နံနက်တိုင်း လန်းဆန်းစွာ အိပ်ရာမှနိုးထစေဖို့

Screen-Shot-2016-02-04-at-11.34.27.jpg

သင်က မနက် အိပ်ရာစောစောထတတ်တဲ့သူမဟုတ်ရင် မနက်ခင်းပိုင်းဟာ Alarm တွေ ခဏခဏပိတ်ရတာနဲ့၊ အိပ်ချင်တဲ့စိတ်နဲ့ အမြဲတမ်းနပန်းလုံးနေရတဲ့ အချိန်တစ်ခုဖြစ်နေမှာပါ။

ဒါပေမဲ့ မနက်ခင်းဟာ တစ်နေ့တာကို စတင်ရတဲ့အချိန်တစ်ခုဆိုတာကိုတော့ ကျွန်တော်တို့ မေ့မထားသင့်ပါဘူး။ မနက်ခင်းမှာ ပျော်ရွှင်ကြည်နူးစွာနဲ့ နိုးလာမှ တစ်နေကုန် ပျော်ရွှင်နိုင်မှာပါ။ မနက်ခင်းကို စိတ်ကြည်နူးစွာနဲ့ လန်းလန်းဆန်းဆန်းနိုးထချင်တယ်ဆိုရင် သင့်ရဲ့ အမူအကျင့်လေးတစ်ချို့ကိုပြောင်းလဲပေးဖို့တော့လိုပါတယ်။ သင့်ရဲ့နံနက်ခင်းတိုင်းကိုအပြုံးနဲ့အတူ တစ်နေ့တာကိုစတင်နိုင်ဖို့အတွက် အကြံပြုချက်လေးတွေကိုတော့   အောက်မှာပြောပြပေးထားပါတယ်နော်။

ကုတင် ဘေးမှာထားရှိတဲ့စားပွဲလေးကိုချစ်စဖွယ်ဖန်တီးပါ

သင့်ကုတင်ဘေးက စားပွဲလေးပေါ်မှာ သင့်ကိုစိတ်အားတက်ကြွစေမယ့် လှပချစ်စရာကောင်းတဲ့အရာလေးတွေနဲ့ခင်းကျင်းထားပါ။ ကိုယ့်ကိုပျော်ရွှင်စေတဲ့ အမှတ်တရဓာတ်ပုံလေးတွေ၊ မဂ္ဂဇင်းစာအုပ်လေးတွေနဲ့ စိတ်ဓာတ်မြှင့်တင်ပေးတဲ့နာမည်ကျော်ပုဂ္ဂိုလ်များရဲ့ အကိုးအကားစာလေးတွေကို ထားရှိပေးနိုင်ပါတယ်။

အတွေးများအား ဖြန့်ကျက်ပါ

အိပ်ရာနိုးနိုးချင်း သင့်ရဲ့ဖုန်းကိုမကိုင်ခင်မှာ အတွေးတွေနဲ့အရင်ဆုံးနိုးထလိုက်ပါ။ အိပ်ရာမှမထခင် အနည်းဆုံး ၁၅ မိနစ်လောက် မိမိကိုယ်ကိုအချိန်ပေးလိုက်ပါ။ ဒီအချိန်ဟာ စိတ်အာရုံနှောင့်ယှက်မှု တွေ ကင်းဝေးပြီးသင့်ရဲ့အတွေးတွေနဲ့သာ နေထိုင်နိုင်မယ့်အချိန်လေးပါပဲ။

အသီးဖျော်ရည် တစ်ခွက်လောက်သောက်သုံးပေးပါ

မနက်ခင်းမှာသင့်ကိုလန်းဆန်းတက်ကြွစေဖို့ နည်းလမ်းကောင်းလေးတစ်ခုကတော့ သင်အကြိုက်နှစ်ဆုံးအသီးဖျော်ရည်သောက်သုံးပေးခြင်းပါပဲ။

နေရောင်အနွေးဓာတ်ကိုခံယူပါ

အိပ်ချိန်မှာ လိုက်ကာစတွေကိုနေရောင်ခြည်တစ်စွန်းတစ်စဝင်ရောက်စေဖို့ခပ်ဟဟဖွင့်ပြီးအိပ်စက်ပါ။ အိပ်ရာထဖို့အချိန်ရောက်လာပြီဆိုရင်တော့ နံနက်ခင်းနေရောင်ခြည်နုနုရဲ့ အနွေးဓာတ်လေးကိုခံနိုင်စေဖို့ လိုက်ကာတွေကိုဖွင့်ပေးလိုက်ပါ။

နံနက်ခင်းအတွက်ကြိုတင်ပြင်ဆင်ပါ

နောက်တစ်နေ့မနက်အတွက် ညဘက်မှာကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ပါ။ သင်ဝတ်ဆင်မယ့်အဝတ်အစားကိုရွေးချယ်ထားတာမျိုး၊ သင့်အိတ်ကိုပစ္စည်းတွေအဆင်သင့်ထုပ်ပိုးပြင်ဆင်ထားတာမျိုး၊ နံနက်စာအတွက် ကြိုတင်ပြင်ဆင်တာမျိုး စတာတွေကို ကြိုလုပ်ထားသင့်ပါတယ်။

မှတ်ချက် – အမြဲတမ်းအပြုသဘောဆောင်တဲ့ စိတ်ကိုထားရှိဖို့မမေ့ပါနဲ့။ သင်ဟာ သင့်ရဲ့အကောင်းဆုံးမိတ်ဆွေဆိုတာ အမြဲတမ်းမှတ်ထားပါ။ သင့်ကိုယ်သင် ဘယ်အချက်တွေသဘောကျတယ်ဆိုတာ ပြုံးပြုံးလေးနဲ့ပြောလိုက်ပါ။ သင့်ဘဝကိုဘာကြောင့်နှစ်သက်သဘောကျရတဲ့အကြောင်းအချက်တွေကို အမြဲတမ်းအမှတ်ရနေစေဖို့ စာရင်းပြုစုပြီးသင့်အိပ်ရာနံဘေးနားမှာ ထားထားပါ။

Ref : Knowledge : Lady Wimbledon

Htet Htet Tin Zar  (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top