မြန်မာနိုင်ငံရှိ Viber အသုံးပြုသူများ၏ ၇၀% မှ စာသင်နှစ်အသစ်ကို နှစ်မျိုးစပ်ပုံစံအသစ်ဖြင့် စတင်သင့်ကြောင်း ပြောကြား

Viber-Image.jpg

လွယ်ကူစွာနှင့် အခမဲ့ဆက်သွယ်ပြောဆိုနိုင်သော ကမ္ဘာ့ထိပ်တန်း အက်ပလီကေးရှင်းဖြစ်သည့် Rakuten Viber မှ လူပေါင်း ၁၈၅,၀၀၀ ပါဝင်ထားသော ကမ္ဘာလုံးဆိုင်ရာ စစ်တမ်းကောက်ယူမှု၏ ရလဒ်များကို ထုတ်ပြန်ခဲ့သည်။ အဆိုပါ စစ်တမ်းကောက်ယူမှုအား ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း ၂၄ နိုင်ငံတွင် ပြုလုပ်ခဲ့ပြီး ဖြေကြားသူများသည် ဆက်သွယ်ရေးလွယ်ကူချောမွေ့စေရန်အတွက် Viber ပလက်ဖောင်းအား အဓိက အွန်လိုင်းမှ လေ့လာသင်ယူသည့် ကိရိယာအဖြစ် အသုံးပြုကြကြောင်း ဖြေကြားခဲ့ကြသည်။ အသုံးပြုသူ ၇၀% ကျော်သည် Viber အား လာမည့်စာသင်နှစ်အတွင်း မိဘများ၊ ဆရာများနှင့် ကျောင်းသားများကြား ဆက်သွယ်ရန်အတွက် အသုံးပြုမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

COVID-19 ကပ်ရောဂါဖြစ်ပွားနေသည်မှာ လပေါင်းများစွာ ကြာမြင့်လျက်ရှိပြီဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ စာသင်ကျောင်းများမှ လာမည့်စာသင်နှစ်အတွက် မည်သို့ရှေ့ဆက်ရမည်ကို အလေးပေး စဥ်းစားနေကြဆဲဖြစ်သည်။ နိုင်ငံအများစုရှိ ကျောင်းသားများသည် စာသင်ကျောင်းများသို့ ပြန်လည်တက်ရောက်ရမည်ဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်း (Social−Distancing) အလေ့အထများကို ကျင့်သုံးသွားကြရမည်ဖြစ်သည်။ အချို့နိုင်ငံများတွင် အွန်လိုင်းမှလေ့လာခြင်း (သို့မဟုတ်) လူကြိုက်များသည့် ပုံစံနှစ်မျိုးလုံး ပေါင်းစပ်ထားခြင်းကို ရွေးချယ်ပြုလုပ်လာကြမည် ဖြစ်သည်။

Viber ၏ ကောက်ယူခဲ့သော စစ်တမ်းများအရ ဖြေကြားသူ ၇၅% သည် စာသင်နှစ်အစတွင် အဝေးမှ လေ့လာသင်ကြားခြင်းကိုသာ ပြုလုပ်သင့်သည်ဟု ပြောကြားခဲ့ကြသည်။ မည်သည့်သင်ကြားမှုပုံစံဖြင့်မဆို မူလအခြေအနေအတိုင်း ပညာရေးကို တတ်နိုင်သမျှ မြှင့်တင်ပေးနိုင်ပြီး ကျောင်းသားများမှလည်း လိုအပ်သည့် အရင်းအမြစ်များကို သေချာစွာ ရရှိနိုင်စေမည့် နည်းလမ်းပုံစံအသစ်များကို လိုအပ်သည်။ Viber မှ ကျောင်းသားများနှင့် ဆရာများအတွက် အွန်လိုင်းတွင် ဖြစ်စေ၊ ပြင်ပတွင် ဖြစ်စေ၊ စာသင်ခန်းမှဖြစ်စေ၊ အိမ်မှဖြစ်စေ အသုံးပြုပြီး ဆက်သွယ်လေ့လာနိုင်စေမည့် တန်ဖိုးမဖြတ်နိုင်သော လုပ်ဆောင်ချက်များ လုပ်ဆောင်စေနိုင်မည့်ကိရိယာတစ်ခုအနေဖြင့် ထောက်ပံ့ပေးလျက် ရှိသည်။

