အိမ်မှုကိစ္စပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ့် ထိရောက်တဲ့နည်းဗျူဟာများ

24-10-2020-yyl-001.jpg

ရေခဲသေတ္တာက အနံ့အသက်မကောင်း၊ အာလူးတွေကလည်း အညှောက်တွေပေါက်နေ၊ မိုက်ခရိုဝေ့ထဲ ထည့်ပြီး အပူပေးတဲ့အစားအစာတွေကလည်းမပူ စတဲ့ ပြဿနာတွေကို ကြုံတွေ့နေရလား။ ဒီလိုမျိုးပြဿနာတွေကို ဖြေရှင်းဖို့အတွက် လွယ်ကူရိုးရှင်းပြီး ထိရောက်တဲ့နည်းလမ်းတချို့ရှိပါတယ်နော်။ ဒီနည်းလမ်းတွေကို အသုံးချဖို့အတွက် သင်က ငွေအများကြီးသုံးစရာမလိုပါဘူး။ အိမ်ထောင်ရှင်မအများစုကြုံတွေ့နေရတဲ့ ဒီလိုပြဿနာတွေအတွက် ဒီနည်းဗျူဟာတွေက အရမ်းအသုံးဝင်ပါတယ်။ ဘယ်လိုနည်းဗျူဟာတွေလည်း ဆိုတာ ဆက်လက်ဖတ်ရှုကြည့်လိုက်ကြရအောင်….။

၁ မိုက်ခရိုဝေ့နဲ့ အစားအစာကို အပူပေးတဲ့အခါ

မိုက်ခရိုဝေ့ထဲထည့်ပြီး အစားအစာကို အပူပေးတဲ့အခါ ပန်းကန်ထဲမှာရှိတဲ့အစားအစာက အရမ်းမပူဘဲ ပန်းကန်ဘေးတွေ ပူနေတာကို သင် သတိထားမိပါလိမ့်မယ်။ မိုက်ခရိုဝေ့က သင့်အစားအစာတွေဆီ ရိုဒီယိုလှိုင်းတွေ ပို့ဆောင်နေတဲ့အတွက် အခုလိုဖြစ်ရတာပါ။ ဒီပြဿနာကို ဖြေရှင်းချင်ရင် အပူပေးမယ့် ပန်းကန်ထဲက အစားအစာကို ခလယ်မှာ စုပုံမထားဘဲ ပုံမှာပြထားတဲ့အတိုင်း ဟထားလိုက်ပါ။ ဒီနည်းလမ်းက သင့်ကို အကူအညီဖြစ်စေမှာ အသေအချာပါပဲ။

၂ အာလူးတွေ အပင်ပေါက်ပြီး မပျက်စီးသွားဖို့အတွက်

အစားအစာတွေအလဟဿမဖြစ်သွားဖို့အတွက် ဖြေရှင်းတဲ့နည်းက အခုခေတ်မှာ တကယ်အသုံးဝင်ပါတယ်။ အာလူးလို စားသောက်ကုန်တွေကို အညှောက်ထွက်မလာအောင် သေချာဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ အညှောက်မပေါက်ဖို့အတွက် အာလူးကို ပန်းသီးတစ်လုံးနဲ့ သိုလှောင်ထားပါ။ ကြက်သွန်နီနားမှာ မထားပါနဲ့။

၃ ကြက်ဥအကာနဲ့အနှစ်ကို သက်သက်စီ ခွဲယူဖို့ဆိုရင်

ကြက်ဥအနှစ်နဲ့အကာကို သက်သက်စီ သေသေချာချာမယူတတ်ဘူးဆိုရင် အဲဒီအတွက် သီးသန့်ပစ္စည်းတစ်ခုမလိုအပ်ပါဘူး။ အပေါက်တွေပါတဲ့သံယောက်မတစ်ခုရှိရင် ရပါတယ်။ သံယောက်မရဲ့အကူအညီနဲ့ ပုံမှာပါထားတဲ့အတိုင်း ကြက်ဥအကာနဲ့အနှစ်ကို သက်သက်စီ ယူလို့ရပါတယ်။

