2019 Stevie International Business Awards ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် အူရီဒူးမှ ဆုတံဆိပ် အရေအတွက် ၁၄ ဆုအား ဆွတ်ခူးရရှိခဲ့

2019-Stevie-Awards_Ooredoo-wins-14-Awards_-Grand-Stevie-and-Record-number-of-Golds-.jpg

ကမ္ဘာ့ထိပ်တန်း ဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်သည့် အူရီဒူးသည် ၂၀၁၉ ခုနှစ်အတွက် Stevie International Business Awards (IBAs) ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ဆုတံဆိပ်များစွာ ဆွတ်ခူးရရှိခဲ့ကြောင်း ယနေ့ ထုတ်ပြန် ကြေညာခဲ့သည်။

The Stevie Awards ဆုချီးမြှင့်ပွဲ အခမ်းအနားအား ကမ္ဘာတစ်ဝန်းရှိ ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များနှင့် လူ့အသိုင်းအဝန်းအတွက် ကူညီထောက်ပံ့မှုများကို ပြန်လည်အသိအမှတ်ပြု ဂုဏ်ပြုလိုသည့် ရည်ရွယ်ချက်ဖြင့် နှစ်စဉ် ကျင်းပ ပြုလုပ်လေ့ရှိသည်။ အူရီဒူးသည် ယခုနှစ် ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ဂုဏ်သိက္ခာအကြီးမားဆုံးသော ဆုတံဆိပ် တစ်ခုဖြစ်သည့် တစ်နှစ်တာအတွင်း အကောင်းမွန်ဆုံး ဆက်သွယ်ရေးကုမ္ပဏီဆု (Company of the Year award in the Telecommunications – Large category) အပါအဝင် စုစုပေါင်း ဆုတံဆိပ် ၁၄ ခုအား ဆွတ်ခူးရရှိခဲ့သည်။ ထို့အပြင် အူရီဒူးသည် ၂၀၁၉ ခုနှစ် အတွက် IBAs ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ဆုတံဆိပ်အများဆုံး ဆွတ်ခူးရရှိခဲ့သည့် အဖွဲ့အစည်း ၁၀ ခု အနက် ၁ ခု အပါအဝင် ဖြစ်ခဲ့သည့်အတွက် ဂုဏ်သိက္ခာကြီးမားသော Grand Stevie Award ဆုတံဆိပ်ကိုလည်း ဆွတ်ခူးရရှိခဲ့သည်။

အူရီဒူးသည် အဆိုပါ တစ်နှစ်တာအတွင်း အကောင်းမွန်ဆုံး ဆက်သွယ်ရေးကုမ္ပဏီဆု (Company of the Year award) အပြင် အခြားသော ရွှေတံဆိပ်ဆုပေါင်း ၅ ဆုကိုလည်း IBAs ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ဆွတ်ခူးရရှိခဲ့သည်။

အူရီဒူးကာတာ၏ 5G ကွန်ရက်သည် ဆက်သွယ်ရေးကဏ္ဍအတွင်း တစ်နှစ်တာအတွင်း နည်းပညာပိုင်းဆိုင်ရာ ဆန်းသစ်တီထွင်မှု ရွှေတံဆိပ်ဆု (Technical Innovation of the Year in the Telecommunications – Large category) နှင့် တစ်နှစ်တာအတွင်း ဆက်သွယ်ရေး ဝန်ဆောင်မှု ရွှေတံဆိပ်ဆု (Telecommunications – Service Category) များအား ဆွတ်ခူးရရှိခဲ့သည်။ အလားတူပင် အူရီဒူးကာတာသည် ဝန်ထမ်းဦးရေပေါင်း ၂,၅၀၀ ကျော်ရှိသည့် အဖွဲ့အစည်းများကဏ္ဍတွင်လည်း ဆန်းသစ်တီထွင်မှုအရှိဆုံး ကုမ္ပဏီ ရွှေတံဆိပ်ဆု (Most Innovative Company of the Year)၊ အူရီဒူးလုပ်ငန်းစုမှ လုပ်ဆောင်ခဲ့သည့် Messi Campaign သည် အင်တာနက်/ဆက်သွယ်ရေးကဏ္ဍအတွင်း တစ်နှစ်တာ Marketing Campaign ရွှေတံဆိပ်ဆု (Marketing Campaign of the Year – Internet/Telecom) နှင့် အူရီဒူးမော်လ်ဒိုက် Digital Resorts Solution သည် ပို့ဆောင်ရေးကဏ္ဍတွင် ရွှေတံဆိပ်ဆု များကိုလည်း အသီးသီး ဆွတ်ခူးရရှိခဲ့သည်။