မြန်မာနိုင်ငံရှိ ပါဝင်ဖြေကြားသူ ၅၄၄ ဦးအနက် ၇၀% သော ဖြေကြားသူများသည် အွန်လိုင်းနှင့် ပြင်ပနှစ်မျိုးလုံးတွင် လေ့လာသင်ကြားနိုင်သော နှစ်မျိုးစပ်ပုံစံမျိုးဖြင့် စာသင်ကျောင်းများ ဖွင့်လှစ်စေလိုကြပြီး ဖြေကြားသူ ၅၂၉ ယောက်၏ ၈၃% သည် ‌ဘာသာရပ်များဆိုင်ရာ အကြောင်းအရာများအား ကျောင်းသားများ၊ ဆရာများ၊ မိဘများနှင့် ဆက်သွယ်ပြောဆိုရန် Viber အား အသုံးပြုမည်ဟု ဖြေကြားသွားသည်။ ထို့အပြင် ဖြေကြားသူ ၉၁၇ ယောက်၏ ၆၂% သည် ပညာရေးအား အထောက်အကူပြုစေရန်အတွက် Viber ၏ desktop နှင့် မိုဘိုင်း ဗားရှင်း နှစ်မျိုးလုံး အသုံးပြုသွားမည်ဖြစ်သည်။

ပျမ်းမျှအားဖြင့် ကမ္ဘာတစ်ဝှမ်းရှိ ၂၂% သော ဖြေကြားသူများသည် ပညာရေး အဓိကသင်ထောက်ကူပစ္စည်းအဖြစ် Viber အား desktop နှင့် မိုဘိုင်းဖုန်း (သို့မဟုတ်) တက်ဘလက်များတွင် ထည့်သွင်းပြုကြကြောင်း ပြောကြားခဲ့ကြသည်။ အဆိုပါ အချက်သည် ရုရှားနိုင်ငံ၏ စစ်တမ်းကောက်ယူမှုနှင့်တူညီနေပြီး ဖိလစ်ပိုင်၊ မြန်မာ၊ ဟန်ဂေရီ နှင့် ယူကရိန်းနိုင်ငံများတွင် ပိုမိုများပြားသည့် ၅၆%၊ ၆၂%၊ ၂၇%၊ နှင့် ၂၃% ဖြင့် အသီးသီးသော အသုံးပြုသူများသည် Viber အား ပညာသင်ကြားရေးအတွက် အဓိက ပလက်ဖောင်းဖြင့် အသုံးပြုမည်ဟု ဖြေကြားခဲ့ကြသည်။ ဤစစ်တမ်းကောက်ယူရာတွင် အနောက်ဥရောပနိုင်ငံများ ဖြစ်ကြသည့် ယူကေ၊ ပြင်သစ်နှင့် ဂျာမနီတို့အပြင် အာရှပစိဖိတ်ဒေသရှိ နိုင်ငံများ၊ အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံများနှင့် မြောက်အာဖရိကနိုင်ငံများ ပါဝင်သည်။

ဖြေကြားသူအများစုသည် Viber အား လာမည့် စာသင်နှစ်အတွင်း ဆရာများ၊ ကျောင်းသားများ၊ မိဘများနှင့် ဆက်သွယ်ရုံသာမကဘဲ ထိပ်တန်း encryption ဖြင့် လုံခြုံစိတ်ချရသော အခြားဝန်ဆောင်မှုများဖြစ်သည့် ဗွီဒီယိုဖြင့် ဆက်သွယ်ပြောဆိုခြင်း၊ အဖွဲ့များဖြင့် ဆက်သွယ်ပြောဆိုခြင်း၊ စစ်တမ်းကောက်ယူခြင်း အစရှိသည်တို့အား အွန်လိုင်းနှင့် ပြင်ပ ပညာရေးဆိုင်ရာ လုပ်ငန်းစဥ်များအား အထောက်အပံ့ပေးနိုင်သော ဘက်စုံအသုံးပြုနိုင်သည့် ပလက်ဖောင်းတစ်ခုအဖြစ် အသုံးပြုလာကြမည်ဖြစ်သည်။

