စတိုင်ကျနလှပသော Galaxy Tab S6 Lite Tablet အသစ်နှင့် ဖန်တီး၊ သင်ကြား၊ အပန်းဖြေလိုက်ပါ

2.-Angora-Blue-2.jpg

Samsung မြန်မာသည် အလုပ်လုပ်ကိုင်ရာတွင် ဖြစ်စေ၊ ဖျော်ဖြေရေး အစီအစဉ်များ ကြည့်ရှုရာတွင် ဖြစ်စေ အဆင်ပြေလွယ်ကူမှု အပြည့်အဝ ရရှိစေရန် ရည်ရွယ်ထုတ်လုပ်ထားသည့် စတိုင်ကျနလှပသော Galaxy Tab S6 Lite tablet အသစ်အား သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ယနေ့ စတင်မိတ်ဆက်ခဲ့သည်။ Galaxy Tab S6 Lite သည် ကြီးမားကျယ်ပြန့်သော မျက်နှာပြင် အရွယ်အစား၊ ပါးလွှာကျစ်လစ်သော ကိုယ်ထည်နှင့် ပြန်လည်ဆန်းသစ်ထားသည့် S Pen တို့ဖြင့် ထွက်ရှိလာပြီး မှတ်စုတိုများ ရေးမှတ်ရာတွင် ဖြစ်စေ၊ မိမိ အကြိုက်နှစ်သက်ဆုံးသော အကြောင်းအရာများ၊ အစီအစဉ်များအား ကြည့်ရှုရာတွင် ဖြစ်စေ သုံးစွဲသူများ အတွက် အသင့်တော်ဆုံးဖြစ်စေမည် ဖြစ်သည်။

စိတ်ကျေနပ်မှု အပြည့်အဝ ရရှိစေမည့် စွမ်းဆောင်ရည် ပိုမိုမြင့်မားသော ပြန်လည်ဆန်းသစ်ထားသည့် S Pen

S Pen သည် အလေးချိန် ၇.၀၃ ဂရမ်မျှသာ ရှိသည့်အတွက် ပေါ့ပါး၍ အသုံးပြုရ လွယ်ကူစေမည် ဖြစ်ပြီး latency (ရေးဆွဲသည့် အချိန်နှင့် မျက်နှာပြင်၌ ပေါ်လာသည့် အချိန်ကြား ကွာဟချက်) ပမာဏကိုလည်း အနည်းဆုံးဖြစ်စေရန် အဆင့်မြှင့်တင်ထားသည့် အပြင် Pen ၏ ထိပ်ပိုင်းသည်လည်း ဝ.၇ မီလီမီတာမျှသာ ရှိသည့်အတွက် မှတ်စုများ ရေးမှတ်ရာတွင်ဖြစ်စေ၊ ရုပ်ပုံများ ရေးဆွဲရာတွင် ဖြစ်စေ ပိုမိုတိကျမှု ရှိစေမည် ဖြစ်သည်။ ထို့အပြင် Tablet ပေါ်တွင် အိုင်ဒီယာများ ရေးမှတ်ပြီးသည့် အချိန်တွင်လည်း S Pen အား tablet ၏ ညာဖက်တွင် ဖြစ်စေ၊ book cover တပ်ဆင်ထားပါက book cover တွင်ဖြစ်စေ အလွယ်တကူ သိမ်းဆည်းထားနိုင်မည် ဖြစ်သည်။ Galaxy Tab S6 Lite တွင် ပါရှိသည့် S Pen အား အသုံးပြုရန် ဘက်ထရီအားသွင်းစရာ လိုမည် မဟုတ်သည့် အတွက် အားကုန်မည်ကို စိုးရိမ်စရာ မလိုပဲ တစ်နေ့တာလုံး စိတ်ကျေနပ်မှု အပြည့်ဖြင့် အသုံးပြုသွားနိုင်မည် ဖြစ်သည်။

