စာတိုပေးပို့မှုအက်ပလီကေးရှင်းများအနက် ငွေပေးချေနိုင်သောစနစ်အား မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဝန်ဆောင်မှုပေးအပ်နိုင်ရန် Rakuten Viber နှင့် Onepay တို့ မိတ်ဖက်ပူးပေါင်း

20.7.23-yyl-5.jpg

မြန်မာနိုင်ငံ၏ ထိပ်တန်း မိုဘိုင်းပိုက်ဆံအိတ်နှင့် ဒစ်ဂျစ်တယ် ငွေပေးချေခြင်း ဝန်ဆောင်မှု အက်ပလီကေးရှင်း တစ်ခုဖြစ်သည့် Onepay နှင့် ကမ္ဘာလုံးဆိုင်ရာ စာတိုပေးပို့ခြင်း၊ ဖုန်းခေါ်ဆိုခြင်းများ ပြုလုပ်နိုင်သော နာမည်ကျော် အက်ပလီကေးရှင်း Rakuten Viber တို့ မိတ်ဖက်ပူးပေါင်းကာ မြန်မာနိုင်ငံမှ သုံးစွဲသူများအတွက် Viber လုပ်ဆောင်ချက်အသစ်များအား ယူဆောင်လာတော့မည် ဖြစ်ကြောင်း ယနေ့ ကြေညာခဲ့သည်။

အသစ်ထပ်မံထည့်သွင်းလိုက်သည့် Viber ၏ Chat Extension လုပ်ဆောင်ချက်အသစ်နှင့်အတူ မြန်မာနိုင်ငံရှိ Viber အသုံးပြုသူများ အနေနှင့် စာတိုပေးပို့မှု၊ ဖုန်းခေါ်ဆိုမှုများ အပြင် ယနေ့မှစ၍ ငွေလွှဲမှုများကိုလည်း ရိုးရှင်းလုံခြုံစိတ်ချရမှု အပြည့်ဖြင့် ပြုလုပ်သွားနိုင်တော့မည်ဖြစ်သည်။ Onepay ဖြင့် ပူးပေါင်းလိုက်ခြင်းဖြင့် မြန်မာနိုင်ငံရှိ အသုံးပြုသူများသည် အင်တာနက်ဘေလ်နှင့် ဖုန်းဘေလ်များ ပေးဆောင်ခြင်း၊ အာမခံ ပရီမီယမ်ကြေးများ ပေးသွင်းခြင်းနှင့် ချေးငွေပေးသွင်းခြင်း စသည်တို့အား Viber အက်ပလီကေးရှင်းပေါ်ရှိ Viber Chat Bot လုပ်ဆောင်ချက်၌ စတင်လုပ်ဆောင်နိုင်ပြီဖြစ်သည်။

Viber သည် စာတိုများပေးပို့ခြင်း၊ ဖုန်းနှင့် ဗွီဒီယို Call များခေါ်ဆိုခြင်း၊ အဖွဲ့ဝင် အယောက် ၂၅၀ အထိ ပါဝင်နိုင်သော group များနှင့် အဖွဲ့ဝင်ဦးရေအကန့်အသတ်မရှိသော Viber Channel များ ဖန်တီးခြင်းများ စသည်တို့ ပြုလုပ်နိုင်သည့် မြန်မာနိုင်ငံ၏ ထိပ်တန်းအခမဲ့ စာတိုပေးပို့မှု အက်ပလီကေးရှင်း တစ်ခု ဖြစ်သည်။ Viber Channel များဖွဲ့စည်းရာ၌ လူဦးရေ ကန့်သတ်ထားခြင်းမရှိသောကြောင့် အသုံးပြုသူများနှင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် လူအများနှင့် ပိုမိုထိတွေ့နိုင်ခြင်း၊ Channel insight မှ တစ်ဆင့် မိမိဝယ်ယူသူ ဖောက်သည်များအား ပိုမိုသိရှိနားလည်နိုင်ခြင်း စသည့်ဝန်ဆောင်မှုတို့ကို ရယူနိုင်သည့်အပြင် အဆိုပါ အချက်အလက်ဒေတာများ အားလုံးကိုလည်း အချိန်နှင့်တစ်ပြေးညီ လုံခြုံစိတ်ချမှု အပြည့်ဖြင့် အခမဲ့ ဒေါင်းလုတ် ရယူနိုင်မည် ဖြစ်သည်။

