ရဲတပ်ဖွဲ့ဝင် ၈ ယောက်ကို သတ်ခဲ့တယ်ဆိုတဲ့ အမျိုးသားတစ်ယောက်ကို အိန္ဒိယရဲတပ်ဖွဲ့က အသေဖမ်းဆီး

10-7-2020-yyl-035.jpg

ရဲတပ်ဖွဲ့ဝင် ၈ ယောက်ကို သတ်ခဲ့တယ်ဆိုတဲ့ အမျိုးသားတစ်ယောက်ကို အိန္ဒိယရဲတပ်ဖွဲ့က အသေဖမ်းဆီးခဲ့ပါတယ်။ ဗီကက်စ်ဒူဘေးလို့ အမည်ရတဲ့ အဲဒီအမျိုးသားဟာ လူသတ်မှုအပါအဝင် ရာဇဝတ်မှု ၆၀ အတွက် အပြစ်ရှိတယ်လို့ စွပ်စွဲခံခဲ့ရထားရသူပါ။ ပြီးခဲ့တဲ့သောကြာနေ့က ဥတ္တာပရာဒက်ရှ်ပြည်နယ်မှာ သူ့ကိုဖမ်းဆီးဖို့ ရောက်ရှိလာတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို သေနတ်သမားတွေက အမြင့်တစ်နေရာကနေ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင် ၈ ယောက် သေဆုံးခဲ့ပါတယ်။ ဒီဖြစ်ရပ်အပြီး တစ်ပတ်နီးပါးလောက် ထွက်ပြေးတိမ်းရှောင်နေတဲ့ ဗီကက်စ်ဒူဘေးဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့က မဟာပရာဒက်ရှ်ပြည်နယ်မှာ အဖမ်းခံခဲ့ရတာပါ။

ဗီကက်စ်ဒူဘေးကို မဟာပရာဒက်ရှ်ပြည်နယ် ဘုရားကျောင်းထဲမှာ အက်ရှင်ဇာတ်ကားတွေထဲက ပုံစံအတိုင်း လိုက်ဖမ်းခဲ့ရတာလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ ဒါပေမဲ့ တချို့သတင်းတွေမှာတော့ ဗီကက်စ်ဒူဘေးက လူသိရှင်ကြား လက်နက်ချ အဖမ်းခံခဲ့တာလို့ ဖော်ပြပါတယ်။ ဗီကက်စ်ဒူဘေးကို ဥတ္တာပရာဒက်ရှ်ပြည်နယ်ဆီ ဖမ်းခေါ်လာတုန်း လမ်းမှာ ကားမှောက်ခဲ့ပြီး ဗီကက်စ်ဒူဘေးက ရဲတပ်ဖွဲ့ဝင်တစ်ယောက်ရဲ့ သေနတ်ကို လုယူ၊ ထွက်ပြေးခဲ့တယ်လို့ ဆိုပါတယ်။ ဗီကက်စ်ဒူဘေးက လက်နက်ချဖို့ ငြင်းဆန်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်ခဲ့လို့ အသေဖမ်းဆီးခဲ့တာလို့ ရဲချုပ် မိုဟစ်အဂါဝယ်က ပြောပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top