ထို့အပြင် သုံးစွဲသူများ အနေနှင့် S Pen အား အသုံးပြု၍ Samsung Notes တွင် လက်ရေးနှင့် ရေးသားထားသော မှတ်စုများအား စာတိုများအဖြစ်သို့ ချက်ချင်းပြောင်းလဲပေးနိုင်သည့် လုပ်ဆောင်ချက်လည်း ပါရှိမည် ဖြစ်သည့်အပြင် မှတ်သားထားသော မှတ်စုများကိုလည်း ခေါင်းစဉ်အလိုက် အလွယ်တကူ ရှာဖွေနိုင်မည် ဖြစ်သည်။ အလားတူပင် အရေးကြီးသော စာပိုဒ်များကို လည်း highlight ပြုလုပ်မှတ်သားထားနိုင်မည် ဖြစ်သည့်အပြင် မှတ်စုတွင် ပါရှိသည့် အကြောင်းအရာများ ကိုလည်း ၃၀၀ % အထိ ချဲ့၍ ကြည့်ရှုနိုင်မည် ဖြစ်ပြီး အဆိုပါ မှတ်စုများအားလုံးကိုလည်း PDF၊ JPEG၊ text file သို့မဟုတ် Microsoft Word Document ဖိုင်များအဖြစ်သို့ အလွယ်တကူ ပြောင်းလဲနိုင်မည် ဖြစ်သည်။

လုပ်ငန်းဆောင်တာများအား လျင်မြန်စွာ လုပ်ဆောင်ပေးနိုင်စွမ်းအပြည့်ရှိသည့် တမူထူးခြားသော တည်ဆောက်ပုံ

၁၀.၄” မျက်နှာပြင်နှင့် ပါးလွှာသော ဘေးဘောင်တို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့်အတွက် Galaxy Tab S6 Lite သုံးစွဲသူများသည် ကြီးမားကျယ်ပြန့်သော မျက်နှာပြင်မှတဆင့် ၎င်းတို့ကြိုက်နှစ်သက်သည့် အကြောင်းအရာများ၊ အစီအစဉ်များအား စိတ်ကျေနပ်မှု အပြည့်ဖြင့် ကြည့်ရှုခံစားသွားနိုင်မည် ဖြစ်သည်။ ကိုယ်ထည်ပိုင်းကိုလည်း ပေါ့ပါးကျစ်လစ်စွာ တည်ဆောက်ထားသည့်အတွက် လုပ်ဆောင်ချက် အများအပြားအား တစ်ပြိုင်နက်တည်း လုပ်ဆောင်ခြင်း၊ မှတ်စုများ ရေးမှတ်ခြင်းနှင့် ဗီဒီယိုများ၊ ရုပ်ရှင်များ ကြည့်ရှုခြင်းများ အတွက် အသင့်တော်ဆုံး tablet တစ်ခုပင် ဖြစ်သည်။ ထို့အပြင် မျက်နှာပြင် ကြီးမားကျယ်ပြန့်သော tablet များအား စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ ပိုမိုမြင့်မားလာစေရန် လုပ်ဆောင်ပေးနိုင်စွမ်း ရှိသည့် နောက်ဆုံးပေါ် One UI version အား ထည့်သွင်းပေးထားသည့် အတွက် Galaxy Tab S6 Lite သည် ပိုမိုအဆင့်မြင့်မားသော visual interface၊ ရိုးရှင်းထိရောက်သည့် navigation စနစ်များနှင့်အတူ သုံးစွဲသူများ စိတ်ကျေနပ်မှုအပြည့်ဖြင့် အလွယ်တကူ အသုံးပြုသွားနိုင်စေရန် လုပ်ဆောင်ပေးသွားမည် ဖြစ်သည်။

အဆင့်မြှင့်တင်ထားသော ဖျော်ဖြေရေးပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များ

Galaxy Tab S6 Lite တွင် ပိုမိုအသိဉာဏ်မြင့်မားသော အဆင့်မြင့် ဖျော်ဖြေရေး လုပ်ဆောင်ချက်များ ပါရှိသည့် အတွက် သီချင်းနားထောင်ခြင်း၊ အွန်လိုင်းမှတဆင့် အကြောင်းအရာများအား ကြည့်ရှုခြင်း၊ အွန်လိုင်းမှတဆင့် ပစ္စည်းများ ဝယ်ယူခြင်း၊ သူငယ်ချင်းများနှင့် ချိတ်ဆက်ပြောဆိုခြင်းများအား အဆင်ပြေလွယ်ကူမှု အပြည့်ဖြင့် လုပ်ဆောင်သွားနိုင်မည် ဖြစ်သည်။ ထို့အပြင် Galaxy Tab S6 Lite တွင် အကောင်းမွန်ဆုံးသော အသံစနစ် ရရှိစေရန် AKG နှင့် Dolby Atmos 3D surround စနစ် ထောက်ပံ့ပေးသည့် စပီကာ ၂ လုံးကိုလည်း ထည့်သွင်း ပေးထားသည့် အတွက် သုံးစွဲသူများ အနေနှင့် YouTube မှ ဗီဒီယိုများ ကြည့်ရှုရာတွင်ဖြစ်စေ၊ ရုပ်သံအစီအစဉ်များ ကြည့်ရှုရာတွင် ဖြစ်စေ၊ သီချင်းများ နားထောင်ရာတွင် ဖြစ်စေ သူမတူသော အကောင်းမွန်ဆုံး အဆင့်မြင့် အသံ အရည်အသွေးအား ခံစားရရှိနိုင်မည် ဖြစ်သည်။