“Viber အသုံးပြုသူတွေအတွက် Onepay မိုဘိုင်းပိုက်ဆံအိတ်ကို ယူဆောင်လာဖို့ ကျွန်တော်တို့တွေ အရမ်းပဲ စိတ်လှုပ်ရှားနေကြပါတယ်။ Onepay ရော Rakuten Viber ရောက လုံခြုံရေးကို အထူးဦးစားပေးပြီး ဆန်းသစ် တီထွင်တာတွေကို ယူဆောင်လာပေးဖို့ တူညီတဲ့ဆန္ဒ ရှိကြတာကြောင့် ကျွန်တော်တို့ရဲ့ မိတ်ဖက်ပူးပေါင်းမှုက အက်ပလီကေးရှင်းရဲ့ စွမ်းဆောင်ရည်ကို အကောင်းဆုံး မြှင့်တင်ပေးသွားနိုင်မှာပါ။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ ထိပ်တန်း ကိုယ်ရေးကိုယ်တာ လုံခြုံရေးပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေ ကြောင့် Rakuten Viber နဲ့ Onepay မိုဘိုင်းပိုက်ဆံအိတ် အသုံးပြုသူတွေအနေနဲ့ ငွေပေးချေမှုတွေကို အက်ပလီကေးရှင်းထဲမှာပဲ စကားပြောဆိုရင်းနဲ့ တစ်ပြိုင်နက်တည်း အဆင်ပြေပြေ၊ လုံခြုံစိတ်ချမှု အပြည့်နဲ့ လုပ်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်” ဟု Rakuten Viber ၏ Senior Director of APAC ဖြစ်သူ David Tse က ပြောကြားခဲ့ပါသည်။

ဒစ်ဂျစ်တယ် ငွေပေးချေမှုနှင့် Financial Lifestyle မိုဘိုင်းအက်ပလီကေးရှင်းတစ်ခု ဖြစ်သည့် Onepay သည် ဒစ်ဂျစ်တယ် ဘဏ်ဝန်ဆောင်မှု၊ အွန်လိုင်းဘဏ်ဝန်ဆောင်မှု၊ ဒစ်ဂျစ်တယ် ပိုက်ဆံအိတ်၊ ခရီးသွားခြင်းနှင့် အွန်လိုင်းမှ စျေးဝယ်ယူခြင်း၊ အွန်လိုင်း အစားအသောက်မှာယူခြင်း အစရှိသည့် ဝန်ဆောင်မှုများအား ပေးအပ်လျက် ရှိသည်။

“ကျွန်တော်တို့ရဲ့ ဒစ်ဂျစ်တယ်ငွေပေးချေခြင်းနဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှုကို Viber မှာ ထည့်သွင်းပေးလိုက်နိုင်တဲ့အတွက် မြန်မာနိုင်ငံက Viber အသုံးပြုသူတွေ အနေနဲ့ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတစ်ခုကို ရရှိသွားမှာ ဖြစ်တာကြောင့် တစ်ကယ့်ကို ဝမ်းသာဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံရဲ့ ထိပ်တန်း စာတိုပေးပို့မှု ပလက်ဖောင်းဖြစ်တဲ့ Viber နဲ့အတူ အသုံးပြုသူတွေအတွက် ငွေကြေးပိုင်းဆိုင်ရာ ဝန်ဆောင်မှုတွေ ပိုမို အဆင်ပြေလွယ်ကူစွာ လုပ်ဆောင်သွားနိုင်အောင် အခုလို ကူညီပေးရတဲ့အတွက် ဝမ်းမြောက်မိပါတယ်” ဟု One Pay ၏ Deputy CEO ဖြစ်သူ Sagar Bhagaddia မှ ပြောကြားခဲ့သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top