Billboard Music Awards ဆုပေးပွဲမှာ ဆု ၁၀ ဆု ဆွတ်ခူးခဲ့တဲ့ တေလာဆွစ်ဖ်

20.11.23-yyl-၁၂.jpg

Billboard Music Awards ဆုပေးပွဲမှာ တေလာဆွစ်ဖ်က ဆု ၁၀ ဆု ဆွတ်ခူးသွားခဲ့ပြီး Billboard Music Awards အများဆုံး ဆွတ်ခူးနိုင်သူအဖြစ် Drake နဲ့အတူ ပူးတွဲရပ်တည်ခဲ့ပါတယ်။ တေလာဆွစ်ဖ်ဟာ top artist ဆုကို ၃ ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး Billboard Music Awards ဆုပေးပွဲသမိုင်းတစ်လျှောက်မှာ ဆုပေါင်း ၃၉ ဆုအထိ ရရှိခဲ့တာပါ။ Drake ကတော့ ဒီနှစ်ဆုပေးပွဲမှာ ဆု ၅ ဆု ဆွတ်ခူးခဲ့တာပါ။

ဒီနှစ်ဆုပေးပွဲမှာ အမေရိကန် ကျေးလက်ဂီတ တေးရေး၊ တေးဆို မော်ဂန်ဝယ်လန်က ဆုပေါင်း ၁၁ ဆုအထိ ဆွတ်ခူးသွားခဲ့ပါတယ်။ မော်ဂန်ဝယ်လန်ဟာ Billboard 200 album ဆု၊ top Hot 100 song ဆု (၂)ဆုလုံးကို တစ်နှစ်တည်း သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Ref: Taylor Swift wins Top Artist at Billboard Music Awards
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top