COVID-19 နဲ့ ပတ်သက်ပြီး April Fool လုပ်ခဲ့တဲ့အတွက် အပြစ်ပေးခံရနိုင်ဖွယ်ရှိတဲ့ ကင်ဂျေးဂျွန်

2-4-2020-yyl-030.jpg

ဧပြီလ (၁)ရက်က ကေပေါ့စ်အဆိုအဖွဲ့ JYJရဲ့အဖွဲ့ဝင် ကင်ဂျေးဂျွန်ဟာ COVID-19 ကူးစက်ခံနေရပြီလို့ သူ့ရဲ့အင်စတာဂရမ်ကတဆင့်ပြောကြားခဲ့ပါတယ်။ အဲဒီနောက်မှာပဲ ဒါက တကယ်မဟုတ်ပါဘူးဆိုတဲ့အကြောင်းကို သူ့ရဲ့ပို့စ်ကို ပြန်ပြင်ရေးသားခဲ့ပါတယ်။ အခုလိုသူ လုပ်ရတာက ရောဂါရဲ့ပြင်းထန်မှုကို သိမြင်စေဖို့အတွက် promote လုပ်ဖို့ရည်ရွယ်တာဖြစ်ကြောင်းနဲ့ ဒီအတွက် ရရှိလာတဲ့ အပြစ်ပေးမှုတွေအားလုံးကို သူခံယူမယ်ဖြစ်ကြောင်း တောင်းပန်ထားပါသေးတယ်။ သတင်းမှားလွှင့်ခဲ့တဲ့အတွက် ကင်ဂျေးဂျွန်ဟာ ဝေဖန်မှုတွေခံရပြီးတဲ့နောက်မှာ ကိုးရီးယားနိုင်ငံရဲ့Centers for Disease Controll and Preventionရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက နောက်ထပ်ဘယ်လိုဖြစ်လာနိုင်လဲဆိုတာကို ပြောပြထားပါတယ်။

ပြောရေးဆိုခွင့်ရှိသူက COVID-19 နဲ့ ပတ်သက်ပြီး သတင်းအမှားလွှင့်ခဲ့တဲ့အတွက် ဒဏ်ရိုက်ခံရနိုင်တယ်လို့Star News မီဒီယာကို ပြောခဲ့ပါတယ်။ “လက်ရှိမှာ ကျွန်တော်တို့ ကင်ဂျေးဂျွန်နဲ့ပတ်သက်တဲ့ကိစ္စကို စစ်ဆေးနေပါတယ်။ သတင်းအမှားဖြန့်တာဖြစ်တဲ့အတွက် ဘယ်လိုအပြစ်ပေးရမလဲဆိုတာကို သေချာချာဆွေးနွေးနေကြပါတယ်။ ကပ်ရောဂါကာကွယ်ရေးအာဏာပိုင်တွေဆီ ဖုန်းခေါ်ပြီး သတင်းအမှားတွေ ပေးတဲ့သူတွေကို အပြစ်ပေးဖို့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒါကိစ္စက ဆယ်လီတစ်ယောက်က ဆိုရှယ်မီဒီယာမှာ လုပ်တဲ့အရာဖြစ်ပါတယ်။ ဒါကြောင့် ဆွေးနွေးဆုံးဖြတ်ကြဖို့ လိုအပ်ပါတယ်” လို့ပြောပါတယ်။

The Central Disaster and Safety Countermeasure Headquarters ရဲ့ညွှန်ကြားရေးမှူးချုပ်ကလည်း “ဧပြီ ၁ ရက်နေ့က အနောက်နိုင်ငံက ဆင်းသက်လာတဲ့ April Fool’s Day ပါ။ ဒါပေမဲ့ လက်ရှိမှာ ကျွန်တော်တို့ စိုးရိမ်နေရတဲ့ အချိန်ဖြစ်နေပါတယ်။ ကျွန်တော်တို့လူမှုအသိုင်းအဝိုင်းက သတင်းအမှားတွေ၊ စနောက်တဲ့ဖုန်းခေါ်မှုတွေကိုလက်ခံနိုင်တဲ့ နေရာမဟုတ်ပါဘူး” လို့ ပြောပါတယ်။

ကင်ဂျေးဂျွန်က ဖုန်းခေါ်ခဲ့တာမဟုတ်ပေမဲ့ နာမည်ကြီးဆယ်လီ တစ်ယောက်အနေနဲ့ သတင်းအမှားတွေ ဆိုရှယ်မီဒီယာမှာတင်ခဲ့တဲ့အတွက် ဝေဖန်ခံခဲ့ရတာပါ။ သမ္မတအိမ်ပြာတော်ရဲ့ဝက်ဘ်ဆိုက်မှာလည်း “April Fool’s Day မှာ စနောက်ခဲ့တဲ့အတွက် ဆယ်လီကင်ကို ကျေးဇူးပြုပြီး အပြစ်ပေးပါ” ဆိုပြီး ပန်ကြားထားတယ်လို့ Star News သတင်းမီဒီယာအရ သိရပါတယ်။ ကိုရီးယားမှာ လက်ရှိဥပဒေအရ တစ်စုံတစ်ယောက်က အစိုးရဝန်ထမ်း (ဒါမှမဟုတ်) အဖွဲ့အစည်းကို လှည့်စားရင်၊ သူတို့ရဲ့တာဝန်လုပ်ဆောင်ချက်တွေကို အနှောင့်အယှက်ဖြစ်ရင် အများဆုံး ထောင် (၅) နှစ် (သို့) ဒဏ်ကြေးငွေ အများဆုံး ဒေါ်လာ (၈၀၉၀) တို့နဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ဒီအပြုအမူက လိမ်လည်လှည့်ဖြားတဲ့နည်းနဲ့ အစိုးရရဲ့တာဝန်နဲ့ ဝတ္တရားတို့ကို အနှောင့်အယှက်ဖြစ်စေမှုပါပဲ။

Ref: KCDC Addresses Kim Jaejoong’s Potential Punishment After Falsely Announcing COVID-19 Diagnosis

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top