လေထုညစ်ညမ်းမှုက လူတို့ရဲ့ ကျန်းမာရေးကို ဘယ်လိုဖျက်ဆီးနေလဲ

air-pollution-PMT53GB.jpg

ကမ္ဘာကြီးက ပိုမိုပူနွေးလာနေသည်။ တစ်ဖက်တွင်လည်း လူနေထူထပ်လွန်းလာနေသည်။ နေ့စဉ်နေ့တိုင်း ယာဉ်ပေါင်းစုံ၊ စက်ရုံအလုပ်ရုံပေါင်းစုံက လေထုထဲ မသန့်ရှင်းတဲ့ ညစ်ညမ်းတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်များကို အတောမသတ်နိုင် ထုတ်လွတ်နေကြသည်။ ထိုအကျိုးရလဒ်ကတော့ အားလုံးရှုရှိုက်နေတဲ့ လေထုကို ညစ်ညမ်းစေမှုဖြစ်စေပါသည်။ လက်ရှိစစ်တမ်းများအရ လူပေါင်း (၁၀) ယောက်မှာ (၉)ယောက်ဟာ မသန့်ရှင်းတဲ့ လေကိုရူ ရှိုက်နေရပြီး နှစ်စဉ် လူပေါင်း(၇) သန်းခန့် မသန့်ရှင်းသောလေကြောင့် သေဆုံးနေကြရသည်။

လေထုညစ်ညမ်းခြင်းက ကျန်းမာရေးကို အလွန်အမင်း စိုးရိမ်ဖွယ်ရာတွင်ရှိသည်။ လေဖြတ်မှု၊ အဆုတ်ကင်ဆာ နဲ့ နှလုံးရောဂါတို့ဖြင့် သေဆုံးမှုပေါင်း (၃) ပုံ မှာ (၁)ပုံဟာ လေထုညစ်ညမ်းခြင်းကြောင့် ထိုရောဂါများဖြင့် သေဆုံးကြရခြင်းဖြစ်သည်။ ဒီနှုန်းထားဟာ ဆေးလိပ်သောက်ခြင်းနဲ့ အငံဓာတ်အလွန်အကျွံ စားသုံးခြင်းထက် ပိုပါသည်။

လေထုညစ်ညမ်းမှုအန္တရာယ်မှ လွယ်လွယ်နဲ့ ရှောင်လွဲလို့ မရနိုင်ပါဘူး။ သင့်အနေနဲ့ မည်သို့သော ချမ်းသာကြွဝမှုများနဲ့ နေထိုင်နေပါစေ ထိုအရာကိုတော့ ရှောင်လွဲမနိုင်ပါဘူး။ လေထဲက သေးငယ်တဲ့ ညစ်ညမ်းတဲ့အရာဝတ္ထုများဟာ လူတို့ရဲ့ အသက်ရှုလမ်းကြောင်းမှ တစ်ဆင့် ခန္ဓာကိုယ်ရဲ့ ခုခံမှုစနစ်ကို ထိုးဖောက်ဝင်ရောက်ပြီး အဆုတ်၊ နှလုံး နဲ့ ဦးနှောက်တို့ကို ထိခိုက်ပျက်စီးစေနိုင်သည်။

တကယ်တော့ လေထုညစ်ညမ်းမှုဟာ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုများနဲ့ တိုက်ရိုက် ဆက်စပ်နေ သည်။ သဘာဝလောင်စာ များ လောင်ကျွမ်းမှုမှ တစ်ဆင့် လေထုညစ်ညမ်းမှုကို သက်ရောက်စေသည်။ ထိုကြောင့် လေထုညစ်ညမ်းမှု လျှော့ချမှု အင်တိုက်အား တိုက်ဝိုင်းဝန်းလုပ်ဆောင်ခြင်းဖြင့် မိမိနဲ့ အခြားလူများကိုပါ ကူညီရာ ရောက်ပေသည်။ ဥတုရာသီကျွမ်းကျင်သူများ အနေနဲ့ ပြောကြားရာတွင် ကမ္ဘာ့လေ ထုအပူချိန်(၁.၅ စင်တီဂရိတ် ဒီကရီ) မြှင့်တက်လာမှုကို ထိန်းချုပ်နိုင်ဖို့ သဘာဝလောင်စာ လောင်ကျွမ်း စေခြင်းဖြင့်လျှပ်စစ်ဓာတ်အားပေးမှုကို ၂၀၅၀ တွင်အပြီးသပ် ရပ်စဲရမည်။ သို့မဟုတ် လျှင် နောင်လာမည့် နှစ် (၂၀) တွင် ဆိုးရွားသောရာသီဥတုကဒ်ဆိုးများ ကျရောက်လာပေတော့မည်။

