ကိုယ်ပိုင် AI Center ကို တည်ထောင်ပြီး မကြာခင် Reno Series တွေမှာ Generative AI Feature ပါဝင်လာတော့မည် ဖြစ်ကြောင်း OPPO က ကြေညာလိုက်ပြီ

6.3.24-yyl-14.jpg

ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းနည်းပညာကုမ္ပဏီ OPPO က ကိုယ်ပိုင် AI Center ကို တည်ထောင်လိုက်ကြောင်း ကြေညာချက်ထုတ်ပြန်လာခဲ့ပါတယ်။ အသစ်တည်ထောင်လိုက်တဲ့ အဆိုပါ AI Center အသစ်မှာ OPPO နဲ့အတူ ရှေ့အနာဂတ်မှာ ပိုမိုခိုင်မာလာမဲ့ နည်းပညာကို အသုံးပြုနိုင်အောင်၊ သုံးစွဲသူများအတွက် ရည်ရွယ်ပြီး အခုထက် ပို ဆန်းသစ်တဲ့ AI နည်းပညာထုတ်ကုန်များနဲ့ လုပ်ဆောင်ချက်များစွာ ဖန်တီးကာ OPPO အသုံးပြုသူများအတွက်လဲ ခေတ်ရှေ့ပြေးတဲ့ နောက်ဆုံးပေါ် AI နည်းပညာနဲ့ ထိတွေ့ခံစားခွင့်တွေရရှိနိုင်အောင်၊ AI နည်းပညာသာမက AI နဲ့ပတ်သက်တဲ့ Application အားလုံးအတွက် သီးသန့် သုတေသနနဲ့ အဆင့်မြှင့်တင်မှုများ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်ထဲမှာ အဆင့်မြင့် AI နည်းပညာဆိုင်ရာ လုပ်ဆောင်ချက်တွေနဲ့ တီထွင်ဆန်းသစ်ထားတဲ့ AI Eraser လုပ်ဆောင်ချက်တွေကို OPPO Reno11 Series မှာလဲ တဖြည်းဖြည်း အဆင့်မြှင့်တင်လာမှာ ဖြစ်ကြောင်း OPPO က ထုတ်ပြန်ခဲ့ပါတယ်။ ဒီလို တိုးတက်လာတဲ့ AI နည်းပညာတွေက OPPO က ဦးဆုံးဖန်တီးခဲ့တဲ့ Cutting Edge နည်းပညာကို AI နဲ့အတူ ခေတ်ရှေ့ပြေးအောင် အဆင့်မြှင့်တင်လိုက်တာဖြစ်ပြီး အခုလို AI နည်းပညာကို ထင်သာမြင်သာ ဖြစ်လာအောင် ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ OPPO အသုံးပြုသူများအကြား ထိတွေ့ခံစားနိုင်အောင် ပြုလုပ် ပေးလိုက်တာကလဲ OPPO ကို ပိုပြီး ထူးခြားလာစေမှာ ဖြစ်ပါတယ်။

“Feature Phone တွေနဲ့ Smartphone တွေ ပေါ်ပေါက်လာပြီးနောက် နောက်ထပ်ပေါ်လာမဲ့ AI မျိုးဆက်သစ် စမတ်ဖုန်းတွေက မိုဘိုင်းလ်ဖုန်းလောကမှာ တတိယမြောက် ပြောင်းလဲမှုအနေနဲ့ ကိုယ်စားပြု ဦးဆောင်လာပါလိမ့်မယ်။ AI စမတ်ဖုန်းခေတ် ကို ရောက်လာတဲ့အခါ မိုဘိုင်းလ်ဖုန်းလောက နဲ့ အသုံးပြုသူတွေရဲ့ အတွေ့အကြုံတွေက သိသိသာသာ ပြောင်းလဲမှုကို ဖြစ်လာစေလိမ့်မယ်” လို့ OPPO ရဲ့ Chief Product Officer ဖြစ်သူ Pete Lau က ပြောကြားခဲ့ပါတယ်။ “OPPO က AI စမတ်ဖုန်းလောကရဲ့ ပံ့ပိုးသူ အဖြစ်သော်လည်းကောင်း၊ ကြေညာသူ အဖြစ်သော်လည်းကောင်း ရှိနေဖို့ ရည်ရွယ်ပါတယ်။ မိုဘိုင်းလ်ဖုန်းလောကကိုလဲ ဒီထက်ပိုအဆင်မြင့်လာအောင်၊ မိုဘိုင်းလ်ဖုန်းအသုံးပြုရတဲ့ အတွေ့အကြုံတွေကို တစ်ဖန်ပြန်လည် ပုံဖော်နိုင်အောင် နယ်ပယ်ထဲမှာရှိတဲ့ လုပ်ငန်းရှင် ပါတနာတွေနဲ့လဲ အတူတူလက်တွဲဖို့ မျှော်လင့်ပါတယ် ” ဟု ထပ်လောင်းပြောကြားခဲ့ပါတယ်။

