“A Better Flip” ဖုန်းဖြစ်တဲ့ OPPO Find N3 Flip ရဲ့ Experience Event ကျင်းပခဲ့

20.11.23-yyl-17.jpg

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ်ဖြစ်တဲ့ OPPO ဟာ “A Better Flip” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း Flip ဖုန်းတစ်လုံးအဖြစ် ရောက်ရှိလာတဲ့ OPPO Find N3 Flip ကို နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ကျင်းပတဲ့ Experience Event ကနေ တစ်ဆင့် ၃,၄၉၉,၉၀၀ ကျပ်နဲ့ မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်ရောင်းချနေပြီ ဖြစ်ပြီး Cream Gold နဲ့ Sleek Black ဆိုပြီး အရောင် နှစ်ရောင် ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

OPPO Find N3 Flip ကို ဝယ်ယူသူတွေကို OPPO ကနေ Gift အနေဖြင့် OPPO Band နဲ့ 1 Year International Warranty Service ပေးအပ်သွားမှာဖြစ်ပြီး ပထမဦးဆုံး User Fault ကြောင့် မှန်လဲရပါက မှန်အတွက် ဖုန်းဝယ်ယူသည့်ရက်မှစ၍ တစ်နှစ်အတွင်း တစ်ကြိမ် 30% Discount အကျိုးခံစားခွင့်ရှိမှာ ဖြစ်ပါတယ်။ ဒီအပြင် ပြုပြင်နေစဉ်အတွင်း အသုံးပြုဖို့ အစားထိုးဖုန်းများ စီစဉ်ပေးထားမှာဖြစ်ပြီး သိလိုသမျှကို ဆက်သွယ်မေးမြန်းနိုင်ရန် VIP Hotline စီစဉ်ပေးထားမှာ ဖြစ်ပါတယ်။

ဒါ့အပြင်OPPO Find N3 Flip ဝယ်ယူသူတိုင်းကို မြန်မာ့ထိပ်တန်းဒီဇိုင်နာ မိုးကုတ်ပေါက်ပေါက် တီထွင် ဖန်တီးထားတဲ့ Old Money New Look Ready to Wear ရဲ့ Fashion တွေကို ၂၀ ရာခိုင်နှုန်းလျော့ဈေးနဲ့ ရရှိမှာ ဖြစ်ပါတယ်။ OPPO Find N3 Flip Official Experience Event မှာတော့ OPPO မိသားစုဝင် အနုပညာရှင်ဖြစ်တဲ့ သရုပ်ဆောင် နန်းဆုရတီစိုးတို့ ပါဝင်တက်ရောက်ခဲ့ကြပြီး OPPO Find N3 Flip ရဲ့ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတွေ ဆွေးနွေးပြောပြခဲ့ကြကာ ပျော်ရွှင်ဖွယ် အစီအစဥ်များစွာ ပြုလုပ်ခဲ့ကြပါတယ်။

Hasselblad နဲ့ ပူးပေါင်းဖန်တီးခဲ့တဲ့ OPPO Find N3 Flip ဖုန်းမှာတော့ OPPO Find N3 Flip ရဲ့ Rear Camera တွေအဖြစ် 50MP Wide-angle Camera၊ 48MP Ultra-wide၊ Flip ဖုန်းတွေမှာ ပထမဆုံးသော Telephoto Camera ဖြစ်တဲ့ 32MP Telephoto Portrait Camera ပါဝင်ပြီး Front Camera အဖြစ် 32 MP Ultra-clear Selfie Camera ကို တပ်ဆင်ထားပါတယ်။

OPPO ဟာ User Experience ရဲ့ တုန့်ပြန်မှုတွေကနေတစ်ဆင့် အသုံးပြုသူတွေ ပိုမိုအဆင်ပြေစေဖို့အတွက် ဒေါင်လိုက်ဖြစ်တဲ့ Vertical Cover Screen ကို ဖန်တီးလုပ်ဆောင်ထားတာဖြစ်ပြီး ဖြန့်ထားချိန်မှာ 6.8” 120Hz Screen ရှိကာ ခေါက်ထားချိန်မှာတော့ လက်ထဲမှာသာမက အိတ်ကပ်အတွင်းမှာပါ သယ်ဆောင်ရ လွယ်ကူစေပါတယ်။

OPPO Find N3 Flip မှာဆိုရင် အခြား Flip ဖုန်းတွေမှာ ကြုံတွေ့ရလေ့ရှိတဲ့ ခေါက်ရာထင်ရှားသိသာမှုကို နည်းပါးစေဖို့ တီထွင်ဖန်တီးထားပြီး Flagship ကင်မရာဒီဇိုင်းကို ပုံဖော်ပေးနိုင်ဖို့အတွက် Cosmos Ring Design၊ Micro-Carved Flowing Hinge Design တို့နဲ့ ပြုလုပ်ဖန်တီးထားကာ ဖုန်းကို Unlock ဖွင့်စရာ မလိုဘဲ Silent၊ Vibrate နဲ့ Ring Mode တွေကို ပြုလုပ်နိုင်တဲ့ Alert Slider ကို ထည့်သွင်းပေးထားပါတယ်။ OPPO Find N3 Flip ဟာ ခေါက်ထားတဲ့အချိန်မှာလဲ ကြားမှာ ဟနေခြင်းလုံးဝမရှိအောင် အဆင့်မြှင့်တင်ထားတဲ့ Flexion Hinge နဲ့ ဖန်တီးပေးထားပါတယ်။ TÜV Rheinland ရဲ့ သတ်မှတ်ချက်အရ ဒီ OPPO Find N3 Flip ဟာ အကြိမ်ပေါင်း တစ်သန်း အခေါက်အဖြန့်လုပ်နိုင်ပါတယ်။ OPPO Find N3 Flip ကို MediaTek Dimensity 9200 Chipset တပ်ဆင်ထားပြီး RAM 12 GB နဲ့ ROM 256 GB တို့ ပါဝင်ပါတယ်။ ကြီးမားတဲ့ ဘက်ထရီ 4300mAH ပါဝင်ပြီး 44W SUPERVOOC အမြန်အားသွင်းစနစ်က အချိန်တိုအတွင်း မြန်ဆန်စွာ အားသွင်းပေးနိုင်မှာပါ။

OPPO Find N3 Flip နဲ့ ပတ်သက်ပြီး ထပ်မံသိရှိလိုပါက OPPO Myanmar Official Facebook Page (https://tinyurl.com/ekw28n4m) နဲ့ Website (https://www.oppo.com/…/smar…/series-find-n/find-n3-flip/) တို့ကနေ တစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။

OPPOFindN3Flip #ABetterFlip #ExperienceEvent

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top