ရခိုင်အရေးနဲ့ ပတ်သက်ပြီး တွစ်တာမှ တဆင့်ရေးသားလိုက်တဲ့ မာလာလာ

10-malala-yousafzai.w710.h473.2x.jpg

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနဲ့ ပက်သက်ပြီး နိုဗယ်ငြိမ်းချမ်းရေး ဆုရှင် မာလာလာက Twitter မှာ ပို့စ်တင်လိုက်ပါတယ်။ မာလာလာ ဟာ ၂၀၁၄ ခုနှစ်မှာ ငြိမ်းချမ်းရေး နိုဗယ်ဆုကို ရရှိခဲ့တာပါ။ သူမအနေနဲ့ ယခင်ကလည်း မြန်မာနိုင်ငံနဲ့ ဘင်္ဂါလီ အရေးနဲ့ ပတ်သက်ပြီး ဝင်ရောက်ပြောဆို တာတွေရှိခဲ့ဖူးပါတယ်။

မာလာလာ ရေးသားထားတဲ့ စာအရဆိုရင် ဘင်္ဂါလီတွေ အခုလို ခံစားနေရတဲ့အတွက် သူ့နှလုံးသားတွေ ကွဲကြေရတဲ့အကြောင်း၊ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ မြန်မာလုံခြုံရေး အဖွဲ့တွေရဲ့ သတ်ဖြတ်မှုကို ခံလိုက်ရတဲ့ ကလေးငယ်တွေ ရဲ့ ရုပ်ပုံကို မြင်တွေ့လိုက်ရပြီး အဲ့ဒီကလေးတွေဟာ ဘယ်သူ့ကိုမှ မတိုက်ခိုက်ခဲ့ပေမယ့် သူ့တို့ရဲ့ အိမ်တွေကတော့ မီးလောင်ပြာကျနေခဲ့တယ်ဆိုတဲ့ အကြောင်း စသည်ဖြင့် ပါဝင်ပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံမှာ မွေးဖွားခဲ့တဲ့ ဘင်္ဂါလီတွေကို နိုင်ငံသားဖြစ်ခွင့် ပေးသင့်တဲ့အကြောင်းကိုလည်း ပြောဆိုထားတဲ့ အပြင် အခုလို ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ဘင်္ဂါလီ တွေပေါ် အကြမ်းဖက်မှုတွေနဲ့ ပက်သက်ပြီး ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ရှုံ့ချဖို့အတွက် ကမ္ဘာကြီးက စောင့်စားနေကြောင်းကို မာလာလာက သူ့ရဲ့ တွစ်တာ အကောင့်ကနေ ရေးသားတောင်းဆိုလိုက်တာပါ။ မြန်မာအစိုးရ အနေနဲ့ ဘဂါၤလီလို့ပဲ ခေါ်ဝေါ်သတ်မှတ်ဖို့ လက်ခံထားပေမယ့် မာလာလာကတော့ သူမရဲ့ စာမှာ ရိုဟင်ဂျာ (မူဆလင်) ဆိုပြီး တောက်လျှောက်သုံးလာခဲ့တာပါ။

အခုလို မာလာလာ ပြောဆိုလ်ိုက်တာနဲ့ ပက်သက်ပြီး မြန်မာ ပြည်သူတွေက သူတို့ရဲ့ အမြင်နဲ့ ခံစားချက်၊ မကျေနပ်ချက်တွေကို ပြန်လည်မျှဝေ ပြောဆိုနေကြတာပါ။ မာလာလာ ကိုယ်တိုင်တောင် ဒီလို အကြမ်းဖက် ဖြစ်ရပ်တွေ၊ ဒီလို အကြမ်းဖက် သမားတွေနဲ့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီး အခုလို တစ်ဖက်သက်ပြောဆိုလိုက်မှုတွေအပေါ်  မကျေနပ်ကြတဲ့ comments တွေကိုတော့ နေရာ အနှံ့တွေ့နေရပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ရခိုင်အရေးအပေါ် အမှန်တကယ် မလေ့လာဘဲ သေချာ မစဉ်စားဘဲ အခုလို ပြောဆို လိုက်တာဖြစ်တယ်လို့ မြန်မာပြည်သူအချို့က နိုင်ငံတကာ သတင်းမီဒီယာတွေရဲ့ သတင်းအောက်မှာ ရေးသား ကန့်ကွက်နေကြတာပါ။

မာလာလာအနေနဲ့ အခြေအနေ အရပ်ရပ်ကို သေချာ လေ့လာ ဆန်းစစ်ပြီးမှ ဝေဖန်ချက်တစ်ခုခုကို မျှမျှတတ ပြောသင့်တယ်လို့မြင်ပါတယ်။ နေရပ်စွန့်ခွာပြီး အိုးအိမ်တွေဆုံးရှုံးနေရတဲ့ ရခိုင်တိုင်းရင်းသားတွေဖက်ကို မကြည့်ဘဲ တစ်ဖက်သက် ပြောလိုက်တဲ့ သူ့ရဲ့ စကားတွေက လက်တွေ့ဆိုးကျိုးခံစားနေရတဲ့ သူတွေအတွက် လက်ခံနိုင်စရာ မရှိတာလည်း အမှန်ပါပဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာက မီဒီယာတွေရဲ့ သတင်းတွေအောက်မှာ၊ ပြည်တွင်း သတင်းမီဒီယာတွေရဲ့ သတင်းတွေအောက်မှာ နောက်ပြီး Twitter အကောင့်တွေပေါ်မှာ မြန်မာပြည်သူတွေက သူတို့ရဲ့ မကျေနပ်ချက်တွေကို ပြန်လည် ပြောဆိုချေပနေကြတာကို တွေ့မြင်နေရတာပါ။

Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top