စိတ်ရှုပ်ထွေးပြီး ခေါင်းမကြည်ဖြစ်စေတဲ့ ဟော်မုန်းမညီမျှမှုတွေ

yyl-030-6.jpg

အရေးကြီးတဲ့အလုပ်တွေလုပ်နေစဉ် ရုတ်တရက်မူးဝေလာပြီး တစ်ခုခုမေ့သွားသလိုမျိုး သင်ဖြစ်ဖူးသလား။ သင့်ခေါင်းက လည်နေသလိုဖြစ်နေပြီး ခေါင်းထဲဘာမှမရှိသလိုခံစားရတယ်မလား။ ဒီလိုခံစားရရင် စိတ်ရှုပ်ထွေးတာ၊ အာရုံမစိုက်နိုင်တာ၊ လုပ်ဆောင်နိုင်စွမ်းအား နည်းတာတွေဖြစ်စေတဲ့ Brain Fog လို့ခေါ်တဲ့ ကျန်းမာရေးအခြေအနေတစ်ခုပါပဲ။ သင် အဲဒီလိုကြုံတွေ့ခံစားဖူးရင် Brain Fog ဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲကတစ်ခုက ဟော်မုန်းမညီမျှတာကြောင့်ပါ။ ခန္ဓာကိုယ်က ဟော်မုန်းတွေ မညီမျှတတဲ့အခါ သင့်ခန္ဓာကိုယ်တစ်ခုလုံးက လုပ်ဆောင်ချက်တွေကို အနှောက်အယှက်ဖြစ်စနေိုင်ပါတယ်။ ဒါကြောင့် သင်ဟာ မကြာခဏ စိတ်မကြည်တာ၊ ခေါင်းမကြည်တာ၊ အာရုံမစိုက်နိုင်တာတွေဖြစ်လာရင် အောက်ကဖော်ပြပေးမယ့် ဟော်မုန်းဓာတ်တွေ မညီမျှတာဖြစ်ပါတယ်။

သိုင်းရွိုက်ဟော်မုန်း (Thyroid)

သိုင်းရွိုက်အားနည်းရင်လည်း ဦးနှောက်လုပ်ဆောင်ချက်တွေကို ဟန့်တားစေနိုင်ပါတယ်။ လိပ်ပြာပုံစံသိုင်းရွိုက်အင်္ဂါက ဟော်မုန်းဓာတ်လုံလုံလောက်လောက်ထုတ်မပေးဘူးဆိုရင် မေ့လျောတာ၊ စဉ်းစားတဲ့အခါ ဒုက္ခရောက်တာတွေဖြစ်လာနိုင်ပါတယ်။ သိုင်းရွိုက်ပမာဏအားနည်းတာကြောင့် ဦးနှောက်လုပ်ဆောင်ချက်တွေ နှေးကွေးသွားရပါတယ်။ သိုင်းရွိုက်ပမာဏမညီမျှတဲ့အခါမှာ ကိုယ်အလေးချိန်တက်တာ၊ အားနည်းတာ၊ စိတ်ဓာတ်ကျတာ၊ အအေးဓာတ်မခံနိုင်တာတွေလည်းဖြစ်လာနိုင်ပါတယ်။

ကော်တီဆုန်းဟော်မုန်း (Cortisol)

လူတိုင်းက ဝမ်းနည်းတာ၊ စိတ်ဖိစီးတာတွေကို ကြုံတွေ့ခံစားရပါတယ်။ ဒါပေမဲ့ နေ့တိုင်းခံစားနေရပြီဆိုရင်တော့ အကြောင်းအရင်းရှိနိုင်ပါတယ်။ စိတ်ဖိစီးမှုများလွန်းတာက ကော်တီဆုန်းဟော်မုန်းကိုထုတ်ပေးပါတယ်။ သင့်ရဲ့ကော်တီဆုန်းပမာဏက ညီမျှသင့်ပြီး ပမာဏနည်းသွားရင် သင့်ကျန်းမာရေးကို သက်ရောက်စေနိုင်ပါတယ်။ ကော်တီဆုန်းဟော်မုန်းဓာတ်မှာ အနှောက်အယှက်ဖြစ်လာရင် စိတ်ဓာတ်ကျတာ၊ စိုးရိမ်ပူပန်တာ၊ မှတ်ဉာဏ်ပြဿနာတွေဖြစ်လာနိုင်ပါတယ်။

အီစထြိုဂျင်ဟော်မုန်း (Estrogen) နဲ့ ပရိုဂျက်စတင်ဟော်မုန်း (Progestin)

Brain Fog ဖြစ်တာက အသက် (၄၀) ဝန်းကျင်အမျိုးသမီးတွေမှာ တွေ့ရဆုံးပါ။ အီစထြိုဂျင်နဲ့ ပရိုဂျက်စတင်ဟော်မုန်းတွေ မတည်မငြိမ်ဖြစ်တဲ့အတွက်ကြောင့်ဖြစ်ရတာပါ။ ဒီဟော်မုန်းဓာတ်နှစ်မျိုးလုံး တတ်လိုက်ကျလိုက်ဖြစ်တာက အလုပ်ကို အာရုံစိုက်ဖို့အတွက် ခက်ခဲစေနိုင်ပါတယ်။ ဟော်မုန်းမညီမျှခြင်းက ကိုယ်အလေးချိန်တက်တာ၊ စိတ်မတည်မငြိမ်ဖြစ်တာ၊ ညဘက်ချွေးပြန်တာတွေလို အခြားပြဿနာတွေလည်း ဖြစ်လာနိုင်ပါတယ်။
Ref: These 3 hormone imbalances might be making you hazy

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top