ပဲရစ် သဘာဝဥတုကဒ်ဘေး တိုက်ဖျက်ရေးသဘောတူစာချုပ်၏ ရည်မှန်းချက်ပန်းတိုင်များ ကို လိုက်နာပြီး လေထုညစ်ညမ်းမှုလျှော့ချရုံနဲ့ ၂၀၅၀ ခုနှစ်ထိ နှစ်စဉ် လူတစ်သန်း၏ အသက်ကို ကယ်တင်နိုင်မှာဖြစ်သည်။ လေထုညစ်ညမ်းမှု ကို ထိန်းချုပ်ရာတွင် နိုင်ငံများရဲ့ စီးပွားရေးအကျိုးအမြတ်များမှ ငွေထုတ်ယူသုံးစွဲမှုကလည်း မသေးပါ။ စစ်တမ်းအရ ဖန်လုံအိမ်ဓာတ်ငွေ အလွန်အကျွံထုတ်လွတ်သော နိုင်ငံပေါင်း (၁၅) ရဲ့ လေထုညစ်ညမ်းမှုကြောင့် ထိခိုက်လာတဲ့ ကျန်းမာရေး ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် ၎င်းတို့ရဲ့ ဂျီဒီပီ (၄)ရာခိုင်နှုန်းအထိသုံးစွဲကြရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ပြည်သူ့ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ) အကြီးအကဲ ဒေါက်တာ မာရီယာ က ထိုကဲ့သို့ မှတ်ချက်ပေးခဲ့ပါတယ်။ အဲ့ဒါက “လေထုညစ်ညမ်း မှုဒဏ်ကို အမှန်တကယ်ပေးဆပ်လိုက်ရတဲ့ အရာများက လူတို့ရဲ့ အဆုတ်များနဲ့ ကျန်းမာရေးစောင့်ရှောက်ပေးနေတဲ့ ဆေးရုံဆေးခန်းများပင်ဖြစ်သည်။ ထိုလေထု ညစ်ညမ်းမှုဒဏ်ကြောင့် ရရှိလာတဲ့ ကျန်းမာရေးဝန်ထုတ်ဝန်ပိုးကလည်း ကြီးမားပါသည်။ ဒါကြောင့် သန့်ရှင်းတဲ့ စွမ်းအင်၊ ပို့ဆောင်ဆက်သွယ်ရေး၊ နေထိုင်စားသောက်မှု စနစ်များ ကိုကူးပြောင်းမှုဖြင့် ထိုသို့ ကောင်းမွန်သော ရလဒ်များကိုရရှိခံစားနိုင်ပါတယ်။”

မီးခိုနဲ့ မြူ တွေ လေထုထဲ ကင်းစင်နေသော်ငြားလည်း အမှန်တကယ် လေထုသန့်စင် တယ်လို့ မယူဆနိုင်ပါ။ ကမ္ဘာတစ်ဝှမ်းရှိ ကျေးရွာများ၊ မြို့များရဲ့လေထုတွင် ညစ်ညမ်းမှုက ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားတဲ့ ရှိသင့်တဲ့ ပျမ်းမျှလေထု အရည်အသွေး (သန့်စင်တဲ့လေ) ကိန်းဂဏန်းများထက် ပင် ကျော်လွန်ပြီး ညစ်ညမ်းမှုရှိနေသည်။ ဒါကြောင့် လူအများ မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်ရှိ လေထုအရည်အသွေးကို တိုင်းတာပြီး သိရှိနိုင်အောင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ နဲ့ ကမ္ဘာ့ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့တို့ ပူးပေါင်းထားပြီး လေထုအညွန်းကိန်း တိုင်းထွာခြင်း (online pollution meter) အွန်လိုင်းလေထုညစ်ညမ်းမှု တိုင်းတာ အညွန်းကိန်းမီတာကို တီထွင်ထားသည်။