ထူးခြားတဲ့ လုပ်ဆောင်ချက် (၄) ခု နဲ့ ပေါ်ထွက်လာမဲ့ AI စမတ်ဖုန်းများ

AI စမတ်ဖုန်း ရဲ့ ခေတ်ရေစီးကြောင်းအရ အနာဂတ်ကို မျှော်ကြည့်ပြီးလုပ်ဆောင်ထားတဲ့ သုတေသနရှာဖွေ လေ့လာမှုတွေနဲ့ AI နည်းပညာဆိုင်ရာ အချက်အလက်တွေ စုဆောင်းထားမှုပေါ် မူတည်ကာ ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်း နည်းပညာကုမ္ပဏီ OPPO က AI စမတ်ဖုန်းတွေရဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက် (၄) ခု အကြောင်းကို မျှဝေလာခဲ့ပါတယ်။

(၁) AI စမတ်ဖုန်းတွေအနေနဲ့ AI ခေတ်မှာ AI နည်းပညာနဲ့ ပတ်သက်ပြီး လိုအပ်ချက်တိုင်းကို ပြည့်မီနေစေဖို့ AI နဲ့ ပတ်သက်တဲ့ အရင်းအမြစ်မှန်သမျှကို အသေးစိတ် တွက်ချက်ပြီး ထိရောက်စွာ အသုံးပြုရမှာ ဖြစ်ပါတယ်။

(၂) AI စမတ်ဖုန်းတွေဟာ Sensor များတွေကနေ တစ်ဆင့် ဖော်ပြလာတဲ့ AI စမတ်ဖုန်းအသုံးပြုသူတွေနဲ့ ပတ်ဝန်းကျင် ရဲ့ ရှုပ်ထွေးနေတဲ့ အချက်အလက်များစွာကို နားလည်သဘောပေါက်ပြီး လက်တွေ့ ဘဝမှာပါ သိထားဖို့ လိုအပ်တယ် လို့ ဆိုပါတယ်။

(၃) AI စမတ်ဖုန်းတွေ ကိုယ်တိုင်ကလဲ အစွမ်းထက်တဲ့ လေ့လာနိုင်စွမ်းတွေ ပိုင်ဆိုင်ထားဖို့ လိုအပ်ပါတယ်။

(၄) AI စမတ်ဖုန်းတွေက အသိပညာဗဟုသုတနဲ့ ပတ်သက်ရင် သုံးစွဲသူတိုင်းကို မျိုးဆက်သစ်တွေနဲ့ ပတ်သက်တဲ့ အမျိုးစုံသော အကြောင်းအရာပေါင်းများစွာပါဝင်တဲ့ စွမ်းရည်တွေ၊ စဉ်ဆက်မပြတ် လှုံ့ဆော်ပြီး ကူညီထောက်ပံ့ ပေးနိုင်တဲ့ ဗဟုသုတ အကြောင်းအရာတွေကိုလဲ ဖန်တီးနိုင်စွမ်းရှိပါတယ်။

