လိုအပ်နေတဲ့သူတွေကို ကူညီဖို့ လက်ပတ်တွေ လုပ်ရောင်းပြီး ငွေရှာခဲ့တဲ့ ကလေးမလေး

10-6-2020-yyl-011.jpg

ကိုဗစ်ကာလအတွင်းမှာ အခက်အခဲ ဖြစ်နေတဲ့သူတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီပေးနေတဲ့ အစိုးရအဖွဲ့အစည်းတွေ၊ ပရဟိတအဖွဲ့အစည်း တွေရှိကြပါတယ်။ လိုအပ်နေတဲ့သူတွေကို ကူညီပေးနေတာ အဖွဲ့အစည်းတွေအပြင် တစ်ဦးတစ်ယောက်ချင်းလည်း ပါဝင်ပါတယ်။ အဲဒီလူတွေထဲမှာ မီနီရ်ပိုလစ်မြို့က အသက် (၉) နှစ်အရွယ် လူမည်း ကလေးမလေး ကန်ရင် ဂျွန်ဆန်ကလည်း အသားရောင်မခွဲခြားဘဲ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအတွင်းမှာ အခက်အခဲဖြစ်နေတဲ့သူတွေကို လက်ပတ်လေးတွေလုပ်ရောင်းပြီး ကူညီပေးနေပါတယ်။ “သမီးတို့ လက်ပတ်တွေလုပ်ပြီး မီနီရ်ပိုလစ်မြို့က လူတွေကို ပိုက်ဆံတွေပေးပါတယ်။ ဝယ်သူလာတဲ့အချိန်တိုင်း သမီးတို့ ဘာလို့လုပ်နေရတာလဲဆိုတာကို သူတို့ကို အမြဲပြောပြပါတယ်”လို့ ရောင်စုံအပ်ချည်တွေနဲ့ ပြုလုပ်ထားတဲ့လက်ပတ်တွေကို ရောင်းချနေတဲ့ ကန်ရင်က ပြောပါတယ်။

ကင်ရင်က လက်ပတ်လုပ်ရောင်းမယ့်အကြံကို သူ့သူငယ်ချင်းတွေနဲ့အတူ တိုင်ပင်ခဲ့ပြီး သူ့ရပ်ကွက်မှာ ဆိုင်လေးတစ်ဆိုင်ဖွင့်ခဲ့ပါတယ်။ ဒီနည်းလမ်းက ဒေါ်လာ ၄၀,၀၀၀ကျော်ကို ရအောင်လုပ်နိုင်သလို သူနဲ့ သူ့မိသားစုကိုလည်း အပေါင်းအသင်း ဝင်ဆံ့စေပါတယ်။ “ကျွန်မတို့တွေ စကားစမြည်းပြော ဖြစ်ကြပါတယ်။ ကျွန်မတို့ကို အိမ်နီးချင်းတချို့နဲ့ တွေ့ဆုံစေခဲ့ရုံသာမက ကမ္ဘာကြီးမှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေကိုလည်း အတူဖြေရှင်း နေကြရပါတယ်” လို့ ကန်ရင်ရဲ့မိခင် ရှာနီ ဂျွန်ဆန်က ပြောပါတယ်။

ရှာနီ သတိရမိတဲ့ စကားကတော့ George Floydရဲ့သေဆုံးမှုနဲ့ပတ်သက်ပြီး စိတ်မကောင်းဖြစ်ပြီး တောင်းပန်တယ်လို့ သူ့ကို အမျိုးသားတစ်ယောက် ပြောခဲ့တာပါပဲ။ “သူ ငိုပြီး ကျွန်တော် စိတ်မကောင်းပါဘူးလို့ ပြောပါတယ်။ အရင်က မပြောဖြစ်ခဲ့တဲ့ စကားတွေကို ပြောဖြစ်ခဲ့ပါတယ်။ လူတွေက ပြောင်းလဲချင်စိတ်ရှိရင် ဒီကမ္ဘာကြီးလည်း ပြောင်းလဲသွားနိုင်ပါတယ်”လို့ ရှာနီက ပြောပါတယ်။

ရောင်စုံလက်ပတ်တွေ ဝတ်ဆင်ရင်းနဲ့ လူတိုင်းရဲ့ ခြားနားချက်တွေဟာ ကမ္ဘာကြီးကို ထူးခြားသွားစေတယ်လို့ ကန်ရင်ရဲ့ဖခင်က ခံယူထားပါတယ်။ “လက်ပတ်လေးတွေကို လက်ဖြူဖြူလေး မှာလည်းတွေ့ရမယ်၊ နောက်ထပ်အသားရောင် အမျိုးမျိုးမှာလည်း တွေ့ရမယ်။ အချင်းချင်းဝေဖန်ပြောဆိုမှု တွေမရှိဘဲနဲ့ ပေါ့”လို့ ကန်ရင်ရဲ့ဖခင်က ပြောပါတယ်။ ကန်ရင် အနေနဲ့ကတော့ မီနီရ်ပိုလစ်မြို့က အခက်ခဲဖြစ်နေတဲ့သူတွေကို ကူညီဖို့အတွက် ဒေါ်လာ (၄၂၀၀၀) ကျော် ရရှိခဲ့ပါတယ်။ “ကျွန်မတို့ သူ့အတွက်ဂုဏ်ယူပါတယ်။ ကျွန်မတို့ စိတ်ကူးထားတာထက်ကို အရမ်းကောင်းတဲ့ အကြံဉာဏ်ဖြစ်ခဲ့တယ်”လို့ ကန်ရင်နဲ့ပတ်သက်ပြီး ရှာနီက ပြောပါတယ်။

Ref: 9-year-old raises money with homemade friendship bracelets to help those in need in Minneapolis

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top