အိပ်နေတဲ့အချိန် ခြင်မကိုက်ခံရဖို့ ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ

4-9-2020-yyl-039.jpg

အခုလိုမိုးတွင်းကာလက ခြင်ပေါများတဲ့ရာသီဆိုလည်း မမှားပါဘူး။ ကိုဗစ်ရောဂါပိုးအန္တရာယ်ကနေ ကာကွယ်တာအပြင် ခြင်ပေါက်ဖွားမှုများတဲ့ မိုးတွင်းကာလမှာ ခြင်ကြောင့် ငှက်ဖျားရောဂါ၊ ဆင်ခြေထောက်ရောဂါတွေ ဖြစ်လာနိုင်တဲ့အန္တရာယ်ကိုလည်း အထူးဂရုစိုက်သင့်ပါတယ်။ ကလေးငယ်တွေကိုလည်း ခြင်ကိုက်ခြင်းကြောင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်နိုင်တဲ့အတွက် ခြင်ကိုက်မခံရအောင် အထူးဂရုစိုက်ပေးသင့်ပါတယ်။ လက်ရှိကျန်းမာရေးဌာနတွေရဲ့အခြေအနေကတော့ ကိုဗစ်လူနာတွေနဲ့ အလုပ်ရှုပ်နေရတဲ့အတွက် ခြင်ကြောင့်ဖြစ်တဲ့ရောဂါတွေကြောင့် နောက်ထပ်အလုပ်မရှုပ်ရလေအောင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပေးဖို့လိုပါတယ်။ အထူးသဖြင့် ခြင်ကိုက်မခံရအောင် ကာကွယ်ရမှာပဲဖြစ်ပါတယ်။

သင် အိပ်နေတဲ့အချိန်မှာ ခြင်ပိုကိုက်ခံရတယ်ဆိုတာ သတိထားမိကြလား။ ဒီလိုဖြစ်ရတာက သင့်ခန္ဓာကိုယ်က ထုတ်လွှတ်လိုက်တဲ့အပူချိန်ကို ခြင်တွေကို အနံ့ခံနိုင်တဲ့အတွက်ကြောင့်ပါ။ အိပ်နေတဲ့အချိန်မှာ ခန္ဓာကိုယ်က ခြင်တွေကြိုက်တဲ့ ဓာတုပစ္စည်းတွေ ထုတ်လွှတ်ပါတယ်။ ကျွန်တော်တို့ အိပ်နေတဲ့အချိန် ကျွန်တော်တို့အနီးနားမှာ တစ်ဝီဝီမြည်သံနဲ့ လာရောက်တဲ့အခါ ကျွန်တော်တို့ရဲ့အိပ်စက်ချိန်ကိုလည်း အနှောင့်အယှက်ပေးပါတယ်။ ဒါကြောင့် ခြင်ကိုက်ခြင်းကြောင့်ဖြစ်တတ်တဲ့ရောဂါတွေနဲ့ အိပ်စက်ချိန်အနှောင့်အယှက် ဖြစ်ခြင်းအန္တရာယ်ကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် နည်းလမ်းလေးတွေကို ဒီဆောင်းပါးလေးကနေ ဖော်ပြပေးလိုက်ရပါတယ်။

အိပ်တဲ့အချိန်မှာ အရောင်အတောက်တောက် အဝတ်အစားတွေကို ဝတ်ဆင်ပေးပါ

ခြင်တွေက အရောင်တောက်တွေ၊ အရောင်လင်းတာတွေကို မကြိုက်ပေမယ့် မှောင်ပြီး နက်တဲ့အရောင်တွေကိုတော့ ကြိုက်ကြပါတယ်။ အနက်ရောင်ဝတ်စုံကို ဝတ်ပြီး အိပ်မယ်ဆိုရင်တော့ ခြင်တွေကို ဖိတ်ခေါ်နေသလိုဖြစ်စေပါတယ်။ အရောင်တောက်တဲ့၊ အရောင်လင်းတဲ့ညအိပ်ဝတ်စုံကို ဝတ်စုံပေးတာက အင်းဆက်ပိုးမွှားအန္တရာယ်ကနေ လျော့ပါးသွားစေနိုင်ပါတယ်။

လက်နဲ့ခြေထောက်တို့ကို လုံခြုံစေတဲ့အဝတ်ကို ဝတ်ဆင်ပါ

အိပ်တဲ့အချိန် ဘောင်းဘီရှည်၊ အင်္ကျီ လက်ရှည်တို့ကို ဝတ်ပေးတာက သင့်ခြေထောက်နဲ့လက်တွေကို လုံအောင်ဖုံးပေးနိုင်ပါတယ်။ ခြေထောက်နဲ့လက်တို့ကို လုံခြုံစေတဲ့ဝတ်စုံက ခြင်ကိုက်ခြင်းအန္တရာယ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။

ပန်ကာရဲ့ရွေ့လျားမှုနှုန်းကို မြှင့်ပေးပါ

အိပ်ခန်းအတွင်းမှာ ပန်ကာကို အမြင့်ဆုံးနှုန်းထားနဲ့ အသုံးပြုတာက သင့်အိပ်တဲ့အချိန် ခြင်ကိုက်တဲ့အန္တရာယ်ကနေ ရှောင်ရှားနိုင်တယ်လို့ လေ့လာချက်တချို့က ဆိုထားပါတယ်။

ခြင်ပြေးလိမ်းဆေးလိမ်းပါ

မအိပ်ခင်မှာ အန္တရာယ်ကင်းပြီး အရည်အသွေးကောင်းတဲ့ခြင်ပြေးဆေးကို အသုံးပြုပြီး အသားရေမှာ လိမ်းထားပါ။ ပြတ်ရှဒဏ်ရာ၊ အနာတွေပေါ်မှာ မလိမ်းမိအောင် သတိထားပါ။ မျက်စိနဲ့ ပါးစပ်အနီးနားလည်း မလိမ်းပါနဲ့။ အသက် (၂) လအရွယ်အောက် ကလေးတွေကိုလည်း ခြင်ပြေးဆေးလိမ်းမပေးပါနဲ့။ အဲဒီအရွယ်ကလေးတွေက သူတို့လက်တွေကို ပါးစပ်ထဲထည့်တတ်တဲ့အကျင့်ရှိတဲ့အတွက်ကြောင့်ပါ။ အိပ်တဲ့အချိန် ခြင်ပြေးဆေးလိမ်းအိပ်မယ်ဆိုရင် ခြင်ကိုက်ခြင်းအန္တရာယ်ကနေ ကာကွယ်နိုင်မှာဖြစ်ပါတယ်။

ခြင်ထောင်ကို ထောင်အိပ်ပါ

အိပ်တဲ့အခါ ခြင်ထောင် ထောင်တာဟာ ဟိုဘိုးဘွားတွေလက်ထပ်ကတည်းက နည်းပါပဲ။ သင်က ခြင်ပြေးဆေးနဲ့ မတည့်ဘူးဆိုရင် ခြင်ထောင်အသုံးပြုတာက အကောင်းဆုံးရွေးချယ်နည်းပါပဲ။ ခြင်ထောင် ထောင်ပြီး အိပ်တာက ခြင်ကိုက်ခံရမယ့်အန္တရာယ်ကနေ သင့်ကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

Ref: Easy ways to prevent mosquito bites while sleeping

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top