Apple ရဲ့ Mac Pro ဝယ်သုံးမလား ကားအသစ်ဝယ်စီးမလား

DSC02654.0.jpg

Apple ကတော့ သုံးစွဲသူတွေအံ့အားသင့်လောက်စရာ စနစ်သုံးမှတ်ဉာဏ်ပမာဏ 1.5 Terabytes ပါဝင်လာတဲ့ နည်းပညာမြင့် Mac Pro ကွန်ပျူတာမော်ဒယ်အသစ်ကို ပြီးခဲ့တဲ့ တနင်္လာနေ့မှာ စတင်မိတ်ဆက်ခဲ့ပါပြီ။ မှတ်ဉာဏ်ပမာပမာဏနည်းတူ အံ့အားသင့်စရာကောင်းနေတဲ့ နောက်ထပ်ကိန်းဂဏန်းတစ်ခုကတော့ ဒီကွန်ပျူတာရဲ့ ရောင်းဈေးဖြစ်ပါတယ်။

မှတ်ဉာဏ်ပမာပမာဏနည်းတူ အံ့အားသင့်စရာကောင်းနေတဲ့ နောက်ထပ်ကိန်းဂဏန်းတစ်ခုကတော့ ဒီကွန်ပျူတာရဲ့ ရောင်းဈေးဖြစ်

The Verge ရဲ့ တွက်ချက်ပြမှုအရ အမေရိကန်ဒေါ်လာ (၁၂၀၀၀) နဲ့ ရောင်းချမယ့် Mac Pro မှာ RAM အပိုနဲ့ စွမ်းဆောင်ရည်ပိုမြင့်တဲ့ Processor ကို ထပ်ထည့်မယ်ဆိုရင်တော့ စုစုပေါင်း ဒေါ်လာ (၄၅၀၀၀) လောက်ထိ ကျသင့်မယ်လို့ သိရပါတယ်။

ကွန်ပျူတာ System ချည်းသတ်သတ်ကို (၅၉၉၉) ဒေါ်လာနဲ့ ရောင်းချတာဖြစ်ပြီး မော်နီတာကိုပါ ဝယ်ယူမယ်ဆိုရင်တော့ ဒေါ်လာ (၅၀၀၀) ထပ်ပြီးကျသင့်မှာဖြစ်ပါတယ်။ Monitor stand ပါထပ်လိုချင်သေးရင် ဒေါ်လာ (၁၀၀၀) ပေးဝယ်ရပါလိမ့်မယ်။

ဒါ့အပြင် အပိုမှတ်ဉာဏ်ထပ်ထည့်ချင်ရင် ဒေါ်လာ (၁၂၀၀၀)နဲ့ RAM အပိုထပ်ထည့်ချင်ရင် ဒေါ်လာ (၁၇၀၀၀) စီ ထပ်မံကျသင့်ဦးမှာပါ။ ဒီလို အပိုထပ်ဆောင်းတန်ဖိုးတွေကြောင့်ပဲ ပစ္စည်းအစုံအလင်နဲ့ MAc Pro Desktop ကွန်ပျူတာအသစ်တစ်စုံဟာ ဒေါ်လာ (၄၅၀၀၀) လောက်အထိ ကျသင့်နေတာ ဖြစ်ပါတယ်။

အကောင်းဆုံးဆိုတဲ့ပစ္စည်းတွေကိုသာ ထုတ်လုပ်လေ့ရှိတဲ့ Apple ဟာ ဒီ Mac Pro ကို ပရော်ဖက်ရှင်နယ် ဂရပ်ဖစ်သမားတွေ၊ ဂိမ်းဒီဇိုင်နာတွေကို ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပြီး သူတို့အနေနဲ့ သေချာပေါက်သဘောကျသွားစေမယ့် နည်းပညာနဲ့ အံ့မခန်းစွမ်းဆောင်ရည်တွေကို ထည့်သွင်းပေးထားပါတယ်။

တစ်နှစ် ပျမ်းမျှဝင်ငွေ အမေရိကန်ဒေါ်လာ (၇၁၈၀၀၀) လောက်ထိရှိနေတဲ့ ၁% သော ထိပ်တန်း ဝင်ငွေမြင့်မားသူများစာရင်းထဲကသူတွေဖြစ်ရင်တော့ ဒီကွန်ပျူတာကို ချက်ချင်းဝယ်လိုက်ဖို့လွယ်ပြီး တစ်နှစ်ပျမ်းမျှဝင်ငွေ ဒေါ်လာ (၅၃၀၀၀) လောက်ရှိသူတွေဆိုရင်လည်း ဝယ်ဖို့စဉ်းစားနိုင်တဲ့ အခြေအနေမှာရှိတယ်လို့ Economic Policy Institute ရဲ့ တွက်ချက်သုံးသပ်မှုမှာတော့ ဖော်ပြထားတာကို တွေ့ရပါတယ်။

Ref: CBS News “Apple’s top Mac Pro computer costs more than the average car”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top