၂၀၁၈ ခုနှစ် အောက်တိုဘာ (၂၉) ကနေနိုဝင်ဘာလ (၁) ရက် အထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ တွဲဖက်အသင်းအဖွဲ့များအနေနဲ့ ဂျနီဗာ မြို့မှာ ကမ္ဘာပထမဦးဆုံး လေထုညစ်ညမ်းမှု နဲ့ ကျန်းမာရေး ဆိုင်ရာ ပြဿနာများကို မည်သို့မည်ပုံ ဝိုင်းဝန်းအဖြေရှာရေး ကို ထိုညီလာခံ၌ ကျင်းပဆွေးနွေးခဲ့ကြသည်။ ဒီညီလာခံမှ လေထုညစ်ညမ်းမှုနဲ့ ကျန်းမာရေး ပြဿနာများ လူအများနား လည်သဘော ပေါက်လာအောင်၊ ထိုမှတဆင့် မည်သို့ နေထိုင်ပြီး ကာကွယ်စောင့်ရှောက်နိုင် အောင် အသိပညာများ မျှဝေသတင်းပေးဖို့ဖြစ်သည်။

ထိုညီလာခံအနေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ စတင်လုပ်ဆောင်ခဲ့တဲ့ Global Platform on Air Quality and Health (ကမ္ဘာ့လေထုအရည်အသွေးနဲ့ ကျန်းမာရေး ဆိုင်ရာ ဗဟုသုတမျှဝေပေးနိုင်မယ့်ပလပ်ဖောင်း)ကိုစတင်မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ ပလပ်ဖောင်းအနေနဲ့ ကျန်းမာရေးနယ်ပယ်ဆိုင်ရာ ရှိလူပုဂ္ဂိုလ်များမှ စောင့်ကျပ်ကြည့်ရှု့ပေးနေပြီး တိကျတဲ့ သတင်းအချက်အလက်များကို အချိန်ပြည့် ပံ့ပိုးပေးထားသည်။ ဆက်လက်ပြီး ထိုပလပ်ဖောင်းအနေနဲ့ လေထုအရည်အသွေးအညွန်းကိန်းကို ခိုင်မာတဲ့ သတင်းအ ရင်းအမြစ်များမှ အမြဲတမ်း မွမ်းမံပေးနေသည်။

လေထုညစ်ညမ်းခြင်း ဟာ အိမ်တွင်း နဲ့ အိမ်ပြင် နှစ်နေရာလုံးမှာ ဖြစ်ပေါ်နေသည်။ အိမ်ပြင်လေထုညစ်ညမ်းမှုကိုတော့ အများစု သတိထားကြလေ့ရှိပါတယ်။ သို့သော်လည်း အိမ်တွင်း၌ ချက်ပြုတ်ရာတွင်လောင်စာများ(ထင်းမီး) လောင်ကျွမ်းခြင်းဖြင့် လေထု ညစ်ညမ်း စေခြင်းကိုဖြစ်ပေါ်စေပါသည်။ အိမ်တွင်း လေထုညစ်ညမ်းခြင်းကြောင့် အာဖရိကနဲ့ အာရှတိုက်နိုင်ငံများတွင် နှစ်စဉ် လူပေါင်း (၄) သန်းခန့်အသက်ဆုံးရှုံး နေကြရသည်။ မိန်းမနဲ့ ကလေးငယ်များဟာ အိမ်တွင်း ချက်ပြုတ် မှုမှတစ်ဆင့် လေထုညစ်ညမ်းမှု ဒဏ်ကို အများဆုံးခံစားကြရသည်။

လေထုညစ်ညမ်း မှုဖြစ်စေတဲ့အရာများကတော့ လမ်းမရှိ ယာဉ်အမျိုးမျိုးမှ ထွက်ရှိတဲ့ အင်ဂျင်ဓာတ်ငွေ့များ၊ အိမ်တွင်း ဂက်စ် အိုးများ၊ လောင်စာဆီ ဓာတ်ငွေ့များနဲ့ လေထုအတွင်း ခိုအောင်နေတဲ့ မသန့်တဲ့ ဓာတ်ငွေ့ များမှ ဖြစ်သည်။

ညစ်ညမ်းတဲ့ လေကို ရှုရှိုက်မှုမှ ရှောင်ရှားဖို့ အောက်ပါအချက်များကို လိုက်နာသင့်သည်။

၁။ ကားကြပ်ပြည့်သိပ်နေတဲ့ လမ်းမ ဘေး တွင် သွားလာလမ်းလျှောက်မှု ကန့်သတ်ခြင်း။
(ကလေးနဲ့ အတူသွားလာပါက မီးခိုးရှောင်နိုင်ရန်ပွေ့ချီထားသင့်)

၂။မီးပွိုင့်များဆုံရာ ကားများခေတ္တရပ်နားရာ နေရာများကိုသွားလာမှုကန့်သတ်ခြင်း။

၃။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါက လေထုညစ်ညမ်းတဲ့ နေရာများ၌မလုပ်ဆောင်သင့်။ လေထုညစ်ညမ်းမှုကင်းစင်တဲ့နေရာတွင် ရွေးလုပ်ပါ။