ဒီလိုထူးခြားတဲ့ လက္ခဏာတွေနဲ့အတူ AI စမတ်ဖုန်းတွေ ရောက်ရှိလာမှုဟာ မိုဘိုင်းလ်ဖုန်းလောကကို တစ်ဖန်ပြန်ပြီး ပြောင်းလဲစေနိုင်ပါတယ်။ သုံးစွဲသူတွေရဲ့ လိုအပ်ချက်တစ်ခုချင်းစီတိုင်းကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်ဖို့အတွက် မတူညီကွဲပြားတဲ့ AI နည်းပညာတွေကနေ တစ်ဆင့် ကျွမ်းကျင်တဲ့ AI Agent တွေအဖြစ် မြှင့်တင် ပြောင်းလဲ ပေးထားပါသေးတယ်။ ခုလိုပြောင်းလဲလိုက်တဲ့ Ecosystem အသစ်က Application တွေအနေနဲ့ လက်ရှိ လည်ပတ်နေတဲ့ Ecosystem အတွက် လိုအပ်နေတဲ့ အရာများကို ဖြည့်စွက်ပြီး ပိုမိုကောင်းမွန်အောင်လဲ လုပ်ဆောင် ပေးသွားမှာဖြစ်ပါတယ်။ OPPO က AI စွမ်းရည်တွေနဲ့ အတူ ဖွံ့ဖြိုးတိုးတက်လာစေမဲ့ Platform တစ်ခုကိုပါ ထောက်ပံ့ ပေးရင်း အသစ်စက်စက် Ecosystem တစ်ခုကို ဖန်တီးပေးသွားမှာ ဖြစ်ပါတယ်။

AI နည်းပညာရပ် အသစ်တွေ စတင်ပါဝင်လာတဲ့ Reno Series

ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းနည်းပညာကုမ္ပဏီ OPPO က ကန့်သတ်ချက်ပေါင်း ၁၈၀ ဘီလီယမ်အထိ ပါဝင်တဲ့ OPPO ရဲ့ ကိုယ်ပိုင် ဘာသာစကား မော်ဒယ်အသစ်ဖြစ်တဲ့ AndesGPT ကို ထည့်သွင်းခဲ့ပါတယ်။ နည်းပညာပိုင်းဆိုင်ရာ အဓိက လက္ခဏာရပ် (၃) ခု ဖြစ်တဲ့ Dialogue Enhancement၊ Personalization၊ Cloud Device Collaboration ပေါ် မူတည် ပြီးတော့လဲ AI စမတ်ဖုန်းတွေဟာ အသိပညာ၊ မှတ်ဉာဏ်၊ တီထွင်ဆန်းသစ်မှု နဲ့ ကိရိယာပိုင်းတွေမှာ ပိုပြီး အားစိုက်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အသစ်ထပ်မံထွက်ရှိထားတဲ့ Find X Series မိတ်ဆက်ပြီးချိန်မှာ OPPO က ဓာတ်ပုံတွေထဲက ပုံရိပ်တချို့ကို ဖြတ်ထုတ်ဖယ်ရှားပေးနိုင်တဲ့ AI မျိုးဆက်သစ် နည်းပညာနဲ့အတူ ဖုန်းပြောဆိုမှုကို ပြန်လည်ချုံ့ပေးနိုင်တဲ့ AI နည်းပညာအသစ်တွေကြောင့် သုံးစွဲသူတွေနဲ့ နည်းပညာနယ်ပယ်တွေအားလုံးအနေနဲ့လဲ ပိုပြီး ကျယ်ပြန့်တဲ့ အနာဂတ်တစ်ခုကို ဖန်တီးလာနိုင်မှာ ဖြစ်ပါတယ်။

ပြီးပြည့်စုံအောင် အသွင်ပြောင်းပုံဖော်ဖန်တီးထားတဲ့AI က စမတ်ဖုန်းတွေနဲ့ စမတ်ဖုန်းတွေရဲ့ ပတ်ဝန်းကျင်ဆိုင်ရာ Ecosystem တွေကြောင့် နောက်ဆုံးပေါ် AI နည်းပညာ တွေကို စမတ်ဖုန်းနဲ့သက်ဆိုင်ရာ ပစ္စည်းတွေအတွက် ထည့်သွင်းအသုံးပြုရာမှာ OPPO က ဦးဆောင်လျက်ရှိပါတယ်။

