မနာလိုစိတ်ရှိတဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဘယ်လိုပေါင်းသင်းဆက်ဆံမလဲ

holiday-slump.jpg

သင့်သူဌေးက သင့်ကို အရေးပေးလို့ သင်ကို မနာလိုဖြစ်နေတဲ့ လုပ်ဖော်ကိုင်ဖက်တွေရှိနေပြီလား။ အဲဒီလို လုပ်ဖော်ကိုင်ဖက်တွေရှိနေရင် သင့်အလုပ်ခွင်ဟာ မကောင်းတဲ့အလုပ်ပတ်ဝန်းကျင်ဖြစ်သွားနိုင်ပြီး အလုပ်လုပ်ရတာလဲ အဆင်မပြေဖြစ်သွားနိုင်ပါတယ်။ အဲဒီအခြေအနေမျိုးနဲ့တွေကြုံရင်ဆိုင်ရပြီဆိုရင် သင်နဲ့ သင့်လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဆက်ဆံရေးကို ဖျက်စီးပစ်ပြီး သွေးအေးအေးနဲ့ဆက်ဆံမယ့်အစား ဒီနည်းလမ်းလေးတွေ လုပ်ကြည့်ပါ…။

လိမ္မာပါးနပ်စွာနေပါ

သင့်သူဌေးက သင်ကို အခြားသူတွေနဲ့ယှဉ်ရင် ပိုပြီးအရေးပေးလာတဲ့အခါ သင့်လုပ်ဖော်ကိုင်ဖက်တွေက မနာလိုဖြစ်ပြီး ရည်ရွယ်ချက်ရှိရှိနဲ့ လျစ်လျူရှုလာနိုင်ပါတယ်။ အဲဒီလိုအခါမျိုးမှာ စိတ်ကို တည်တည်ငြိမ်ငြိမ်ထားဖို့လိုအပ်လာပြီး အခြေအနေပိုဆိုးမသွားအောင် လိမ္မာပါးနပ်တဲ့ချဉ်းကပ်နည်းကို ရွေးချယ်ဖို့လိုအပ်ပါတယ်။ သူတို့နဲ့ တစ်ဖွဲ့တည်းဖြစ်အောင် ကြိုးစားကြည့်ပြီး သူတို့နဲ့ စကားပြောဖို့လုပ်ဆောင်ပါ။ ဖော်ရွေတဲ့စိတ်ထားရှိအောင်လုပ်ပြီး လူတိုင်းနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကို ထိန်းသိမ်းကြည့်လိုက်ပါ။

ကိုယ်မပြောခင် စဉ်းစားပါ

သင်ဟာ အတင်းပြောတဲ့သူတွေရဲ့ အလယ်မှာရောက်နေပြီဆိုရင် အခြားလူတွေအကြောင်းကို သူတို့နဲ့ရောပြီး အတင်းပြောခြင်းမှ ရှောင်လိုက်ပါ။ လူတိုင်းပြောဆိုနေတာတွေကို နားထောင်ပါ။ အကြောင်းအရာကို သေချာသိဖို့ အချိန်ယူပြီး အလိုက်သင့်သာ ဆက်ဆံလိုက်ပါ။ သင်ပြောလိုက်တဲ့ဘယ်ကိစ္စပဲဖြစ်ဖြစ် သင့်လုပ်ဖော်ကိုင်ဖက်ဟာ အခြားလူကို ပြန်ပြောပြီး ဘယ်လိုကလိမ်ကျမလဲဆိုတာ သင်သိရမှမဟုတ်ပါဘူး။

ကိုယ့်အကြောင်းကို လူတိုင်းကို မပြောပြတတ်အောင် ကြိုးစားပါ

မနာလိုစိတ်ရှိနေတဲ့လုပ်ဖော်ကိုင်ဖက်နဲ့ ဆက်ဆံတဲ့အခါ သင်နဲ့ပတ်သက်တဲ့အရာအားလုံးကို သိသာမြင်သာမလုပ်ပါနဲ့။ အလုပ်ခွင်မှာ အလုပ်အခွင့်အရေးကောင်းကောင်းတစ်ခုရထားတဲဲ့အတွက်၊ သူများတွေထက် ပိုကောင်းတဲ့ဘောနပ်ရထားတဲ့အတွက် သင်ပျော်ရွှင်နေရင်တောင် လူတိုင်းကို ဒီအကြောင်း ပြောပြဖို့မလိုအပ်ပါဘူး။ အထူးသဖြင့် သင့်လုပ်ဖော်ကိုင်ဖက်တွေကိုပါ။ သင့်ရဲ့ စိတ်လှုပ်ရှားမှု၊ ပျော်ရွှင်မှုတွေကို ထိန်းချုပ်တတ်အောင်ကြိုးစားကြည့်ပြီး ပျော်ရွှင်နေတဲ့မျက်နှာကို ပြမယ့်အစား ယုံကြည်မှုရှိရှိနေပြီး လုပ်ဖော်ကိုင်ဖက်တွေကို ယဉ်ကျေးသိမ့်မွေ့တဲ့အပြုံးလေးနဲ့ ပြုံးပြလိုက်ပါ။

သင်ကြားပေးပါ၊ သြဝါဒမခြွေပါနဲ့

သင်ဟာ သင့်လုပ်ဖော်ကိုင်ဖက်ကို သြဝါဒခြွေနေမယ်ဆိုရင် အခြေအနေကို ရှုပ်ထွေးသွားစေပါလိမ့်မယ်။ သင့်လုပ်ဖော်ကိုင်ဖက်ကို ကူညီဖေးမပေးပြီး သင်ကြားပေးပါ။ သြဝါဒခြွေပြီး ပြောဆိုနေတာတွေက အလုပ်ကို ဘယ်လိုလုပ်ရမလဲဆိုတာကို သင်ကြားပေးဖို့ ကြိုးစားနေတဲ့ပုံမပေါက်စေပါဘူး။ အကြံပေးရုံသက်သက်ဖြစ်သာ ပြောပြပေးပြီး သူတို့လုပ်ချင်တာကို ရွေးချယ်ခိုင်းလိုက်ပါ။

ကြွားဝါပြောဆိုတာတွေမလုပ်ပါနဲ့

သင်ဟာ ကိုယ့်ရည်မှန်းချက်ပန်းတိုင်ရောက်အောင် ကြိုးစားနေရတာ (ဒါမဟုတ်) ခက်ခက်ခဲခဲနဲ့ အောင်မြင်အောင်လုပ်ခဲ့ပြီးသွား ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ အဲအကြောင်းနဲ့ပတ်သတ်ပြီး အကောင်းဘက်ကနေ ကြွားဝါပြောဆိုခြင်းမလုပ်ပါနဲ့။ အထူးသဖြင့် သင့်လုပ်ဖော်ကိုင်ဖက်တွေရှေ့မှာ။ လူမှုကွန်ယက်မှာလဲ ကြေညာခြင်းမလုပ်ပါနဲ့။ ဒီအကြောင်းကို နားထောင်ချင်တဲ့သူတွေနဲ့သာ ဝေမျှပေးလိုက်ပါ။

Ref: TOI “Do your colleagues get jealous when your boss praises your work? Here’s what you need to do”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top