အီရန်နိုင်ငံနဲ့ အလေးအနက်ဆွေးနွေးဖို့ အသင့်ရှိတယ်လို့ အမေရိကန် ပြော

Y1-4.jpg

ကြိုတင်ကန့်သတ်ချက်တွေမရှိဘဲ အီရန်နိုင်ငံနဲ့ အလေးအနက် ဆွေးနွေးညှိနှိုင်းဖို့ အသင့်ရှိတယ်လို့ အမေရိကန်နိုင်ငံက ပြောပါတယ်။ အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့မှာ အီရန်စစ်ဗိုလ်ချုပ် ဆိုလေမာနီကို လုပ်ကြံခဲ့တဲ့လုပ်ရပ်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခဲ့တာလို့ ကုလသမဂ္ဂထံ ပေးပို့တဲ့ စာထဲမှာ အမေရိကန်နိုင်ငံက ဖော်ပြခဲ့ပါတယ်။

“ အီရန်အစိုးရက အခြေအနေတင်းမာအောင် မဖန်တီးဖို့၊ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို နောက်ထပ်အန ္တရာယ်မပြုနိုင်အောင် ကာကွယ်ဖို့ ရည်မှန်းချက်ကြောင့် အမေရိကန်နိုင်ငံဘက်က ဆွေးနွေးညှိနှိုင်းမှုလုပ်ဖို့ အသင့်ပါပဲ’’လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီထံ ပေးပို့ခဲ့တဲ့ စာထဲမှာ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် ကယ်လီခရက်ဖ်က ရေးသားခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ ပဋိဉာဉ်စာချုပ် ပုဒ်မ(၅၁)အရ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခွင့်ကို အသုံးပြုပြီးရင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံ အစီရင်ခံစာ ချက်ချင်းတင်ပြရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ အီရတ်နိုင်ငံမှာရှိတဲ့ အမေရိကန် စစ်တပ်အခြေစိုက်စခန်းတွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခဲ့တာလို့ အီရန်နိုင်ငံက ဆိုပါတယ်။ အရှေ့အလယ်ပိုင်းမှာရှိတဲ့ အမေရိကန်စစ်သည်တွေနဲ့ အမေရိကန်နိုင်ငံရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ လိုအပ်လာရင်တော့ နောက်ထပ်လှုပ်ရှားမှု လုပ်သွားမယ်လို့ အမေရိကန်နိုင်ငံက ကုလသမဂ္ဂထံ ပေးပို့တဲ့စာထဲမှာ ထည့်သွင်းရေးသားထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top