Samsung သည် YouTube နှင့်လည်း လက်တွဲလုပ်ဆောင်မှုများ ပြုလုပ်ထားသည့်အတွက် Galaxy Tab S6 Lite အသုံးပြုသူများအနေနှင့် YouTube ဗီဒီယိုများကြည့်ရှုရာတွင် ကြော်ငြာများအား ကြည့်ရှုစရာလိုတော့မည် မဟုတ်သည့်အပြင် ဗီဒီယိုများကိုလည်း offline ကြည့်ရှုနိုင်ရန် ဒေါင်းလုတ်ပြုလုပ်နိုင်မည်ဖြစ်သည်။

နေအိမ်တွင်နေထိုင်စဉ်အချိန်တွင်လည်း စိတ်ကျေနပ်မှု အပြည့်အဝ ပေးစွမ်းနိုင်မည့် အဆင့်မြင့်မားသော Galaxy အဆင့် အသုံးပြုမှု အတွေ့အကြုံ

သုံးစွဲသူများ နေအိမ်တွင် နေထိုင်သည့် အချိန်များတွင်လည်း Galaxy Tab S6 Lite သည် လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာတွင် ပိုမိုစနစ်တကျရှိစေရန်နှင့် ပိုမိုမြန်ဆန်စွာ လုပ်ဆောင်နိုင်စေရန် ကူညီပေးသွားနိုင်မည် ဖြစ်သည်။ သင်၏ စမတ်ဖုန်းသည် အခြားအခန်းထဲတွင် ကျန်ရှိခဲ့သည့် အချိန်မျိုးတွင် လည်း Galaxy Tab S6 Lite တွင် ပါရှိသည့် Samsung Account မှတဆင့် စာတိုများ ပေးပို့ခြင်း၊ လက်ခံခြင်းနှင့် အဝင်ဖုန်း လက်ခံခြင်းများအား ပြုလုပ်နိုင်မည် ဖြစ်သည့်အပြင် Galaxy Tab S6 Lite တွင် ပါရှိသည့် Google Duo ဗီဒီယိုဖုန်းခေါ်ဆိုမှု လုပ်ဆောင်ချက်အား အသုံးပြု၍လည်း သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် အလွယ်တကူ ချိတ်ဆက်ပြောဆိုနိုင်မည် ဖြစ်သည်။

ထို့အပြင် အဆင့်မြှင့်တင်ထားသော Daily Board Display လုပ်ဆောင်ချက်အား အသုံးပြု၍ သီချင်းနားထောင်ခြင်း၊ လုပ်ဆောင်ရမည့် အရာများ မှတ်သားထားသော ပြက္ခဒိန်အား ကြည့်ရှုခြင်း၊ ရာသီဥတု အခြေအနေ စစ်ဆေးခြင်းနှင့် မှတ်စုများအား မြန်ဆန်စွာ မှတ်သားခြင်း စသည်တို့ကို လုပ်ဆောင်သွားနိုင်မည် ဖြစ်သည်။ Galaxy Tab S6 Lite တွင် ပါရှိသည့် Bixby လုပ်ဆောင်ချက် အသစ်များ ဖြစ်သည့် Bixby Voice၊ Bixby Vision နှင့် Bixby Routines များ ပါရှိသည့်အတွက် သုံးစွဲသူများ၏ လုပ်ဆောင်နိုင်စွမ်းအား ပိုမိုမြင့်မားလာစေမည့်အပြင် ပိုမိုကောင်းမွန်သော ဖျော်ဖြေရေးပိုင်းဆိုင်ရာ ခံစားမှုကိုလည်း ရရှိခံစားသွားနိုင်မည် ဖြစ်သည်။

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top