“လွန်ခဲ့တဲ့ ၁ နှစ်လောက်က ၁၀၀% အဝေးကနေ လေ့လာသင်ကြားနိုင်ဖို့က နောက်ထပ် ၁၀ နှစ်ကျော်လောက်မှ ဖြစ်လာလိမ့်မယ်လို့ ထင်ထားကြပါလိမ့်မယ်။ အခုချိန်မှာတော့ ကပ်ရောဂါကြီး ဆိုက်ရောက်လာတဲ့အချိန်မှာတော့ အဝေးကနေ လေ့လာသင်ကြားတဲ့ စနစ်က နေ့ချင်းညချင်း ဖြစ်လာပါတယ်။ မိဘတစ်ဦးအနေနဲ့ ကလေးတွေနဲ့ ဆက်သွယ်ဖို့ Viber ကို အမြဲတမ်း အသုံးပြုပါတယ်။ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းမှာလည်း မိဘတွေ၊ ဆရာ ဆရာမတွေ နဲ့ ကျောင်းသား အများစု က ပညာရေးနဲ့ ပတ်သက်တဲ့ ဆက်သွယ်ပြောဆိုမှုတွေအတွက် Viber ကို အသုံးပြုလာကြတာကို သိသိသာသာ မြင်တွေ့လာရပါတယ်” ဟု Rakuten Viber ၏ CEO ဖြစ်သူ Djamel Agaoua မှ ပြောကြားခဲ့ပါသည်။

လုပ်ဆောင်ချက်အသစ်များ ဖြစ်သည့် စစ်တမ်းကောက်ယူခြင်းနှင့် အမေးအဖြေပြုလုပ်ရာတွင် အသုံးပြုနိုင်မည့် Quiz Mode for Polls လုပ်ဆောင်ချက် (နိုင်ငံအချို့တွင် စတင်အသုံးပြုနိုင်နေပြီဖြစ်)၊ MyNotes တွင် မှတ်သားထားသည့် လုပ်ဆောင်ရမည့် အရများအား လုပ်ဆောင်ရန် သတိပေးနိုင်မည့် Reminder လုပ်ဆောင်ချက်နှင့် အဆင့်မြှင့်တင်ထားသည့် မီဒီယာဆိုင်ရာ လုပ်ဆောင်ချက်အသစ်များ အား လာမည့် ရက်သတ္တပတ်အတွင်း ထည့်သွင်းမိတ်ဆက်ပေးသွားမည် ဖြစ်ပါသည်။ စာသင်နှစ်အဆုံးပိုင်းတွင် ကမ္ဘာတစ်ဝှမ်း၌ Viber အား ပညာရေးအထောက်အကူပြုစေရန် ရည်ရွယ်ချက် အမျိုးမျိုးတို့ဖြင့် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြပါသည်။ ယခုနှစ် အစောပိုင်းတွင် အလယ်ပိုင်းနှင့် အရှေ့ပိုင်း ဥရောပ နိုင်ငံ ရှစ်နိုင်ငံ၌ Viber မှ ပြုလုပ်ဖော်ထုတ်ခဲ့သည့် သုတေသနအရ ၆၅% သော ဆရာ ဆရာမများသည် Viber အား စာသင်ခန်းများအကြား ပြောဆိုဆက်သွယ်ခြင်း ကိရိယာတစ်ခုအဖြစ် အသုံးပြုခဲ့ကြောင်း ပြောကြားခဲ့သည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top