မျိုးဆက်သစ် Samsung Galaxy S21 စမတ်ဖုန်းများအတွက် Pre-order များအား မြန်မာနိုင်ငံတွင် စတင်လက်ခံ

Photo.jpg

ကမ္ဘာ့တီထွင်ဆန်းသစ်မှု အရှိဆုံး စမတ်ဖုန်း အမှတ်တံဆိပ် တစ်ခုဖြစ်သည့် Samsung သည် ၎င်း၏ မျိုးဆက်သစ် Galaxy S21 စမတ်ဖုန်းစီးရီးများအား ယမန်နေ့ (၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်) ည မြန်မာ စံတော်ချိန် ည ၉:၃၀ အချိန်တွင် ကျင်းပပြုလုပ်ခဲ့သည့် Global Galaxy Unpacked အခမ်းအနားကြီးတွင် မိတ်ဆက်ခဲ့သည်။ အဆင့်မြှင့်တင်ထားသော ပရော်ဖက်ရှင်နယ်အဆင့် ကင်မရာ စွမ်းဆောင်ရည်၊ စွဲမက်ဖွယ် ဒီဇိုင်းတည်ဆောက်ပုံ၊ တစ်နေ့တာလုံး စိတ်တိုင်းကျ အသုံးပြုနိုင်မည့် all-day intelligent battery နှင့် အခြားသော စွမ်းဆောင်ရည်မြင့် လုပ်ဆောင်ချက်များအား ထည့်သွင်းပေးထားသည့် Galaxy S21 စမတ်ဖုန်းစီးရီးအသစ်များသည် သုံးစွဲသူများအတွက် သူမတူသည့် အကောင်းမွန်ဆုံးသော မိုဘိုင်းဖုန်း အသုံးပြုမှု အတွေ့အကြုံများအား ပေးအပ်သွားနိုင်မည် ဖြစ်သည့်အပြင် ၎င်းတို့၏ နေ့စဉ် လူနေမှုဘဝများကိုလည်း ပိုမို အဆင်ပြေလွယ်ကူမှုရှိစေရန်နှင့် စိတ်လှုပ်ရှားမှု အပြည့်အဝ ခံစားရရှိနိုင်စေရန် ကူညီထောက်ပံ့ ပေးသွားနိုင်မည် ဖြစ်သည်။

ဤ Galaxy S21 စမတ်ဖုန်းအသစ်အား ကြိုတင်မှာယူလိုသည့် မြန်မာနိုင်ငံမှ သုံးစွဲသူများအတွက် Samsung Myanmar သည် ကြိုတင်မှာယူမှုများအား ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့မှ ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ စာရင်းကောက်ခံပေးသွားမည် ဖြစ်သည်။

ကြိုတင်မှာယူမှုဈေးနှုန်း မြန်မာငွေကျပ် ၁,၅၅၉,၀၀၀ ကျသင့်မည့် Galaxy S21+ (8 GB RAM / 256 GB ROM) စမတ်ဖုန်းအား ငွေရောင် (Silver)၊ အနက်ရောင် (Black) နှင့် ခရမ်းရောင် (Violet) အရောင် ၃ ရောင်အနက် ကြိုက်နှစ်သက်ရာ ရွေးချယ်မှာယူနိုင်မည် ဖြစ်သည်။ Galaxy S21 Ultra စမတ်ဖုန်းကိုမူ 12 GB RAM / 256 GB ROM version အား ကြိုတင်မှာယူမှုဈေးနှုန်း မြန်မာငွေကျပ် ၁,၈၄၉,၀၀၀ ဖြင့်လည်းကောင်း၊ 16 GB RAM / 512 GB version အား ကြိုတင်မှာယူမှုဈေးနှုန်း မြန်မာငွေကျပ် ၂,၀၄၉,၀၀၀ ဖြင့်လည်းကောင်း အသီးသီး မှာယူသွားနိုင်မည် ဖြစ်ကာ version ၂ မျိုးလုံးအား ငွေရောင် (Silver) နှင့် အနက်ရောင် (Black) အရောင် ၂ ရောင် အနက် ကြိုက်နှစ်သက်ရာ ရွေးချယ်မှာယူသွားနိုင်မည် ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံဈေးကွက်အတွက် ပထမဆုံးအကြိမ်အဖြစ် သုံးစွဲသူများသည် ယခု Galaxy S21 စမတ်ဖုန်းများအား အခြားသော နိုင်ငံတကာ ဈေးကွက်များနည်းတူ 5G version ဖြင့် ရရှိသွားနိုင်မည် ဖြစ်သည်။

ကြိုတင်မှာယူလိုသူများသည် ကနဦးပေးသွင်းငွေ မြန်မာငွေကျပ် ၁၀၀,၀၀၀ ပေးသွင်းပြီးသည်နှင့် ၎င်းတို့၏ Samsung Galaxy S21 စမတ်ဖုန်းအသစ်များအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့မှ ၁၃ ရက်နေ့အတွင်း ကြိုတင်မှာယူထားသော ဖုန်းအရောင်းဆိုင်ကြီးများတွင် လက်ကျန်ဖုန်းတန်ဖိုးငွေ အပြည့်ပေးသွင်း၍ သွားရောက်ထုတ်ယူနိုင်မည် ဖြစ်သည်။ ထို့အပြင် အထူးအခွင့်‌အရေးအနေနှင့် ကြိုတင်မှာယူထားသူများသည် Samsung Myanmar မှပေးအပ်သော အောက်ပါ အပိုထပ်ဆောင်း လက်ဆောင်များကိုလည်း အသီးသီး ရရှိသွားမည် ဖြစ်သည်။

  • Galaxy S21 Ultra (16 GB RAM / 512 GB ROM) စမတ်ဖုန်းအား ကြိုတင်မှာယူသူများအတွက် Galaxy Buds Pro၊ Travel Adapter နှင့် Smart Tag
  • Galaxy S21 Ultra (12 GB RAM / 256 GB ROM) စမတ်ဖုန်းအား ကြိုတင်မှာယူသူများအတွက် Galaxy Buds Pro နှင့် Travel Adapter
  • Galaxy S21+ (8 GB RAM / 256 GB ROM) စမတ်ဖုန်းအား ကြိုတင်မှာယူသူများအတွက် Galaxy Buds Live နှင့် Travel Adapter

ဤ Galaxy S21 စီးရီးစမတ်ဖုန်းများအား မြန်မာနိုင်ငံတွင် လာမည့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့၌ တရားဝင် မိတ်ဆက်သွားမည်ဖြစ်ကာ အဆိုပါ မိတ်ဆက်ပွဲ အခမ်းအနားကြီးအား အခြားသော စိတ်လှုပ်ရှားစရာ အစီအစဉ်များစွာနှင့်အတူ Samsung Myanmar ၏ တရားဝင် Facebook စာမျက်နှာ (https://www.facebook.com/SamsungMyanmar/) မှတဆင့် ထုတ်လွှင့်ပြသသွားမည် ဖြစ်ပါသည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top