ခေတ္တအနားယူပြီးတဲ့နောက် ဂီတအလုပ်တွေပြန်လည်လုပ်ကိုင်နေပြီဖြစ်တဲ့ BTS

yyl-033-3.jpg

ပရိသတ်အခိုင်အမာရရှိထားတဲ့ ကမ္ဘာကျော်ကိုရီးယားအဖွဲ့ BTS ဟာ ၂၀၁၃ခုနှစ်မှာ ပွဲဦးထွက်ပြီးကတည်းက ပထမဆုံးအကြိမ်ခတ္တခဏအနားယူမယ့်အကြောင်းကို သြဂုတ်လ (၁၁) ရက်နေ့က ကြေညာခဲ့တာဖြစ်ပါတယ်။ သူတို့အဖွဲ့က ကမ္ဘာလှည့်ဖျော်ဖြေပွဲတွေ ဆက်တိုက်ကျင်းပခဲ့ရတာကြောင့် တစ်ခါမှ ရက်ကြာကြာအနားမယူခဲ့ရတဲ့အတွက် သူတို့ရဲ့အေဂျင်စီက အဖွဲ့ဝင်တွေကို သာမန်လူတွေလိုအပျော်ခရီးထွက်ပြီး အနားယူခွင့်ပေးခဲ့တာဖြစ်ပါတယ်။ အခုတော့ BTS အဖွဲ့က ဂီတအလုပ်တွေ ပြန်လုပ်ကိုင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။

မနေ့က စက်တင်ဘာလ (၁၆) ရက်နေ့မှာ အဲဒီအဖွဲ့ရဲ့ အေဂျင်စီ Big Hit Entertainment က BTS အဖွဲ့ အနားယူတဲ့ကာလအဆုံးသတ်လိုက်ပြီဖြစ်ကြောင်းနဲ့ စီစဉ်ဆွဲထားတဲ့အလုပ်တွေအတွက် နိုင်ငံခြားခရီးစဉ်ထွက်ရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီနေ့မှာပဲ BTS အဖွဲ့ဝင်တွေကို အင်ချွန်းလေဆိပ်မှာ တွေ့မြင်ခဲ့ရပါတယ်။

သူတို့တွေ ဘယ်နေရာကို ဦးတည်သွားမယ်ဆိုတာကိုတော့ Big Hit Entertainment က တုံ့ပြန်ပြောကြားထားခြင်းမရှိပါဘူး။ ဒါပေမဲ့ ကိုရီးယားမီဒီယာတွေက တီဗီရှိုးတစ်ခုရိုက်ကူးဖို့ ထွက်ခွာနေတာဖြစ်နိုင်တယ်လို့ ခန့်မှန်းချက်တွေတော့ ရှိနေပါတယ်။

BTS အဖွဲ့က အောက်တိုဘာ (၁၁) ရက်နေ့မှာ ဆော်ဒီအာရေဗျနိုင်ငံက King Fahd International Stadium မှာ “Love Yourself: Speak Yourself” ဖျော်ဖြေပွဲကို ကျင်းပမှာဖြစ်သလို အောက်တိုဘာ (၁၆)၊ (၂၇)၊ (၂၈) ရက်တွေမှာလည်း ကမ္ဘာလှည့်ဖျော်ဖြေပွဲ အဆုံးသတ်အနေနဲ့ ဆိုးလ်မြို့၊ Olympic Stadium မှာ ဖျော်ဖြေတင်ဆက်သွားဦးမှာဖြစ်ပါတယ်။

Ref: CNN “K-Pop superstars BTS are back, a month after announcing their extended break”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top