အူရီဒူးမြန်မာမှ ပံ့ပိုးပေးထားသည့် နည်းပညာခေတ်ရဲ့ပျိုမေများအစီအစဉ် ၂၀၂၃ – ၂၀၂၄ အတွက် လေ့ကျင့်သင်ကြားရေး အောင်မြင်စွာပြီးဆုံး၍

24.5.24-yyl-13.jpg

နောက်ဆုံးအဆင့် လူမှုဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများတင်ဆက်မှုတွင် ဆုရရှိသူ ၄၀ ဦးအား ထုတ်ပြန်ကြေညာ

အူရီဒူးမြန်မာမှ ပံ့ပိုးပေးထားသည့် နည်းပညာခေတ်ရဲ့ပျိုမေများအစီအစဉ် ၂၀၂၃ – ၂၀၂၄ (Tech Age Girls Myanmar Program 2023-2024) ၏ လေ့ကျင့်သင်ကြားရေးအောင်မြင်စွာပြီးဆုံး၍ နောက်ဆုံးအဆင့် ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများတင်ဆက်မှုတွင် ဆုရရှိသူ ၄၀ ဦးအား ထုတ်ပြန်ကြေညာလိုက်ပါသည်။

နည်းပညာခေတ်ရဲ့ပျိုမေများအစီအစဥ် ၂၀၂၃-၂၀၂၄ တွင် သင်တန်းသူ‌ဦးရေ အယောက် ၂၅၀ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ အစီအစဉ်၏ ပထမပိုင်းနှင့် ဒုတိယပိုင်းတို့တွင် ဒစ်ဂျစ်တယ်ပိုင်းနှင့် ခေါင်းဆောင်မှုပိုင်းဆိုင်ရာ စွမ်းရည်များကို ပြုစုပျိုးထောင်လေ့ကျင့်မှုများဖြစ်သည့် ကွန်ပျူတာနှင့် ICT ပညာ၊ စီမံကိန်းများ စီစဉ်ဆောင်ရွက်ခြင်းနှင့် စီမံခန့်ခွဲမှု၊ ဆန်းသစ်စွာ တွေးခေါ်ခြင်း၊ ဖန်တီးနိုင်စွမ်းရှိပြီး ကျိုးကြောင်းဆီလျော်စွာ တွေးခေါ်ခြင်းစသည့် လေ့ကျင့်သင်ကြားမှုများ ပေးအပ်ခဲ့ပါသည်။ အဆိုပါသင်တန်းကာလပြီးနောက် အမျိုးသမီးငယ်လေးများအနေဖြင့် လေ့လာသင်ယူခဲ့သော နည်းပညာပိုင်းနှင့် ခေါင်းဆောင်မှုပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများကို အသုံးချခြင်းဖြင့် လူမှုဝန်းကျင်အသီးသီး၏ လိုအပ်ချက်များအပေါ် အခြေခံ၍ လူမှုဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းများအား တင်ပြခဲ့ကြပါသည်။ ဆုရရှိသူများကို ၎င်းတို့၏ စီမံကိန်းဆိုင်ရာ တင်ပြချက်များနှင့် စီမံကိန်းအသီးသီးကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်စွမ်းများအပေါ် အခြေခံ၍ ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။ အမှတ်ပေး သုံးသပ်အကဲဖြတ်ရာတွင် သက်ဆိုင်ရာ လူမှုအသိုင်းအဝန်းများ၏ လိုအပ်ချက်များကို စိစစ်ဆောင်ရွက်နိုင်ခြင်း၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ နည်းပညာအသုံးပြုခြင်း၊ တင်ဆက်မှုပုံစံနှင့် တီထွင်ဖန်တီးမှုတို့အပေါ်တွင် စိစစ်အကဲဖြတ် ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။

အူရီဒူးမြန်မာမှ ဆုရရှိသူများအားလုံးကို လက်ပ်တော့သစ်တစ်လုံးစီနှင့် လူမှုဝန်းကျင်အကျိုးပြု စီမံကိန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် ငွေသားဆု ကျပ် ၃၀၀,၀၀၀ စီ ပေးအပ်ချီးမြှင့်ခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ ဆုရရှိသူ ၄၀ ဦးအနေဖြင့် အစီအစဥ်၏ နောက်ဆုံးပိုင်းဖြစ်သော Leadership Summit သို့ တက်ရောက်ခွင့် ရရှိပြီး ၎င်းတို့ အဆိုတင်သွင်းထားသော လူမှုဝန်းကျင်အကျိုးပြု စီမံကိန်းများကို အကောင်အထည်ဖော်ရန် လိုအပ်သော လမ်းညွှန်မှု၊ နည်းပညာနှင့် ငွေကြေးပံ့ပိုးမှုများကို ရရှိနိုင်မည်ဖြစ်ပါသည်။

