ဒေါ်လာ ၆၀၀ ပေါက်တယ်ထင်မှတ်ပြီး ဆုငွေသွားထုတ်မှ ဒေါ်လာ ၁ သန်းပေါက်မှန်းသိခဲ့ရသူ

9-13-2022-yyl-21.jpg

ရပ်ကွက်အတွင်း ကုန်စုံဆိုင်တစ်ခုကနေ ထီလက်မှတ်တစ်စောင် ဝယ်ယူခဲ့တဲ့ ဂျိုဆက် ဖလော်ရက်စ် ဗီလက်ကွစ်ဇ်ဆိုသူက ဒေါ်လာ ၆၀၀ ဆုပေါက်တဲ့အတွက် ဝမ်းသာခဲ့ပါတယ်။ တကယ်တော့ သူက အဲဒီဆုထက်အများကြီး ပေါက်တာကို မသိခဲ့ပါဘူး။

မကြာသေးခင်ကမှ ဂျိုဆက်ဟာ အင်္ဂလန်၊ Woodbridge မြို့က Virginia Lottery ရုံးချုပ်ကို ထီဆုငွေ ဒေါ်လာ ၆၀၀ သွားထုတ်ခဲ့ပါတယ်။ အဲဒီအချိန်ကျမှ သူ တကယ်ပေါက်တာက ဒေါ်လာ ၁ သန်းဖြစ်တယ်ဆိုတာ သိလိုက်ပြီး တအံ့တဩဖြစ်သွားခဲ့ရပါတယ်။ ဂျိုဆက်က ရုံးကအပြန် အချိုရည်ဝယ်ရင်း “20X the Money” ထီလက်မှတ်တစ်စောင်ကို ဝယ်ယူခဲ့ပြီးတဲ့နောက်မှာ အခုလို သူ့ဘဝကြီး ပြောင်းလဲသွားခဲ့ပါတယ်။

ဂျိုဆက်က ဆုကြေးငွေထုတ်တော့ နောက်နှစ် (၃၀) ကျော်အတွင်း ဒေါ်လာ ၁ သန်းကို ခွဲထုတ်မှာလား၊ တစ်ခါတည်းနဲ့ အကုန်ထုတ်မှာလားဆိုတာ ရွေးချယ်ခဲ့ရပါတယ်။ သူက တစ်ခါတည်းနဲ့ အကုန်ထုတ်ဖို့ ရွေးချယ်ခဲ့ပြီး အခွန်ဆောင်ပြီးနောက် ဆုငွေ ဒေါ်လာ ၇၅၉၈၇၈ ကို အိမ်သယ်သွားနိုင်ခဲ့ပါတယ်။

ဂျိုဆက်က 20X the Money ရဲ့ နောက်ဆုံးထွက်ဗားရှင်းမှာ ဒုတိယထီဆုကြီးပေါက်သူဖြစ်ပါတယ်။ သူက သူ့မိသားစုကို ကူညီဖို့နဲ့ သူ့ရဲ့ကိုယ်ပိုင်လုပ်ငန်းစတင်ဖို့ သူ့ရဲ့ဆုငွေတွေကို အသုံးပြုသွားမှာဖြစ်ပါတယ်။

Ref: People “Man Discovers He Won $1M Lottery While Redeeming What He Thought Was a $600 Prize”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top