေလို့ အငွေ့ပျံ့အောင် လုပ်ပြီး လေဟာနယ်ထဲက လျှပ်စစ်သံလိုက်စက်ကွင်းထဲ ပစ်သွင်းလိုက်တာပါ။ အဲဒီအခြေအနေမှာ ဒြပ်ထုမတူညီတဲ့ အမှုန်တွေက ပုံစံမျိုးစုံနဲ့ လှုပ်ရှားနေမှာဖြစ်ပြီး လက်ဗွေရာထဲက တွေ့ရတဲ့ မော်လီကျူးတွေကို ခွဲခြားနိုင်မှာပါ။

ဥပမာအားဖြင့် လက်ဗွေရာက ပရိုတိန်းဓာတ်ကိုကြည့်တာနဲ့ သိပ္ပံပညာရှင်တွေဟာ လက်ဗွေရာပိုင်ရှင်က ယောက်ျားလား၊ မိန်းမလားဆိုတာ ခွဲခြားနိုင်မှာပါ။ ဒါ့အပြင် လက်ဗွေရာပိုင်ရှင်က မူးယစ်ဆေးဝါးသုံးစွဲခြင်း ရှိ၊ မရှိ၊ အရက်သောက်ခြင်း ရှိ၊ မရှိ ခွဲခြားနိုင်မှာပါ။ ဒီနည်းပညာဟာ နှစ် ၃၀ သက်တမ်းရှိတဲ့ လက်ဗွေရာက သွေးကို စစ်ဆေးနိုင်တဲ့အတွက် အမှုဟောင်းတွေကိုပါ ပြန်လည် စစ်ဆေးနိုင်မယ်လို့ သိရပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top