မက်ဆီနဲ့ ဟာလန်းလို့ တံဆိပ်ရိုက်ထားတဲ့ ကိုကင်းအထုပ်ပေါင်း ၃၇၀ (၁၀၃၆ ပေါင်) သိမ်းဆည်းရမိ

kok.jpg

မက်ဆီနဲ့ ဟာလန်းလို့ တံဆိပ်ရိုက်ထားတဲ့ အထုပ်တွေထဲမှ ကိုကင်း ၁၀၃၆ ပေါင်ကို ကိုလံဘီယာနယ်စပ် တူကန်မြို့မှာ အီကွေဒေါအာဏာပိုင်တွေက သိမ်းဆည်းရမိခဲ့ပါတယ်။

ကာချီခရိုင် တူကန်မြို့မှာ ကိုလံဘီယာအမျိုးသမီးတစ်ဦး မောင်းနှင်လာတဲ့ ထရပ်ကားကို ရှာဖွေစစ်ဆေးရာမှာ လျှို့ဝှက်အခန်းအတွင်းမှ ကိုကင်းအထုတ်ပေါင်း ၃၇၀ ကို တွေ့ရှိခဲ့တာပါ။

ကိုကင်းအထုတ် ၃၇၀ အနက် ၃၃၉ ထုပ်ဟာ မန်စီးတီးကြယ်ပွင့် ဟာလန်းပုံနဲ့ နာမည် တံဆိပ်ရိုက်ထားပြီး ကျန် ၃၁ ထုပ်ကတော့ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီပုံနဲ့ နာမည် တံဆိပ်ရိုက်ထားပါတယ်။ ဟာလန်းနဲ့ မက်ဆီလို့ တံဆိပ်ရိုက်ထားတာဟာ ပို့ဆောင်ရမယ့်နေရာ၊ လက်ခံမယ့်သူ ဒါမှမဟုတ် ကိုကင်းအရည်အသွေးကို ခွဲခြားဖော်ပြတဲ့ နည်းစနစ်တစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။

မာရီယာကာမီလာလို့ အမည်ရတဲ့ ကိုလံဘီယာအမျိုးသမီးကိုတော့ မူးယစ်ဆေးဝါး ကုန်ကူးမှုနဲ့ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

Ref: Ecuador seizes half-ton of cocaine marked with Haaland, Messi names

NZ (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top