ပညာရေးအပြင် အခြားနယ်ပယ်မှာလည်း ထူးချွန်တဲ့ ဂျက်လီရဲ့သမီးကြီး ဂျိန်း လီ

yyl-020-2.jpg

ကမ္ဘာကျော်အက်ရှင်မင်းသားကြီးဂျက်လီကို မသိတဲ့သူမရှိသလောက်ပါပဲ။ တရုတ်အက်ရှင်ဇာတ်ကားတွေမှာဆိုရင် ဂျက်လီကလည်း မင်းသားကြီးဂျက်ကီချန်းနဲ့ အပြိုင်အက်ရှင်မင်းသားကြီးပါပဲ။ အခုနောက်ပိုင်းမှာတော့ မင်းသားကြီးဂျက်လီက ကားရိုက်တွေကျဲနေတာ တွေ့ရပါတယ်။ နောက်ဆုံးရိုက်ကူးထားတဲ့ ဇာတ်ကားကတော့ ၂၀၂၀ခုနှစ်မှာ ရုံတင်ပြသမယ့် Mulanကားပါပဲ။ အရင်က မင်းသားကြီးဂျက်လီက ဒုတိယဇနီးနဲ့ ရထားတဲ့သမီး (၂) ယောက်ကို ပရိသတ်တွေ ရှေ့ထုတ်ပြခဲ့ဖူးပါတယ်။ သူက သမီးချောလေး (၂) ယောက်ကို ပိုင်ဆိုင်ထားတာပါ။

သမီး (၂) ယောက်ထဲက သမီးကြီး ဂျိန်း လီ (Jane Li) ကလည်း သူ့အဖေ ဂျက်လီလို့ပဲ သူ့ကိုယ်ပိုင်အစွမ်းအစနဲ့ အောင်မြင်နေတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ အသက် (၁၉) နှစ်သာရှိသေးတဲ့ ဂျိန်း လီက နိုင်ငံရပ်ခြားက နာမည်ကြီးတက္ကသိုလ်တွေဖြစ်တဲ့ ဟားဗတ်တက္ကသိုလ်၊ ယေးလ်တက္ကသိုလ်၊ ပရင်းတန်တက္ကသိုလ်တွေကနေ ကမ်းလှမ်းချက်တွေ လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဂျိန်း လီက အဲဒီတက္ကသိုလ်တွေထဲ ဟားဗတ်တက္ကသိုလ်ရဲ့ ကမ်းလှမ်းချက်ကို လက်ခံခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတည်းက ဂျိန်း လီက ဟားဗတ်တက္ကသိုလ်မှာ တက်ရောက်နေခဲ့ပါတယ်။

မကြာသေးခင်ကလည်း ဂျိန်းလီက Forbes မဂ္ဂဇင်းက “ကမ္ဘာ့ဟော့စ်အဖြစ်ဆုံးပါတီ” တွေထဲကတစ်ခုအဖြစ် သတ်မှတ်ထားတဲ့ Les Bal des Debutantes ပွဲကို ဖိတ်ကြားခံခဲ့ရပါတယ်။ ဒီပွဲကို နှစ်စဉ်နိုဝင်ဘာလမှာ ကျင်းပတာဖြစ်ပြီး ဖျော်ဖြေရေး၊ စီးပွားရေး၊ နိုင်ငံရေးလောကတွေမှာ လူသိများတဲ့မိသားစုက မိန်းကလေးတွေကို အမြဲလိုလို ဖိတ်ကြားတာဖြစ်ပါတယ်။ဂျိန်းလီမှာ အမေရိကန်ရဲ့ ပထမဆုံး အမျိုးသမီးသမ္မတဖြစ်ချင်တဲ့   ငယ်ဘဝအိပ်မက်ရှိခဲ့ဖူးပါတယ်။ သူက နိုင်ငံရေးစိတ်ဝင်စားတာအပြင် ဖက်ရှင်ဒီဇိုင်းကိုလည်း စိတ်ဝင်စားတဲ့ သူဖြစ်ပါတယ်။ ဒါ့အပြင် ဂျိန်းလီကို လူမှုရေးတက်ကြွလှုပ်ရှားသူ လို့လည်းပြောလို့ရပါတယ်။

ဟားဗတ်တက္ကသိုလ်မှာ ၂၀၂၂ခုနှစ်အတန်းအတွက် First Year Social Committee ရဲ့ ဘုတ်အဖွဲ့ဝင်တစ်ဦးအဖြစ် ဆောင်ရွက်ပါတယ်။ သူက Harvard Radcliffe Asian-American Associationအတွက် ခေါင်းဆောင်လည်းဖြစ်ပြီး အာရှလူမျိုးစုပြဿနာတွေအတွက် သိမြင်မှုတွေမြင့်မားအောင် လုပ်ဆောင်နေတာဖြစ်ပါတယ်။ ၂၀၁၆ခုနှစ်တုန်းကလည်း ကုလသမဂ္ဂနဲ့အတူ အလုပ်သင်လုပ်ခဲ့ဖူးပါတယ်။

ဂျိန်း လီရဲ့ဖခင် ဂျက်လီက သူ့ကလေးတွေကို စင်ကာပူပညာရေးစနစ်အောက်မှာ သင်ယူစေချင်တာကြောင့် အမေရိကန်နိုင်ငံသားအဖြစ်ကနေ စွန့်လွှတ်ပြီး စင်ကာပူနိုင်ငံသားအဖြစ် ခံယူခဲ့တာပါ။ အဲဒါကြောင့်ပဲ ဂျိန်းက စင်ကာပူနိုင်ငံမှာ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်ထိ (၁၀နှစ်ကျော်) ပညာသင်ယူခဲ့ပါတယ်။

သူက အကပညာမှာလည်း ထူးချွန်တဲ့သူတစ်ယောက်ပါ။ အသက် (၆) နှစ်အရွယ်တုန်းက အမျိုးသားအဆင့် လက်တင်အကပြိုင်ပွဲမှာ ချန်ပီယံနှစ်ကြိမ် ဖြစ်ခဲ့ဖူးပါတယ်။ ဂျိန်းလီက ဂျက်လီရဲ့ သမီးလို့ပြောရလောက်အောင် နယ်ပယ်အသီးသီးမှာ ထူးချွန်အောင်မြင်ပြီး ဘက်စုံတော်တဲ့သူပါပဲ။

Ref: Jet Li’s 19-year-old daughter, Jane, rejected Yale & Princeton universities for Harvard”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top