OPPO ရဲ့ Brand ဆောင်ပုဒ် ဖြစ်တဲ့ “Technology for Mankind, Kindness for the World” အရ OPPO က ကိုယ်ပိုင် AI နည်းပညာအချက်အလက်တွေကို ဈေးကွက်ချဲ့ထွင်ဖို့အတွက်သာမက အခုထက်ပိုကောင်းတဲ့ ထုတ်ကုန်တွေကိုပါ စိစစ်ကာ ထုတ်လုပ်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် မှာ OPPO က AI Eraser အပါအဝင် အခြားသော AI နည်းပညာဆိုင်ရာ လုပ်ဆောင်ချက်တွေကို Reno11 Series နဲ့အတူ တစ်ကမ္ဘာလုံးဆီသို့ စတင်ဖြန့်ကျက်တော့မှာ ဖြစ်ပါတယ်။ OPPO ရဲ့ AI နည်းပညာစင်တာက စဉ်ဆက်မပြတ် တီထွင်ဖန်တီးထားတဲ့ AI နည်းပညာတွေကြောင့် OPPO ရဲ့ အနာဂတ်မှာ ထွက်ရှိလာမဲ့ မျိုးဆက်သစ် စမတ်ဖုန်းတွေအနေနဲ့ အခုထက်ပိုပြီး စိတ်လှုပ်ရှားရင်ခုန်ဖွယ်ကောင်းတဲ့ AI နည်းပညာလုပ်ဆောင်ချက်တွေကို တွေ့ကြုံလာရမှာ ဖြစ်ပါတယ်။

OPPO ရဲ့ အသစ်တည်ဆောက်ထားတဲ့ AI Center မှ နောက်ဆုံးပေါ် “AI နည်းပညာ” ကို အခု နောက်ဆုံးထွက်ရှိထားတဲ့ Reno 11 Series မှာ ထင်ရှားစွာမြင်တွေ့နိုင်မှာဖြစ်ပါတယ်။ OPPO အနေနဲ့ နောင်အနာဂတ်မှာ AI နည်းပညာနဲ့ ပတ်သက်လို့ ပိုပြီး ဦးဆောင်ဖို့နဲ့ နည်းပညာဆိုင်ရာဆန်းသစ်တီထွင်မှုအပေါ် အလေးပေးလုပ်ဆောင်ကာ သုံးစွဲသူအတွေ့အကြုံကို မြှင့်တင်သွားမှာ ဖြစ်ပါတယ်။
#OPPO #OPPOAICenter #OPPOAIFeaturesin2024

OPPO အကြောင်း

OPPO သည် ကမ္ဘာ့ထိပ်တန်း Smart Device အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး ၎င်း၏ ပထမဆုံး မိုဘိုင်းလ်ဖုန်း ဖြစ်သည့် “Smiley Face” ကို ၂၀၀၈ ခုနှစ်တွင် စတင်ရောင်းချချိန်မှ စ၍ OPPO သည် လှပကြော့ရှင်းသည့် ဒီဇိုင်းများနှင့် ဆန်းသစ်သည့် နည်းပညာများ၏ ပြီးပြည့်စုံသော ပေါင်းစပ်မှုကို ပေးစွမ်းနိုင်ရန် အမြဲကြိုးစားလျက်ရှိသည်။ ယနေ့တွင် OPPO သည် Find series နှင့် Reno series များကို ဦးဆောင်တီထွင်ထုတ်လုပ်နေသည်သာမက အခြားသော Smart Devices များစွာကိုလည်း ဖန်တီးထုတ်လုပ်ပေးလျက်ရှိသည်။ Smart Devices များ အပြင် OPPO သည် ၎င်း၏ အသုံးပြုသူများအတွက် ColorOS လည်ပတ်မှုစနစ်နှင့် အင်တာနက် ဝန်ဆောင်မှုများကို တပ်ဆင် ပေးလျက်ရှိသည်။ OPPO သည် နိုင်ငံနှင့် ဒေသပေါင်း ၆၀ ကျော်တွင် ဝန်ထမ်း ၄၀,၀၀၀ ကျော်ဖြင့် လည်ပတ်နေပြီး ကမ္ဘာတစ်ဝန်းရှိ သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သော ဘဝများ ဖန်တီးပေးနိုင်ရန် အားထုတ် ကြိုးပမ်းလျက်ရှိသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top