ဆေးရုံတက်နေတဲ့ နာမကျန်းကလေးတွေဆီ လာရောက်ပြီး သီချင်းဆိုပြခဲ့တဲ့ အက်ဒ်ရှီရန်

20.2.2023-image-၉.jpg

“Shape of You” သီချင်းအဆိုရှင် အက်ဒ်ရှီရန်ဟာ ဩစတြေးလျကလေးဆေးရုံကို တနင်္ဂနွေနေ့က လာရောက်ပြီး နာမကျန်းဖြစ်နေတဲ့ ကလေးတွေရဲ့တစ်နေ့တာကို တောက်ပသွားစေခဲ့ပါတယ်။ သူက ကလေးတွေကို ဂစ်တာတီးပြီး သီချင်းဆိုပြခဲ့တာပါ။

ဆယ်ကျော်သက်ကလေးတစ်ယောက်က အက်ဒ်ရှီရန်နဲ့အတူ သီချင်းဆိုခွင့်ရခဲ့ပါတယ်။ ကီယာဆင် လာတုဆိုတဲ့ အဲဒီဆယ်ကျော်သက်က အက်ဒ်နဲ့တွေ့ဆုံခွင့်ရတာဟာ သူ့ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ အကောင်းဆုံးအရာဖြစ်တဲ့အပြင် အိပ်မက်တွေ အမှန်တကယ်ဖြစ်လာခဲ့ပြီလို့ ဆိုပါတယ်။ အက်ဒ်က သူနဲ့အတူ သီချင်းဆိုဖို့ တောင်းဆိုတဲ့အချိန်မှာ အရမ်းစိတ်လှုပ်ရှားခဲ့ရတယ်လို့လည်း သူက ဆိုပါတယ်။ ကီယာဆင်ရဲ့ငယ်ဘဝတစ်စိတ်တစ်ပိုင်းဟာ ကင်ဆာရောဂါကို တွန်းလှန်နေရင်းနဲ့ အချိန်ကုန်နေခဲ့ရတာပါ။ အခုတော့ ကင်ဆာရောဂါကင်းစင်သွားခဲ့ပါပြီ။

ကလေးဆေးရုံကို အက်ဒ်ရှီရန် လာရောက်စဉ်အတွင်း နာမကျန်းဖြစ်နေတဲ့ကလေးတွေနဲ့အတူ ဓာတ်ပုံတွေရိုက်ခဲ့သလို ကလေးတွေနဲ့သူတို့ရဲ့မိသားစုဝင်တွေအတွက်လည်း သီချင်းသီဆိုပေးခဲ့ပါတယ်။ နာမကျန်းဖြစ်နေတဲ့ကလေးကို အက်ဒ်ရှီရန် ပျော်ရွှင်အောင်လုပ်ပေးခဲ့တာဆိုရင် ဒါဟာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။

၂၀၂၂ ခုနှစ်က အက်ဒ်ရှီရန်ဟာ သူ့ရဲ့အမာခံပရိသတ်တွေထဲကတစ်ယောက်ကို ခွန်အားဖြစ်စေမယ့်စကားပါးခဲ့ပါတယ်။ အဲဒီအမာခံပရိသတ်က ၁၅ နှစ်အရွယ် ဟယ်ရီဟန်ဒါဆိုတဲ့ ကောင်လေးပါ။ သူက ရုတ်တရက်ပြင်းထန်တဲ့ lymphocyte (သွေးဖြူဥဆဲလ်တစ်မျိုး) များတဲ့ သွေးကင်ဆာရောဂါကို ခံစားနေရင်းနဲ့ အက်ဒ်ရှီရန်ရဲ့သီချင်းတွေကို နားထောင်ခဲ့တာပါ။ အသက် ၉ နှစ်မှာ ရောဂါရှိမှန်းသိခဲ့ပြီး ကုသမှုခံယူနေစဉ် သူ့ရဲ့သီချင်းတွေကို နားထောင်ဖြစ်ခဲ့တာပါ။ ကလေးဆေးရုံမှာ တက်ရောက်ကုသနေစဉ်အတွင်း သူနာပြုတွေနဲ့အတူ အက်ဒ်ရဲ့သီချင်းတွေကို သီဆိုဖြစ်ခဲ့ပါတယ်။

အက်ဒ်ရှီရန်က ဟယ်ရီဆီကို ကင်ဆာရောဂါကို ဆက်ပြီး တွန်းလှန်သွားဖို့ ပြောထားတဲ့ ဗီဒီယိုကို ပို့ခဲ့တာပါ။ “ဟေ့….ဟယ်ရီ…ငါ အက်ဒ်ရှီရန်ပါ။ မင်းက ငါ့သီချင်းတွေကို နှစ်သက်တဲ့ပရိသတ်ဆိုတာ ကြားသိရတယ်။ ဒါကြောင့် မင်းအတွက် ဗီဒီယိုတစ်ခု လုပ်ပေးချင်ခဲ့တယ်”လို့ အက်ဒ်က ပြောခဲ့တာပါ။
အက်ဒ်က လက်ရှိမှာ သူ့ရဲ့Mathematics ကမ္ဘာလှည့်ဖျော်ဖြေပွဲအတွက် ဩစတြေးလျနိုင်ငံမှာ ရောက်ရှိနေတာပါ။

Ref: Ed Sheeran sings to sick kids at Australian hospital during surprise visit

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top