ကမ္ဘာ့အသက်အကြီးဆုံးနဲ့ လုပ်သက်အ​ကြာဆုံးလေယာဉ်မယ် အသက် ၈၈ နှစ်မှာကွယ်လွန်

27.5.24-yyl-5.jpg

လေကြောင်းလိုင်းမှာ ၆၇ နှစ်နီးပါးကြာ အလုပ်လုပ်ခဲ့ပြီး လုပ်သက်အကြာဆုံးလေယာဉ်မယ်အဖြစ် စံချိန်ချိုးခဲ့တဲ့ ဘတ်တီ နက်ချ်ဟာ အသက် ၈၈ နှစ်မှာကွယ်လွန်သွားခဲ့ပါပြီ။ “အမေရိကန်လေကြောင်းလိုင်းမှာ သက်တမ်းအကြာဆုံး လေယာဉ်အမှုထမ်းဖြစ်တဲ့ကျွန်တော်တို့ရဲ့ချစ်လှစွာသောလုပ်ဖော်ကိုင်ဖက် ဘတ်တီနက်ချ် ကွယ်လွန်သွားပြီဆိုတာကို အသိပေးရတာ ဝမ်းနည်းရပါတယ်”လို့ လေကြောင်းလိုင်းက ထုတ်ပြန်ခဲ့တာပါ။

နက်ချ်က မကြာသေးခင်ကမှ ရင်သားကင်ဆာရောဂါတွေ့ရှိပြီးနောက် မေလ ၁၇ ရက်နေ့က ဆေးရုံမှာ သေဆုံးသွားခဲ့တာပါ။ နက်ချ်က American လေကြောင်းလိုင်းဖြစ်သွားတဲ့ Eastern လေကြောင်းလိုင်းမှာ ၁၉၅၇ ခုနှစ်က အလုပ်စဝင်ခဲ့တာပါ။ ၂၀၂၂ ခုနှစ်မှာ လုပ်သက်အကြာဆုံးလေယာဉ်မယ်အဖြစ်ကမ္ဘာ့ဂင်းနက်စ်စံချိန်ချိုးခဲ့တာပါ။

သူ မသေဆုံးခင်က Federal Aviation Administration စည်းမျဥ်းအရ ပုံမှန်လေယာဥ်မယ်လေ့ကျင့်ရေးသင်တန်းကို တက်ရောက်နေရတုန်းပါပဲ။

ဆက်စပ်သတင်းဖတ်ရှုရန် – ကမ္ဘာ့အသက်အကြီးဆုံးနဲ့ လုပ်သက်အ​ကြာဆုံးလေယာဥ်မယ်
https://yoyarlay.com/86-year-old-woman-is-longest-serving-flight-attendant-guinness-says/

Ref: Bette Nash, world’s longest-serving flight attendant, dies at 88

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top