Squid Game ကို ကလေးငယ်တွေ ပေးမကြည့်ဖို့ မိဘတွေကို အင်္ဂလိပ်ကောင်စီက သတိပေး

18-10-2021yyl06.png

အင်္ဂလန်တောင်ပိုင်းက ကောင်စီတစ်ခုက ကလေးငယ်တွေကို Netflix ရဲ့နာမည်ကြီးမူရင်းစီးရီးSquid Game ကြည့်ခွင့်မပြုဖို့ မိဘတွေကို တိုက်တွန်းသတိပေးလိုက်ပါတယ်။ ၇ နှစ်အရွယ်လောက် ငယ်ရွယ်လှတဲ့ ကလေးတွေက အဲဒီစီးရီးက ဂိမ်းတွေကို ကျောင်းမှာ ကစားနေတယ်ဆိုတဲ့ တင်ပြချက်တွေ ထွက်ရှိလာပြီးတဲ့နောက်မှာ အခုလို သတိပေးလိုက်တာဖြစ်ပါတယ်။

စီးရီးမှာ ပါဝင်တဲ့ အကြောင်းအရာတချို့ပြောရရင် ပြိုင်ပွဲဝင်တွေက ငွေသားဆုတစ်ခုရယူဖို့အတွက် ရက်စက်ကြမ်းကြုတ်စရာကောင်းတဲ့ ကလေးဂိမ်းအမျိုးမျိုးမှာပါဝင်ကြရပါတယ်။ ဂိမ်းတစ်ခုရှုံးရင် ရက်ရက်စက်စက်ပစ်သတ်ခံရပါတယ်။ The Guardian သတင်းဌာနအရတော့ Central Bedfordshire ကောင်စီရဲ့ပညာရေးအကာအကွယ်ပေးရေးအဖွဲ့က ကလေးတွေကို ကြည့်ခွင့်မပေးဖို့ မိဘတွေဆီ အီးမေးလ်တစ်စောင်ရေးသားပေးပို့သတိပေးခဲ့တာပါ။

“ကျောင်းတက်နေစဉ် ကလေးတွေနဲ့လူငယ်တွေက Squid Game ကစားတာနဲ့ပတ်သက်ပြီး စိတ်မအေးဖွယ်ရာ အစီရင်ခံစာတွေရှိပါတယ်။ Squid Game ကိုလည်း YouTube၊ TikTok လို အခြားပလက်ဖောင်းတွေကနေတဆင့်ကြည့်ရှုနေကြပြီး စီးရီးမှာ ပါဝင်တဲ့ ဂိမ်းတွေကို လူကြိုက်များလာတဲ့အတွက် developer တွေက Squid Game ကို အခြေခံပြီး အမျိုးမျိုးသောဂိမ်းအသေးစားတွေကိုဖန်တီးခဲ့ကြပါတယ်။ ကလေးတွေက Squid Game ကို မကြည့်သင့်ဘူးလို့ ကျွန်တော်တို့ အလေးအနက် တိုက်တွန်းလိုက်ပါတယ်။စီးရီးက အတော်လေးကို ရက်စက်ကြမ်းတမ်းတဲ့အကြောင်းအရာတွေပါဝင်ပါတယ်”လို့ အီးမေးလ်မှာ ရေးသားထားပါတယ်။

ကျောင်းသားမိဘတစ်ယောက်လည်း အခုလို တွစ်တာမှာ ပြောထားပါသေးတယ်။ ” ကလေးတွေက Squid Game ကို အတုခိုးပြီး သူတို့ကိုယ်ပိုင်ဗာရှင်းအနေနဲ့ ကစားနေကြပြီး ကလေးတွေ Squid Game ကို အတုယူမယ်ဆိုရင် မိဘတွေ ဒဏ်ခတ်ခံရမယ်ဆိုတဲ့ အသိပေးစာတစ်စောင်ကို ကျောင်းကပို့တာ မယုံကြည်နိုင်လောက်အောင်ပါပဲ။ ဒီစီးရီးရဲ့အောင်မြင်ကတော့ အံ့မခန်းပါပဲ”လို့ ဆိုပါတယ်။ John Bramston မူလတန်းကျောင်းကလည်း Squid Game ကအတိုင်း ဂိမ်းတွေကို အတုယူကစားတာကြောင့် ကလေးတွေကြားမှာ ဖြစ်လာတဲ့ ပြဿနာတွေက မြှင့်တက်လာနေတယ်လို့ မိဘတွေကို ပြောကြားခဲ့ပါတယ်။

မူလတန်းကျောင်းက ပေးပို့တဲ့စာမှာတော့ “ချစ်ခင်လေးစားရပါသောမိဘများခင်ဗျာ.Squid Game ကြည့်နေတဲ့ ကျွန်တော်တို့ရဲ့ကလေးတွေကို အာရုံစိုက်ရတော့ပါမယ်။ ကစားကွင်းမှာ ဒီဂိမ်းလိုမျိုး သူတို့ရဲ့ကိုယ်ပိုင်ဗာရှင်းနဲ့ ကစားနေကြတဲ့ ကလေးတွေများလာတာကို ကျွန်တော်တို့ သတိထားမိပါတယ်။ အဲဒါက သူတို့ရဲ့သူငယ်ချင်းအုပ်စုအတွင်း ပဋိပက္ခ ဖြစ်စေပါတယ်။ ဒီစီးရီးကို ကြည့်နေတဲ့ ကလေးတွေက အကြမ်းဖက်မှုရဲ့လက်တွေ့ဆန်တဲ့မြင်ကွင်းတွေကို မြင်တွေ့လာကြပြီး ဝမ်းနည်းစရာကောင်းတာကတော့ ကစားကွင်းမှာ ဒီလိုအပြုအမူတွေ လုပ်နေကြပါတယ်။

ဒီစီးရီးက ၁၅ နှစ်အောက်ကလေးတွေ မကြည့်သင့်ဘူးဆိုတာ မိဘတွေကို သတိပြုမိစေချင်ပါတယ်။ မူလတန်းကလေးတွေအတွက် လုံးဝမသင့်တော်ပါဘူး၊ ဒီအပြုအမူတွေကို သရုပ်ဖော်တဲ့၊ အတုခိုးတဲ့ ဘယ်ကလေးမဆို မိဘတွေခေါ်ပြီး အရေးယူမှုတွေလုပ်ရပါလိမ့်မယ်။ ကျေးဇူးပြုပြီး ကလေးတွေအတွက် ဒီတီဗီပရိုဂရမ်ရဲ့အန္တရာယ်ကို သတိပြုပေးကြပါ။ အချင်းချင်းပစ်ခတ်တာမျိုး ဟန်ဆောင်တာက မသင့်တော်ပါဘူး။ လက်ခံလို့လည်းမရပါဘူးဆိုတာ ကျေးဇူးပြုပြီး သေချာမျှဝေပေးပါ။ ကျေးဇူးပြုပြီး ကလေးတွေ ဘေးကင်းဖို့အတွက် ကျွန်တော်တို့ကို ပံ့ပိုးပေးကြပါ”လို့ ရေးသားထားပါတယ်။

Ref: Ladbible “English Council Warns Parents To Stop Letting Children Watch Squid Game”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top