(၁) နှစ်ကြာ လူမှုကွန်ယက်ပေါ်ကနေ ပျောက်ကွယ်နေခဲ့ပြီးနောက် ပြန်ပေါ်လာခဲ့တဲ့ ရှရွတ်ခန်းရဲ့သား

9-15-2022-yyl-29.jpg

(၁) နှစ်ကြာ လူမှုကွန်ယက်ပေါ်ကနေ ပျောက်ကွယ်နေခဲ့ပြီးနောက် ပြန်ပေါ်လာခဲ့တဲ့ ရှရွတ်ခန်းရဲ့သား

ဘောလိဝုဒ်ထိပ်တန်းမင်းသားကြီး ရှရွတ်ခန်းရဲ့သား အာရန် ခန်းဟာ ပြီးခဲ့တဲ့နှစ်က ဆေးမှုနဲ့သံသယရှိသူအဖြစ် ဖမ်းဆီးထိန်းသိမ်းခံရပြီးတဲ့နောက်မှာ လူမှုကွန်ယက်ပေါ်ကနေ ပျောက်နေခဲ့တာ (၁) နှစ်နီးပါးရှိခဲ့ပါတယ်။ အခု သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ Adidas ဖိနပ် NMD_V3 အတွက် ပရိုမိုးရှင်းဓာတ်ပုံရိုက်ကူးမှုက ပုံတွေကို မျှဝေပေးခဲ့ပါတယ်။

Adidas ဖိနပ် NMD_V3 အတွက် ရိုက်ထားတဲ့ပုံ

အသက် ၂၄ နှစ်အရွယ် အာရန်က ဆေးမှုနဲ့စွဲချက်တွေအားလုံး ကင်းရှင်းသွားခဲ့ပြီးပါပြီ။ သူ လူမှုကွန်ယက်ပေါ် ပြန်ပေါ်လာခဲ့တာကတော့ ပြီးခဲ့တဲ့လကတည်းကပါ။ သူ့ရဲ့မွေးချင်းမောင်နှမတွေနဲ့အတူ ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံကို စပြီးတင်ခဲ့တာပါ။ အဲဒီဓာတ်ပုံက Like ၁ သန်းကျော်ရရှိခဲ့ပါတယ်။

Adidas ဖိနပ် NMD_V3 အတွက် ရိုက်ထားတဲ့ပုံ

မနေ့က တင်ခဲ့တဲ့ Adidas ဖိနပ် NMD_V3 အတွက် ရိုက်ထားတဲ့ သူ့ရဲ့ဓာတ်ပုံပို့စ်မှာ သူ့ရဲ့အဖေ ရှရွတ်ခန်းက မှတ်ချက်ရေးခဲ့ပါတယ်။ အရမ်းမိုက်ကြောင်းနဲ့ မီခိုးရောင်တီရှပ်က သူ့ရဲ့တီရှပ်ဖြစ်ကြောင်း ရေးသားခဲ့ပါတယ်။ အာရန်ရဲ့ပို့စ်က တစ်ရက်အတွင်း Like ၅ သိန်းကျော် ရရှိထားပါတယ်။ အခြားဘောလိဝုဒ်ဆယ်လီတော်တော်များများနဲ့လူမှုကွန်ယက်အသုံးပြုသူတွေလည်း ကွန်မန့်တွေပေးခဲ့ကြပါတယ်။ ကွန်မန့်ပေးခဲ့သူတွေကဆိုရင် အာရန်ကို သူ့အဖေ ရှရွတ်ခန်းလို့တောင် ထင်မှတ်မိခဲ့ကြောင်း၊ အခုလိုမြင်ရတဲ့အတွက် အရမ်းပျော်ကြောင်းရေးသားခဲ့ပါတယ်။ အာရန်ရဲ့အမေ ဂေါ်ရီ ခန်းကလည်း သူ့သားရဲ့ပုံတွေထဲက တစ်ပုံကို တွစ်တာမှာ တင်ခဲ့ပါတယ်။ ရှရွတ်ခန်းကလည်း သူ့ဇနီးရဲ့ပို့စ်ကို သူ့သားနဲ့ပုံစံတူ Pose ပေးနေတဲ့ သူ့ရဲ့ပုံတစ်ပုံထည့်ပြီး မျှဝေခဲ့ပါတယ်။

အာရန်တို့မောင်နှမ (၃) ယောက်(ပြီးခဲ့တဲ့လက တင်ခဲ့တဲ့ပုံ)

အာရန်ခန်းဟာ ၂၀၁၉ ခုနှစ်က The Lion King Hindi ဗာရှင်းဇာတ်ကားမှာ Simba ဇာတ်ကောင်အတွက် အသံသရုပ်ဆောင်ခဲ့ဖူးပါတယ်။ ရှရွတ်ခန်းကလည်း Mufasa ဇာတ်ကောင်အဖြစ် အသံသရုပ်ဆောင်ခဲ့တာပါ။ အာရန်က နာမည်ကြီးရတာ မကြိုက်ပေမဲ့ ဒါရိုက်တာအဖြစ် နောက်ကွယ်ကနေ အလုပ်လုပ်ရတာကို နှစ်သက်တယ်လို့ ဖခင်ဖြစ်သူ ရှရွတ်ခန်းက ပြောပြခဲ့ဖူးပါတယ်။

ညီလေးနဲ့အတူ ရိုက်ထားတဲ့ပုံ


အာရန်ရဲ့ညီမလေး ဆူဟာနာကတော့ သူ့အဖေလို သရုပ်ဆောင်လုပ်ရတာ ဝါသနာပါတဲ့ပုံပါပဲ။ သူက Vogue မဂ္ဂဇင်းရဲ့မျက်နှာဖုံးရှင်အဖြစ် ပါဝင်ခဲ့ဖူးပါတယ်။ အခုလည်း သူ့ရဲ့ပထမဆုံးဇာတ်ကားဖြစ်တဲ့ The Archies ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။

The Archies က နာမည်ကြီး Archies ကာတွန်းစီးရီးကို ဇာတ်ကားအဖြစ် ရိုက်ကူးမှာဖြစ်ပြီး Netflix က ထုတ်လုပ်မှာဖြစ်ပါတယ်။ မင်းသမီးဆရီဒေဝီရဲ့သမီး ကူရှီ ကဘူး၊ ဝါရင့်သရုပ်ဆောင်မင်းသားကြီး အမီတာဘဂျမ်းရဲ့မြေး အာဂတ်စတာ နန်ဒါလို လူငယ်မျိုးဆက်သစ်တွေပါဝင်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ရှရွတ်ခန်းရဲ့သား မူးယစ်ဆေးနဲ့ ထိန်းသိမ်းခံခဲ့ရတဲ့အကြောင်း ဖတ်ရှုရန် သတင်းလင့်ခ်

Ref: AsiaOne “Bollywood star Shah Rukh Khan’s son Aryan returns to spotlight after hiatus”

NZ ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top