စာမေးပွဲဖြေချိန်မှာ ကတ်ထူစက္ကူပုံး စွပ်ခိုင်းခဲ့တဲ့ လုပ်ရပ်အတွက် အိန္ဒိယကောလိပ် ပြန်တောင်းပန်

yyl-25-010.jpg

ခေါင်းမှာ ကတ်ထူစက္ကပုံးခွံ စွပ်ထားရတဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ဓာတ်ပုံတွေ ပျံ့နှံ့သွားပြီးနောက်မှာတော့ အိန္ဒိယနိုင်ငံ ကောလိပ်ကျောင်းရဲ့ အရာရှိတစ်ယောက်က ပြန်တောင်းပန်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံတောင်ပိုင်း ကာနာတာကာပြည်နယ်၊ ဟာဝါရီမြို့မှာရှိတဲ့ ဘာဂတ်တက္ကသိုလ်အကြို ကောလိပ်ကျောင်းမှာ ဓာတုဗေဒစာမေးပွဲဖြေဆိုနေတုန်း ကျောင်းသား၊ ကျောင်းသူတွေကို ကတ်ထူစက္ကူပုံးခွံ စွပ်ခိုင်းခဲ့ပါတယ်။

တခြားသူတွေဆီကနေ စာကူးမချကြဖို့ ရည်ရွယ်ပြီး မျက်နှာတစ်ကွက်စာပဲ ဖောက်ထားတဲ့ ကတ်ထူစက္ကူပုံးခွံကို ခေါင်းမှာ စွပ်ခိုင်းခဲ့ပါတယ်။ တခြားကျောင်းတွေမှာလည်း စာခိုးမချအောင် ဒီလိုနည်းလမ်း အသုံးပြုတယ်လို့ သတင်းကြားရပြီးနောက်မှာ ကတ်ထူစက္ကူပုံး စွပ်ခိုင်းတဲ့နည်းလမ်းကို စမ်းသပ်အသုံးပြုခဲ့တာလို့ ဆိုပါတယ်။ ဒါပေမဲ့ ကျောင်းသား၊ ကျောင်းသားတွေကို အတင်းအကျပ်ခိုင်းစေခဲ့တာမဟုတ်ဘဲ ကျောင်းသား၊ ကျောင်းသူတွေက ကိုယ်တိုင်က လိုလိုလားလား ဆန္ဒရှိလို့ သူတို့ကိုယ်တိုင် ကတ်ထူစက္ကူပုံးတွေ ယူလာကြတာလို့ ဆိုပါတယ်။ အဲဒီဖြစ်ရပ်အတွက် ဂျူနီယာကောလိပ် တာဝန်ရှိသူက ခရိုင်အရာရှိတွေကို တောင်းပန်သွားခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top