ထို့အပြင် အူရီဒူးသည် အဆိုပါ ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ငွေတံဆိပ်ဆု ၃ ဆုကိုလည်း ဆွတ်ခူးရရှိခဲ့သည်။ Mobile World Congress 2019 တွင် အူရီဒူးလုပ်ငန်းစု၏ တင်ဆက်ပြသမှုများသည် Brand & Experiences – Exhibition Experience ကဏ္ဍ တွင် ငွေတံဆိပ်ဆု၊ အာရှ၊ ဩစတေးလျနှင့် နယူးဇီလန်နိုင်ငံများအနက် တစ်နှစ်တာ လူမှုအကျိုးပြုလုပ်ငန်း (Corporate Social Responsibility Programme of the Year in Asia, Australia and New Zealand) ကဏ္ဍ တွင် အူရီဒူးမြန်မာ၏ ‘မိနစ်များများပြောလေ၊ အူရီဒူးမှ များများလှူလေ’ လူမှုအကျိုးပြုလုပ်ငန်းသည် ငွေတံဆိပ်ဆု နှင့် အူရီဒူးမော်လ်ဒိုက်၏ Smart City စီမံကိန်းနှင့် NIRU Accelerator ပရိုဂရမ်တို့သည် ငွေတံဆိပ်ဆု အသီးသီး ဆွတ်ခူးရရှိခဲ့သည်။

အလားတူပင် အူရီဒူးသည် အဆိုပါ ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ကြေးတံဆိပ်ဆု ၄ ဆု ကိုလည်း ဆွတ်ခူးရရှိခဲ့သည်။ အူရီဒူးအိုမန်၏ Business App သည် Business / Government ကဏ္ဍတွင် ကြေးတံဆိပ်ဆု၊ အူရီဒူးအယ်လ်ဂျီးရီးယား၏ Haya Music သည် Music ကဏ္ဍတွင် ကြေးတံဆိပ်ဆု၊ အူရီဒူးမြန်မာသည် ဝန်ထမ်းဦးရေပေါင်း ၂,၅၀၀ အထိရှိသည့် အဖွဲ့အစည်းများကဏ္ဍတွင် တစ်နှစ်တာ ဆန်းသစ်တီထွင်မှုအရှိဆုံးကုမ္ပဏီ ကြေးတံဆိပ်ဆု နှင့် Asiacell သည် အရှေ့အလယ်ပိုင်းနှင့် အာဖရိကဒေသများတွင် တစ်နှစ်တာ လူမှုအကျိုးပြုလုပ်ငန်း အစီအစဉ် ကြေးတံဆိပ်ဆု များအား အသီးသီး ဆွတ်ခူးရရှိခဲ့သည်။

အဆိုပါ အောင်မြင်မှုများနှင့် ပတ်သက်၍ အူရီဒူးလုပ်ငန်းစု၏ Chief Executive Officer ဖြစ်သူ Sheikh Saud Bin Nasser Al Thani မှ “ကျွန်တော်တို့ရဲ့ ကြိုးပမ်းမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ အခုလို ဂုဏ်သိက္ခာကြီးမားတဲ့ နိုင်ငံတကာ ဆုတံဆိပ်တွေကို ချီးမြှင့်ပေးခဲ့တဲ့အတွက် အရမ်းကို ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ အထူးသဖြင့် ဒီနှစ်မှာဆိုရင် အခမ်းအနားရဲ့ ဂုဏ်သိက္ခာ အကြီးမားဆုံး ဆုတံဆိပ်တစ်ခု ဖြစ်တဲ့ တစ်နှစ်တာအတွင်း အကောင်းမွန်ဆုံး ကုမ္ပဏီဆု (Company of the year) အပါအဝင် စံချိန်တင် ရွှေတံဆိပ်ဆု အရေအတွက်ကို ဆွတ်ခူးရရှိခဲ့တဲ့ အတွက်လည်း ပိုပြီးတော့ ဂုဏ်ယူမိပါတယ်။

