အသက် ၁၀ နှစ်မှာ ကောလိပ်တက်ပြီး အသက် ၁၇ မှာ ပါရဂူဘွဲ့ရယူခဲ့တဲ့ ဆယ်ကျော်သက်

15.5.24-yyl-4.jpg

ရှီကာဂိုမြို့က ဆယ်ကျော်သက်ကောင်မလေးဟာ အသက် ၁၇ နှစ်မှာပဲ ပါရဂူဘွဲ့ကို ရယူခဲ့ပါတယ်။ ။ ဒိုရိုသီ ဂျင်း တီလ်မန်းဆိုတဲ့ အဲ့ဒီဆယ်ကျော်သက်ကောင်မလေးက အသက် ၁၀ နှစ်အရွယ်မှာ ကောလိပ်မတတ်ခင် အစောပိုင်းနှစ်တွေမှာ အိမ်မှာပဲ စာသင်ယူခဲ့တာပါ။

၂၀၂၀ ခုနှစ်မှာ သူဟာ မဟာသိပ္ပံဘွဲ့ (Master of Science Degree) ကို ရရှိခဲ့ပြီး ၁ နှစ်အကြာ အသက် ၁၅ နှစ်မှာ Arizona State University မှာ ပါရဂူဘွဲ့ရယူဖို့ Behavioral Health Management ပရိုဂရမ်ကို လက်ခံခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာမှာ သူက ပါရဂူဘွဲ့ကို အောင်မြင်စွာရယူနိုင်ခဲ့ပါတယ်။ မေလ ၆ ရက်နေ့မှာတော့ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ အဲ့ဒီပါရဂူဘွဲ့ကို ကိုယ်တိုင်တက်ရောက်ယူခဲ့ပါတယ်။

ဒိုရိုသီက Behavioral Health program မှာ ပါရဂူဘွဲ့ကို ရယူနိုင်ခဲ့တဲ့ အသက်အငယ်ဆုံးပုဂ္ဂိုလ်ဖြစ်တယ်လို့ သိရပါတယ်။ သူဟာ သူ့ရဲ့စာသင်ယူလေ့လာမှုကို ချစ်မြတ်နိုးစိတ်နဲ့ လူတွေကို ဆက်လက်လှုံ့ဆော်ပေးဖို့ မျှော်လင့်ထားပါတယ်။ ဘွဲ့ယူပြီးနောက် သူ့ရဲ့အစီအစဉ်တွေကတော့ အခြားဆယ်ကျော်သက်တွေလိုပါပဲ။ သူ့ရဲ့တိကျတဲ့အိပ်မက်နဲ့ ပန်းတိုင်တွေကို ရှာဖွေနေဆဲဖြစ်တယ်လို့ သိရပါတယ်။

Ref: Teen walks at graduation after completing doctoral degree at 17

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top