နှုတ်သီးရှည်ဝက်ဝံတွေကိုသတ်ပြီး သိုချောင်းတွေ စားနေတယ်လို့ သံသယရှိသူတွေကို ဖမ်းဆီး

yyl-25-009.jpg

နှုတ်သီးရှည်ဝက်ဝံတွေကို ဖမ်းဆီးသတ်ဖြတ်ပြီး သိုချောင်းတွေကို စားနေတယ်လို့ သံသယရှိသူတစ်ယောက်ကို အိန္ဒိယရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ယာလင်လို့ အမည်ရတဲ့ အမျိုးသားဟာ နှစ်အတော်ကြာအောင် ထွက်ပြေးတိမ်းရှောင်နေသူပါ။ အမျိုးသားဥယျာဉ်တစ်ခုမှာ မျိုးပွားအင်္ဂါတွေ လှီးဖြတ်ခံထားရပြီး သေဆုံးနေတဲ့ နှုတ်သီးရှည်ဝက်ဝံ(Sloth Bear)တွေကို တွေ့ရပြီးတဲ့နောက်ပိုင်း အာဏာပိုင်တွေက သတိထားစောင့်ကြည့်ခဲ့ကြပါတယ်။

ဝက်ဝံသိုချောင်းက ကာမအားတိုးစေတယ်ဆိုတဲ့ အယူအဆကို ယာလင်က ယုံကြည်နေသူပါ။ သူဟာ ခြေသလုံးအိမ်တိုင် လှည့်လည်သွားလာတတ်တဲ့ ပါဒီဘီဟီလီယာမျိုးနွယ်ဝင်တစ်ယောက်ဖြစ်ပြီး အိန္ဒိယနိုင်ငံ အလယ်ပိုင်းနဲ့ အနောက်ပိုင်းတွေမှာ ကျားတွေအပါအဝင် မျိုးသုဉ်းပျောက်ကွယ်မယ့် အန္တရာယ်ရှိနေတဲ့ တိရစ္ဆာန်တွေကို တရားမဝင် ကုန်ကူးရောင်းချမှုတွေ လုပ်ခဲ့လို့ သံသယရှိခံရသူပါ။ သူ့ကို အောက်တိုဘာလ ၁၉ ရက်က ဂူဂျာရတ်ပြည်နယ်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။ ယာလင်ဟာ အဖမ်းမခံရစေဖို့ နာမည်အတုတွေ အသုံးပြုပြီး လှည့်လည်သွားလာနေသူပါ။ မဟာပရာဒက်ရှ်ပြည်နယ်တောင်ပိုင်းမှာ တွေ့ရတတ်တဲ့ ပါဒီဘီဟီလီယာမျိုးနွယ်တွေဟာ သစ်တောထဲမှာ နေထိုင်လေ့ရှိပြီး အမဲလိုက်ခြင်းနဲ့ အသက်မွေးနေသူတွေပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top