အခုလို မတူညီတဲ့ကဏ္ဍတွေမှာ ဆုတံဆိပ်တွေ ရရှိခဲ့တာဟာ ကျွန်တော်တို့ အူရီဒူးအနေနဲ့ ဆက်သွယ်ရေးကဏ္ဍအတွင်းက နယ်ပယ်အသီးသီးမှာ ဦးဆောင်သူတစ်ဦးအဖြစ် လုပ်ငန်းတွေ ဆောင်ရွက်နေတာကို ဖော်ပြနေတဲ့အပြင် ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ အူရီဒူး အသုံးပြုသူတွေရဲ့ ဒီဂျစ်တယ်လူနေထိုင်မှုဘဝတွေကို ပိုမိုတိုးတက်လာစေဖို့ ကျွန်တော်တို့ရဲ့ ရည်ရွယ်လုပ်ဆောင်ချက်တွေဟာ ဆက်သွယ်ရေးကဏ္ဍ တစ်ခုလုံးရဲ့ အသိအမှတ်ပြု လေးစားမှုတွေကို ရရှိနေတယ်ဆိုတဲ့ အချက်ကိုလည်း ဖော်ပြနေပါတယ်။ အူရီဒူးအနေနဲ့ 5G ကွန်ရက် အပါအဝင် နည်းပညာပိုင်းဆိုင်ရာ ဆန်းသစ်တီထွင်မှုနယ်ပယ်မှာ ဦးဆောင်သူတစ်ဦးအဖြစ် ဆက်လက်ရပ်တည်သွားဖို့ ရည်သန်ထားပြီး အနာဂတ်မှာလည်း ဆက်သွယ်ရေးကဏ္ဍအတွင်း ဒီဂျစ်တယ်စနစ် အပြည့်အဝ ဖော်ဆောင်နိုင်ဖို့အတွက်လည်း နည်းဗျုဟာကျကျနဲ့ ဆက်လက်တိုးမြှင့်လုပ်ဆောင်သွားမှာပါ။”

ယခုနှစ် အစောပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည့် 5G World Awards ဆုပေးပွဲတွင်လည်း အူရီဒူးလုပ်ငန်းစု၏ ကမ္ဘာတဝန်းရှိ ဈေးကွက်များတွင် လုပ်ငန်းဆောင်ရွက်မှုများအား ဒီဂျစ်တယ် စနစ်သို့ ပြောင်းလဲဖော်ဆောင်မှု လုပ်ငန်းစဉ်သည် ဆုတံဆိပ်များ ဆွတ်ခူးရရှိခဲ့သည်။ ဆက်သွယ်ရေးကဏ္ဍအတွင်း ဆန်းသစ်တီထွင်မှု အရှိဆုံး အဖွဲ့အစည်းများအား ရွေးချယ်ချီးမြှင့်သည့် အဆိုပါ 5G World Awards 2019 ဆုပေးပွဲတွင် အူရီဒူးလုပ်ငန်းစုသည် ‘Best Telco Digital Transformation Project’ ဆု အား ဆွတ်ခူးရရှိခဲ့သည်။ အလားတူပင် အဆိုပါ ဒီဂျစ်တယ်စနစ်သို့ ပြောင်းလဲဖော်ဆောင်မှု လုပ်ငန်းစဉ်သည် ကမ္ဘာတဝန်း အူရီဒူး၏ ဈေးကွက်များတွင်လည်း အသိအမှတ်ပြုမှုများ ရရှိခဲ့သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top