မျက်ဆန်အပါအဝင် ခန္ဓာကိုယ်ရဲ့ ၉၈ ရာခိုင်နှုန်းကို တတ်တူးတွေ ထိုးထားတဲ့ အမျိုးသမီး

11-7-2022-35.jpg

အသက် ၂၇ နှစ် အရွယ် အမ်ဘာ လုခ် အမည်ရတဲ့ မော်ဒယ်ဟာ သူ့ခန္ဓာကိုယ်ရဲ့ ၉၈ ရာခိုင်နှုန်းကို တတ်တူးတွေနဲ့ ဖုံးအုပ်ထားတာပါ။ မျက်ဆန်ကိုလည်း တက်တူးထိုးခဲ့တာကြောင့် (၃) ပတ်လောက် မျက်စိကွယ်ခဲ့ရပေမဲ့ တတ်တူးတွေနဲ့ သူ့ရဲ့အသွင်အပြင်နဲ့ပတ်သက်ပြီး နောင်တမရဘူးလို့ပြောပါတယ်။

အမ်ဘာက ခန္ဓာကိုယ်မှာ တတ်တူးတွေနဲ့ ပုံဖော်ဖို့အတွက် ဒေါ်လာ ၂၅၀,၀၀၀ ကျော် အကုန်အကျခံခဲ့တာပါ။ တက်တူးထိုးတဲ့အပေါ် ငွေအများကြီးအကုန်အကျခံခဲ့တာကြောင့် သူ့ရဲ့ပရိသတ်တွေက တက်တူးထိုးတာကို ရပ်ပစ်ဖို့ ထပ်ခါတလဲလဲ တောင်းဆိုခဲ့ပေမဲ့ ဒီငွေပမာဏက တတ်တူးတွေအတွက် တန်တယ်လို့ သူက ဆိုပါတယ်။ ခန္ဓာကိုယ်မှာ တက်တူးတွေထိုးပြီးတဲ့နောက်မှာ သူ ဘယ်လောက်ခံနိုင်ရည်ရှိလဲဆိုတာ မြင်တွေ့ခဲ့ရတာကြောင့်ပါတဲ့။

သူက အင်စတာဂရမ်ပို့စ်တစ်ခုမှာ မျက်ဆန်ကို တက်တူးထိုးခဲ့တာနဲ့ပတ်သက်ပြီး ပြောခဲ့ပါသေးတယ်။ မျက်ဆန်ကို တက်တူးထိုးခဲ့တာက လွန်ခဲ့တဲ့ ၅ နှစ်ကပါ။ သူ့မျက်ဆန်တစ်ခုစီကို အရောင်ဆေးရည်ပါတဲ့ ဆေးထိုးအပ်နဲ့ ၄ ခါ ထိုးသွင်းခဲ့တာပါ။ မျက်ဆန်ကို တက်တူးထိုးပြီးတဲ့နောက်မှာ ငိုတော့ အပြာရောင်မျက်ရည်တွေကျခဲ့ပါတယ်။ အပြာရောင်မျက်ရည်ကျတာက (၂) ရက်လောက်ကြာပါတယ်။ (၃) ပတ်လောက် မျက်စိလည်းကွယ်ခဲ့ရတာကြောင့် အခြားသူတွေကို အားကိုးခဲ့ရပါတယ်။

အမ်ဘာက အသက် ၁၆ နှစ်မှာ တတ်တူးစထိုးခဲ့တာ​ဖြစ်ပြီး အဲဒီတုန်းက တတ်တူးထိုးရတဲ့အတွေ့အကြုံက အရမ်းပျော်စရာကောင်းတဲ့အရာတစ်ခုခုကို ​ဖြတ်သန်းလိုက်ရသလိုပါပဲတဲ့။

Ref: Ladbible “Woman Who Went Blind After Eyeballs Were Tattooed Says She ‘Doesn’t Regret’ Getting Them Done”

NZ ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top