အမေရိကန်နိုင်ငံထဲ ဝင်ခွင့်မရလို့ မက္ကဆီကိုနိုင်ငံသားတစ်ယောက် လည်လှီးပြီး အဆုံးစီရင်

11-1.jpg

အမေရိကန်နိုင်ငံက ပြည်ဝင်ခွင့် ငြင်းဆန်ခဲ့ပြီးနောက်မှာ မက္ကဆီကိုနိုင်ငံသားတစ်ယောက်က နှစ်နိုင်ငံ နယ်စပ်ကြား မြစ်ကူးတံတားပေါ်မှာ ကိုယ့်လည်ပင်းကိုယ်လှီးပြီး အဆုံးစီရင်ခဲ့တယ်လို့ မက္ကဆီကိုနိုင်ငံ လုံခြုံရေးအရာရှိ ၂ ယောက်က ပြောပါတယ်။ အမေရိကန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့တဲ့ မက္ကဆီကို နိုင်ငံသားရဲ့ အမည်ကို ခွဲခြားဖော်ပြခြင်းမရှိပါဘူး။ အသက် ၃၀ ဝန်းကျင်ရှိတဲ့ အဲဒီအမျိုးသားဟာ မက္ကဆီကိုနိုင်ငံ ရေးနိုဆာမြို့နဲ့ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၊ ဖားမြို့ကြားရှိ ဖား-ရေးနိုဆာ နိုင်ငံတကာတံတားကနေ အမေရိကန်နိုင်ငံထဲ ဝင်ရောက်ဖို့ ကြိုးစားခဲ့တာပါ။

ပြည်ဝင်ခွင့် ငြင်းဆန်ခံရတဲ့ အမျိုးသားဟာ ဇန်နဝါရီလ ၈ ရက် ဒေသစံတော်ချိန် ၅ နာရီဝန်းကျင်က ကိုယ့်လည်ပင်းကိုယ် ဓားနဲ့လှီးခဲ့တာလို့ မက္ကဆီကိုနိုင်ငံ လုံခြုံရေးအရာရှိတွေက ပြောပါတယ်။ မက္ကဆီကိုနယ်စပ်ဘက် အခြမ်းမှာရှိပြီး နယ်စပ်မျဉ်းနဲ့ အလှမ်းမဝေးတဲ့ တံတားပေါ်မှာ အဆုံးစီရင်ခဲ့တာလို့ ဆိုပါတယ်။ မက္ကဆီကိုနိုင်ငံမှာ ဆူပူသောင်းကျန်းတဲ့ ဒုစရိုက်ဂိုဏ်းတွေကြောင့် အသက်အန ္တရာယ် ခြိမ်းခြောက်ခံနေရတဲ့ မက္ကဆီကို နိုင်ငံသား တော်တော်များများက အမေရိကန်နိုင်ငံမှာ ခိုလှုံခွင့် တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း နယ်စပ်လုံခြုံရေး တင်းကျပ်ဖို့၊ အမေရိကန်-မက္ကဆီကိုနယ်စပ်မှာ တရားမဝင် ဝင်ရောက်ခိုလှုံသူ အရေအတွက်ကို လျှော့ချနိုင်ဖို့ အဓိကဦးစားပေးလုပ်ဆောင်နေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top