ပိတ်စနှာခေါင်းစည်း ချုပ်လုပ်၊ ဝတ်ဆင်ကြဖို့ ထိုင်းနိုင်ငံ ကျန်းမာရေးအာဏာပိုင်တွေ တိုက်တွန်း

12-3-2020-yyl-038.jpg

ထိုင်းနိုင်ငံမှာ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းတွေ ပြတ်လပ်နေပြီး Covid-19 ကူးစက်ပျံ့နှံ့မှုကို ကာကွယ်နိုင်ဖို့အတွက် ပိတ်စအသုံးပြုပြီး နှာခေါင်းစည်းတွေ ချုပ်လုပ်၊ ဝတ်ဆင်ကြဖို့ ထိုင်းနိုင်ငံရဲ့ ကျန်းမာရေးအာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

Covid-19 ကူးစက်ခံရသူ စုစုပေါင်း ၇၀ ဦး ရှိနေတဲ့ ထိုင်းနိုင်ငံမှာ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းတွေနဲ့ လက်သန့်ဆေးရည်တွေကို ပြီးခဲ့တဲ့လကတည်းက ထိန်းချုပ်ထားရတဲ့ ကုန်ပစ္စည်းတွေစာရင်းမှာ ထည့်သွင်းထားရပြီး စတိုးဆိုင်တွေမှာ ပစ္စည်းပြတ်လပ်နေပါတယ်။

ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းတွေ ပြတ်လပ်နေလို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပိတ်စနှာခေါင်းစည်း သန်း ၅၀ ထုတ်လုပ်၊ ဖြန့်ဖြူးနိုင်ဖို့အတွက် ပြီးခဲ့တဲ့တစ်ပတ်မှာ ထိုင်းအစိုးရက ဘတ်ဂျက်အဖြစ် ဘတ် ၂၂၅ သန်း(အမေရိကန်ဒေါ်လာ ၇ သန်း)ချပေးခဲ့ပါတယ်။ ချောင်းဆိုးတာ ဒါမှမဟုတ် နှာချေရာကနေ ထွက်လာတဲ့ အရည်စက်တွေ မလွင့်စင်အောင် ပိတ်စနှာခေါင်းစည်းတွေက ကာကွယ်ပေးနိုင်စွမ်းရှိတယ်လို့ ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီး ညွှန်ကြားရေးမှူးချုပ် ဝီပူလာကွန်းက ပြောပါတယ်။

ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ပိတ်စနှာခေါင်းစည်း ချုပ်လုပ်ပုံကို ဗီဒီယိုဖိုင်နဲ့တကွ ရိုက်ကူးဖော်ပြခဲ့ပြီး အဲဒီဗီဒီယိုမှာ ဝီပူလာကွန်းကိုယ်တိုင် ပါဝင်သရုပ်ပြခဲ့ပါတယ်။ ထိုင်းနိုင်ငံသားတွေက မျိုးနွယ်စု အသင်းတိုက်တွေမှာ အဖွဲ့ငယ်လေးတွေဖွဲ့ရင်း ပိတ်စနှာခေါင်းစည်းတွေ ချုပ်လုပ်ပြီး တခြားသူတွေကို အခမဲ့ ဖြန့်ဖြူးပေးနေပါတယ်။ “ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းတွေ ရှာဝယ်လို့မရဘူး။ စျေးကလည်း တအားကြီးတယ်။ အဲဒီတော့ ကျွန်မမိသားစုနဲ့ ဆွေမျိုးတွေအတွက် ပိတ်စနှာခေါင်းစည်းတွေ ချုပ်ပေးနေပါတယ်။ ဘာတစ်ခုမှ မဝတ်တာထက်စာရင်တော့ ပိတ်စနှာခေါင်းစည်းဝတ်တာ ပိုကောင်းတယ်ထင်ပါတယ်။ လူတွေရဲ့ အရည်စက်တွေနဲ့ မထိမိတော့ဘူးပေါ့’’လို့ အသက် ၆၃ နှစ်အရွယ် အမျိုးသမီး ဖောင်ဆိုင်က ပြောပါတယ်။

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top