၄ ဓားသွေးချင်ရင် ခွက်တစ်ခုကို အသုံးပြုပါ

မီးဖိုချောင်သုံးဓားတွေကိုလည်း ဂရုစိုက်ပေးဖို့လိုပါတယ်။ အဲဒီလိုမှမဟုတ်ရင် ဓားတွေက မထက်တော့ဘဲနေပါလိမ့်မယ်။ ဓားသွေးတဲ့စက်မရှိရင် မက်ခွက်တစ်လုံးကို ယူပြီး မက်ခွက်ကိုမှောက်လိုက်ပါ။ မက်ခွက်အစွန်းအဖျားတွေမှာ ဓားကို သွေးပေးရုံပါပဲ။

၅ စတော်ဘယ်ရီသီး ကြာရှည်ခံဖို့အတွက်

စတော်ဘယ်ရီသီးက အလွယ်တကူဆွေးမြည့်ပုတ်သွားစေနိုင်တဲ့ အသီးပါပဲ။ ဒါကြောင့် စတော်ဘယ်ရီသီးကို ကြာရှည်ခံဖို့အတွက် ဒီနည်းကို အသုံးပြုလိုက်ပါ။ စတော်ဘယ်ရီသီးကို ဗင်နီဂါနဲ့ ဆေးပေးပါ။ ဗင်နီဂါ ခွက် (၁) ခွက်နဲ့ ရေ (၈) ခွက်လိုအပ်ပါတယ်။ ဗင်နီဂါထည့်ထားတဲ့ရေထဲကို စတော်ဘယ်ရီသီးတွေကို ခဏ စိမ်ထားလိုက်ပြီး သန့်စင်ပေးလိုက်ရုံပါပဲ။

၆ ပလတ်စတစ်ခွက်နဲ့ ဖန်ခွက်တွေကနေ အနံ့ဆိုးတွေဖယ်ရှားချင်ရင်

ဆပ်ပြာနဲ့သန့်စင်ပြီးတာတောင် ဖန်ခွက်က ဆက်ပြီးအနံ့ဆိုးထွက်နေတယ်ဆိုရင် သတင်းစာကို အသုံးပြုလိုက်ပါ။ သတင်းစာက အနံ့ဆိုးတွေကို စုပ်ယူပေးနိုင်ပါတယ်။ သတင်းစာစာရွက်တွေကို ယူပြီး ချေမွလိုက်ပါ။ ပြီးရင် ဖန်ခွက် (သို့) ဖန်ပုလင်းထဲ ထည့်ပေးပြီး (၂) ရက်လောက်ထားလိုက်ပါ။

၇ ရေခဲသေတ္တာထဲက အနံ့ဆိုးတွေကို ဖယ်ရှားချင်ရင်

ရေခဲသေတ္တာထဲမှာ ဟင်းသီးဟင်းရွက်တွေနဲ့ အသီးတွေ ဆွေးမြည့်ပုတ်သွားတဲ့အခါ ရေခဲသေတ္တာထဲမှာ အနံ့ဆိုးတွေ အချိန်အကြာကြီး ကျန်နေခဲ့နိုင်ပါတယ်။ အဲဒီလိုအနံ့ဆိုးတွေကို ဖယ်ရှားချင်ရင် သင့်ရေခဲသေတ္တာထဲမှာ မုန့်ဖုတ်ဆိုဒါဗူးကို ထည့်ပေးထားပါ။ မုန့်ဖုတ်ဆိုဒါက အနံ့မရှိပေမဲ့ အနံ့ဆိုးတွေကို စုပ်ယူပေးတဲ့နေရာမှာ အရမ်းကောင်းပါတယ်။

၈ ကွတ်ကီးတွေ အထားခံဖို့အတွက်

ကွတ်ကီးတွေက သိမ်းထားတာကြာလာရင် စားလို့မရတော့လောက်အောင် ဖြစ်သွားတတ်ပါတယ်။ အဲဒီလိုမဖြစ်အောင် ကွတ်ကီးသိမ်းတဲ့အခါ ပန်းသီးစိပ်တစ်ခုနဲ့အတူ သိမ်းဆည်းပေးသင့်ပါတယ်။ ပန်းသီးစိပ်ခြောက်ပြီး နွမ်းသွားရင်လည်း အသစ်တစ်ခုထပ်ထည့်ပေးလိုက်ပါ။

Ref: Brightside

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top