၄။ လေထုညစ်ညမ်းမှုကြီးမားသောနေ့များတွင် ကားစီးမှုကန့်သတ်ခြင်း။

၅။ အမှိုက်သရိုက်များကို မီးရှို့ဖျက်ဆီးမှု မလုပ်ဆောင် ခြင်းတို့ဖြစ်သည်။ ထိုအခိုးအငွေ့များသည် ကျန်းမာရေးကိုထိခိုက်စေသည်။

လေထုထဲ သေးငယ်တဲ့ အမှုန်အမွှားများဟာ အသက်ရှုလမ်းကြောင်းထဲသို ဝင်ရောက်နိုင်ပြီး နှလုံးရောဂါ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာများ နဲ့ အဆုတ်ကင်ဆာတို့ကိုဖြစ်စေ နိုင်သည်။ အိုဇုံးဓာတ်သည်လည်း အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများကို ဖြစ်စေ သည်။ အထူးသဖြင့် ကလေးငယ်များဟာ လေထုညစ်ညမ်းမှု ဒဏ်ကိုခံစားနေကြရ သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ သတ်မှတ်ထားတဲ့ ပျမ်းမျှ ရှုရှိုက်သင့်တဲ့ လေထုအရည်အသွေး ဟာ (10ug/m3) (၁၀) မိုက်ခရိုဂရမ် ကုဗမီတာ ဖြစ်ပါတယ်။ သို့သော်လည်း လက်ရှိတွင် မြို့များ၌ ထိုရှိသင့်တဲ့ အတိုင်းအတာထက် လွန်ကဲနေသည်။

ကမ္ဘာတစ်ဝှမ်း အသက် ၈နှစ်မှ ၁၈နှစ် အတွင်းရှိ ကလေး (၁၄) ရာခိုင်နှုန်းဟာ လေထုညစ်ညမ်းမှုကြောင့်ပန်းနာရင်ကျပ် ဝေဒနာကိုခံစားနေကြရသည်။ နှစ်စဉ် အသက် (၅) နှစ်အောက်ကလေး (၅)သိန်းခွဲ့ခန့် ဟာ ထိုမသန့်စင်တဲ့ လေကြောင့် သေဆုံးနေကြရသည်။ထိုလေထုညစ်ညမ်းမှုဟာ သက်ငယ်များ၌ကင်ဆာဖြစ်ပွား စေမှုတွန်းအားပေး စေသည်။ ကိုယ်ဝန်ဆောင်များ ထိုမသန့်ရှင်းတဲ့လေများကို ရှုရှိုက်နေမိပါက ကလေး များတွင် ဦးနှောက်ဖွံ့ဖြိုး တက်တက်မှုကို အ ဟန့်အ တားဖြစ်စေသည်။ ထိုဒဏ်ကြောင့် လူကြီးလူငယ်မရွေး အားရုံကြောနဲ့ သက်ဆိုင်တဲ့ ဝေဒနာများဖြစ်စေနိုင်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းများကလည်း လေထုညစ်ညမ်းမှု ဆိုင်ရာအသိပညာပေးမှုများ နဲ့ သက်ဆိုင်ရာနိုင်ငံများကိုလည်း ခိုင်မာတဲ့ မူဝါဒ များချတ်မှတ်ပေးဖို့ စွမ်းစွမ်းတမံ တောင်းဆိုနေလျက်ရှိပါတယ်။ ထို့အတွက်ကြောင့် ကောင်းမွန်တဲ့ လေထု အရည်အသွေး ရရှိရေးဟာ နေရာတိုင်း မှာ ရှိတဲ့ လူတိုင်းအတွက်အ လွန်အရေးကြီးပါတယ်။

သင့်နေထိုင်ရာ နေရာ၊ မြို့များရဲ့ လေထုအရည်အသွေးကို အောက်ပါ https://www.airvisual.com/တွင်သွားပြီး သင့်မြို့ ရဲ့ အမည်ကိုရိုက်ပြီး စစ်ဆေးနိုင်သည်။ ထိုမှတစ်ဆင့် ထွက်ရှိလာတဲ့ ကိန်းဂဏန်းမှတ်တမ်းများအရ အပြင်ထွက်သင့်၊ မထွက်သင့်၊ နှားခေါင်းစွပ် စွပ်သင့်၊ မသင့် ပြောပြထားပါတယ်။ အားလုံး အသက်ရှည်ကျန်းမာစွာနေထိုင်ကြပါစို့။

ကိုးကား WHO, Air Visual

TharHtoo (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top