ချစ်သူကောင်လေးသေဆုံးခဲ့တာ (၂) နှစ်ကျော်ကြာနေပေမယ့်လည်း အခုထိသတိတရရှိနေတဲ့ မော်ဒယ်ကောင်မလေးရဲ့သစ္စာတရား

yyl-056.jpg

လွန်ခဲ့တဲ့ (၂) နှစ်ကျော်က တရုတ်ဖိလစ်ပိုင်ကပြားမော်ဒယ်မလေး ဂျာနီကာ နမ် ဖလော်ရက်ကာ (Janica Nam Floresca) နဲ့ သူ့ချစ်သူကောင်လေး ဖိလစ်ပိုင်အကသမား ဖရန်ကို ဟာနန်ဒက်ဇ် (Franco Hernandez) တို့စုံတွဲဟာ အများအားကျခဲ့ရတဲ့၊ အရမ်းချစ်ကြတဲ့စုံတွဲလေးပေါ့။ ဒါပေမဲ့ ၂၀၁၇ခုနှစ် နိုဝင်ဘာလမှာ အရမ်းချစ်ကြတဲ့သူတို့ရဲ့အချစ်ဇာတ်လမ်းလေးဟာ ဝမ်းနည်းစရာဇာတ်လမ်းလေးအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။

မတော်တဆဖြစ်ရပ်တစ်ခုက သူတို့နှစ်ယောက်ရဲ့ချစ်ခြင်းကိုခွဲခဲ့တာပါ။ ၂၀၁၇ခုနှစ်နိုဝင်ဘာလမှာ သူတို့စုံတွဲဟာ ပင်လယ်ဘက်ကို အလည်အပတ်ခရီးထွက်လာခဲ့တာပါ။ လှေစီးတဲ့အချိန်မှာ လှိုင်းထန်တဲ့အတွက် လှေမှောက်သွားခဲ့ပြီး သူတို့နှစ်ယောက်လုံးက ရေမကူးတတ်ကြပါဘူး။ ဒါကြောင့် ဂျာနီကာဟာ ေျလှသမားကို တွဲဖက်တက်နေတုန်းမှာ ဖရန်ကိုက သူမကို ကိုင်ပေးထားခဲ့ပါတယ်။

နောက်ထပ်လှိုင်းတစ်ခုကလာပြီး ဖရန်ကို ကို ဂျာနီကာဆီကနေ ဆွဲချသွားခဲ့ပါတယ်။ သူတို့ကို ကယ်ဆယ်ခဲ့တဲ့အချိန်မှာ ဖရန်ကိုဟာ သတိမေ့မျောနေခဲ့ပြီး ဆေးရုံရောက်တော့ သေဆုံးသွားခဲ့ပါတယ်။ ဖရန်ကို သေဆုံးတော့ အသက် (၂၆)နှစ်သာ ရှိပါသေးတယ်။

ဂျနီကာဟာ သူ့ချစ်သူဖရန်ကို သေဆုံးသွားခဲ့တဲ့ လွန်ခဲ့တဲ့ (၂) နှစ်ကျော်ကစလို့ အခုချိန်ထိ ချစ်သူအပေါ်ထားတဲ့ သူ့ရဲ့အချစ်တွေက မပျက်ပျက်သေးပါဘူး။ သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ သူတို့နှစ်ယောက်ရဲ့ပုံတွေ၊ ဖရန်ကိုတစ်ယောက်တည်းပုံတွေကို ပုံမှန်လိုလို တင်ဖြစ်ပါတယ်။ သူ့ရဲ့ပို့စ်တွေက သူ့ရဲ့ချစ်ခြင်းမေတ္တာ၊ သစ္စာတရားတွေနဲ့ ပြည့်နေတယ်ဆိုတာ သိသာပါတယ်။

သူတို့နှစ်ယောက်အတူရှိခဲ့တဲ့ ပျော်ရွင်စရာအမှတ်တရတွေနဲ့ပြည့်နေတဲ့ snapshot ပုံတွေကိုလည်း အင်စတာဂရမ်မှာ မျှဝေထားပါတယ်။ သူ့ရဲ့ချစ်သူသေဆုံးသွားခဲ့ပြီဖြစ်ပေမယ့် ဖရန်ကိုရဲ့မိသားစုနဲ့ အဆက်အသွယ်ရှိနေပြီး သူ့ရဲ့အုတ်ဂူကို သွားလည်ဖြစ်တယ်ဆိုတာကို သူ့ရဲ့အင်စတာဂရမ်ပို့စ်တွေက ပြသနေပါတယ်။ ဂျနီကာက ဖရန်ကိုကို သတိရတဲ့အနေနဲ့ အမှတ်တရတတ်တူးတွေလည်း ထိုးထားပါသေးတယ်။ အင်စတာဂရမ်မှာတင်တဲ့ သူ့ရဲ့ပို့စ်တွေက သူ့ချစ်သူကို ဘယ်လောက်တောင် တမ်းတသတိရနေလဲဆိုတာ မြင်တွေ့ရပါတယ်။

အင်စတာဂရမ်အသုံးပြုသူတွေကလည်း သူ့ရဲ့ပို့စ်အောက်မှာ ဖရန်ကို အသက်ရှင်နေသေးသလို ခံစားနေရတယ်လို့လည်း မှတ်ချက်ပေးထားတာတွေရှိပါတယ်။ ဂျနီကာက ဖရန်ကိုနဲ့ပတ်သက်ပြီး လွမ်းဆွတ်တမ်းတတဲ့အခါ၊ ဖရန်ကိုရဲ့မွေးနေ့၊ သေဆုံးတဲ့နှစ်ပတ်နေ့တွေရောက်တိုင်းလည်း အမှတ်တရစာသားလေးတွေနဲ့ ပို့စ်တွေကို တင်နေတာ အခုအချိန်ထိပါပဲ။

Janica Nam Floresca ရဲ့ အင်စတာဂရမ်အကောင့် – https://www.instagram.com/janicanam/

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top