ရုရှားသုတေသီတွေဟာ သမိုင်းမတင်မီကာလ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း (၄၂၀၀၀) အချိန်က မြင်းပေါက်စတစ်ကောင်ရဲ့ကျောက်ဖြစ်ရုပ်ကြွင်းစုထဲကနေ သွေးရည်နဲ့ ဆီးကို ရှာဖွေတွေ့ရှိခဲ့ကြတယ်လို့ သိရပါတယ်။ မျိုးတုံးသွားပြီဖြစ်တဲ့ ဒီတိရစ္ဆာန်မျိုးစိတ်ကို မျိုးရိုးဗီဇဆဲလ်ပုံတူပွားယူနိုင်ဖို့အတွက် ပညာရှင်တွေက မြင်းရဲ့ခန္ဓာကိုယ်ကိုခွဲစိတ်ပြီး အရည်တွေကို စစ်ထုတ်ယူခဲ့ကြတာပါ။

မျိုးတုံးသွားပြီဖြစ်တဲ့ ဒီတိရစ္ဆာန်မျိုးစိတ်ကို မျိုးရိုးဗီဇဆဲလ်ပုံတူပွားယူနိုင်ဖို့အတွက် ပညာရှင်တွေက မြင်းရဲ့ခန္ဓာကိုယ်ကိုခွဲစိတ်ပြီး အရည်တွေကို စစ်ထုတ်ယူခဲ့ကြတာပါ
ဒီမြင်းကျောက်ဖြစ်ရုပ်ကြွင်းစုကို ဆင်စွယ်အမဲလိုက်မုဆိုးတွေက ရုရှားနိုင်ငံ၊ Batagaika ချိုင့်တွင်းအရပ်မှာ ၂၀၁၈ ခုနှစ် က တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ ပညာရှင် ဆမ်မျန်ဂရစ်ဂိုရီယက် (Semyon Grigoriev) ကတော့ ဒီမြင်းဟာ နှစ်ပတ်သား မြင်းပေါက်စအရွယ် မှာတင် သေဆုံးသွားခဲ့တာလို့ဆိုပါတယ်။

ဒီမြင်းကျောက်ဖြစ်ရုပ်ကြွင်းစုကို ဆင်စွယ်အမဲလိုက်မုဆိုးတွေက ရုရှားနိုင်ငံ၊ Batagaika ချိုင့်တွင်းအရပ်မှာ ၂၀၁၈ ခုနှစ် က တွေ့ရှိခဲ့
“ခွဲစိတ်ကြည့်လိုက်တော့ ကျောက်ဖြစ်ရုပ်ကြွင်းစုဟာ ကောင်းကောင်းမွန်မွန်ပဲရှိနေတာတွေ့ရတယ်။ မြင်းရဲ့အလောင်းကိုယ်ထည်ကလည်း တစ်စုံတစ်ရာမပျက်မစီးပဲ ရှိနေတာတွေ့ရပါတယ်။ မြင်းရဲ့သားမွေးက နေရာအများစုကို ကာကွယ်ပေးထားလိုဖြစ်နေတာပါ။ အခုတော့ ပလိုင်တိုဆင်း (Pleistoscene) ခေတ်က မျိုးတုံးသွားပြီဖြစ်တဲ့ မြင်းသတ္တဝါတွေရဲ့သားမွေးက ဘာအရောင်ဆိုတာကိုလည်း ကျွန်တော်တို့သိခွင့်ရပြီပေါ့လေ” လို့ ဆမ်မျန်က ပြောပြခဲ့ပါတယ်။

မြင်းဟာ နှစ်ပတ်သား မြင်းပေါက်စအရွယ် မှာတင် သေဆုံးသွားခဲ့တာလို့ဆို
ယင်းကျောက်ဖြစ်ရုပ်ကြွင်းစုကို ၂၀၂၀ ခုနှစ်၊ ဇွန်လ ကနေ စက်တင်ဘာလအတွင်း ဂျပန်တစ်နိုင်ငံလုံးမှာပြသသွားမယ်လို့ သိရပါတယ်။
Ref: CNN ” Liquid blood and urine have been found inside a prehistoric 42,000-year-old foal ”
AI (ရိုးရာလေး)