တစ်နှစ်ကို ဒေါ်လာ ၁ သန်း ဝင်နေတဲ့ အင်စတာဂရမ်စတား ခွေးလေး

25.5.2023-yyl-2.jpg

ဂိုးလ်ဒင်း ရီထရီဗာခွေးလေး တက်ခါက တစ်နှစ်ကို ဒေါ်လာ ၁ သန်းကျော်ဝင်နေတာပါ။ တက်ခါက ကမ္ဘာပေါ်က Social Media Influencer တွေထဲမှာ နံပါတ် ၁ ဖြစ်တယ်လို့ Printed Pet Memories ရဲ့သုတေသနပြုချက်အရ သိရပါတယ်။

တက်ခါဟာ အသက် ၂ နှစ်ကတည်းက စပွန်ဆာကြော်ငြာကုမ္ပဏီတွေဆီကနေ နှစ်စဉ် ဒေါ်လာ ၁ သန်းလောက်ဝင်နေတဲ့ မီလျံနာခွေးလေးပါ။ YouTube ပို့စ်တစ်ခုဆို မိနစ် ၃၀ ကို ဒေါ်လာ ၄၀၀၀၀ ကနေ ဒေါ်လာ ၆၀၀၀၀ အထိရပြီး အင်စတာဂရမ်မှာ Story ၃ ခုကနေ ၈ ခုအထိ ဒေါ်လာ ၂၀၀၀၀ လောက်ရတယ်လို့ တက်ခါရဲ့သခင် ကော်နေးရ် ဘက်ဒ်ဇိုင်က ဆိုပါတယ်။

ကော်နေးရ်နဲ့ သူ့ခင်ပွန်း မိုက်တို့က သူတို့ရဲ့အလုပ်တွေကနေထွက်ပြီး တက်ခါနဲ့ တက်ခါရဲ့သား တာ့ဒ်တို့ကို အချိန်ပြည့်စီမံခန့်ခွဲပေးနေတာပါ။ ကော်နေးရ်က တက်ခါ ၈ ပတ်သားအရွယ် ၂၀၁၈ ခုနှစ် ဇွန်လမှာ အင်စတာဂရမ်အကောင့်ဖွင့်ပေးခဲ့တာပါ။ နောက်လကျတော့ တက်ခါရဲ့ပထမဆုံးဗီဒီယိုက လူမှုကွန်ယက်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။

တက်ခါ ၆ လအရွယ်ရောက်တဲ့အချိန်မှာ ဖော်လိုဝါ ၆ သောင်းရှိခဲ့ပါတယ်။ အခုဆို တက်ခါက TikTok မှာ ဖော်လိုဝါ ၁၁.၁ သန်း၊ YouTube မှာ ဖော်လိုဝါ ၅.၁ သန်း၊ ဖေ့စ်ဘွတ်ခ်မှာ ဖော်လိုဝါ ၄.၃ သန်း၊ အင်စတာဂရမ်မှာ ဖော်လိုဝါ ၃.၄ သန်း၊ တွစ်တာမှာ ဖော်လိုဝါ ၆၂၄၀၀ ရှိနေပါပြီ။

Ref: Golden Retriever, An Instagram Star, Earns ₹ 8 Crore A Year

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top