အူရီဒူးမြန်မာ၏ Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ်မှ “အူရီဒူးမြန်မာအနေနဲ့ နည်းပညာခေတ်ရဲ့ ပျိုမေများအစီအစဉ်မှာ ပါဝင်ခဲ့ကြတဲ့ သင်တန်းသူ အားလုံးရဲ့ စိတ်အားထက်သန်မှုနဲ့ အားထုတ်ကြိုးပမ်းမှုတွေကို မြင်တွေ့ခဲ့ရတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်။ ဒီဆုရွေးချယ်ခံရတဲ့ အမျိုးသမီးငယ် အယောက် ၄၀ အနေနဲ့လဲ လူမှုဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာကို ကျွမ်းကျင်စွာ အကောင်းဆုံး အသုံးချတာကိုလဲ မြင်တွေ့ခဲ့ရပါတယ်။ ဆုရသွားတဲ့ သင်တန်းသူအားလုံးကို ဝမ်းမြောက်ဝမ်းသာစွာ ဂုဏ်ပြုအပ်ပါတယ်။ ဒီအစီအစဥ်မှာ ပါဝင်ခဲ့ကြတဲ့ အမျိုးသမီးလေးတွေအနေနဲ့ မိမိတို့ သင်ယူတတ်မြောက်ခဲ့တဲ့ ဒစ်ဂျစ်တယ်နည်းပညာနဲ့ ခေါင်းဆောင်မှုပိုင်းဆိုင်ရာ စွမ်းရည်တွေကို အသုံးချပြီး မိမိတို့ဘဝ တိုးတက်ရေးအတွက်သာမက လူမှုဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်အကျိုးပြုပြီး သိသာထင်ရှားတဲ့ ပြောင်းလဲတိုးတက်မှုတွေကို ယူဆောင်လာနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောကြားလိုက်ပါသည်။

နည်းပညာခေတ်ရဲ့ ပျိုမေများအစီအစဥ် ၂၀၂၃-၂၀၂၄ ၏ Leadership Summit ကို ၂၀၂၄ ခုနှစ်၊ မေလ (၁၃) ရက် မှ ဇွန်လ (၂) ရက်အထိ ကျင်းပပြုလုပ်လျက်ရှိပါသည်။ Leadership Summit တွင် အမျိုးသမီးများ၏ ခေါင်းဆောင်မှုပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများဆိုင်ရာ ဟောပြောခြင်း၊ အမျိုးသမီး စွန့်ဦးတီထွင်မှုဆိုင်ရာ ဆွေးနွေးစကားဝိုင်း၊ လုပ်ငန်းများ ထိရောက်စွာ ဆက်သွယ်လုပ်ကိုင်ခြင်းနှင့် အမျိုးသမီးအခွင့်အရေး စသည့် အကြောင်းအရာများ ပါဝင်ပါသည်။

နည်းပညာခေတ်ရဲ့ပျိုမေများ အစီအစဥ်သည် တစ်နှစ်ခန့်ကြာမြင့်သည့် အစီအစဥ်တစ်ခုဖြစ်ပြီး ယနေ့ဒစ်ဂျစ်တယ်ခတ်တွင် နည်းပညာနှင့် ခေါင်းဆောင်မှုစွမ်းရည်ပြည့်ဝသော အမျိုးသမီးများ ပေါ်ထွက်လာစေရန် ရည်ရွယ်ဆောင်ရွက်သည့် အစီအစဉ်တစ်ခုဖြစ်ပါသည်။

အူရီဒူးမြန်မာအနေဖြင့် နည်းပညာခေတ်ရဲ့ပျိုမေများအစီအစဥ် ၂၀၂၃-၂၀၂၄ ကို စီစဉ်ဆောင်ရွက်ရန် အပြည့်အဝ ပံ့ပိုးပေးထားပြီး လေ့ကျင့်သင်ကြားရေးအတွက် Succor Foundation နှင့် ပူးပေါင်းလက်တွဲဆောင်ရွက်ခဲ့ပါသည်။ အူရီဒူးမြန်မာသည် ၂၀၁၆ ခုနှစ်မှ စပြီး ဤအစီအစဥ်အတွက် လိုအပ်သည့် အင်တာနက်ချိတ်ဆက်မှုနှင့် ဒစ်ဂျစ်တယ်ပစ္စည်းများကို စတင်ပံ့ပိုးပေးခဲ့ပြီး ၂၀၁၉ ခုနှစ်မှ စတင်ကာ ယခုနှစ်အထိ သင်တန်းတစ်ခုလုံးအတွက် အလုံးစုံပံ့ပိုးမှုများ ပေးအပ်လျက်ရှိပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top