ခြေတုကြောင့် အခက်အခဲမရှိ လမ်းလျှောက်နိုင်တဲ့ ဆင်ကြီး

5.6.2023-yyl-10.jpg

Chhouk with his prosthetic foot, he had to have his foot amputated after getting caught in a snare as an infant. See SWNS story SWSMelephants. A rescued elephant has been fitted with a prosthetic foot so he can walk again. Chhouk, an 11-year-old Asian elephant had to have his foot amputated after he was caught in a snare when he was just a year old. He was taken in by the Wildlife Alliance conservation organisation in Cambodia and their partners the Paradise Wildlife Park helped fund a prosthetic foot made

ပုံမှာ မြင်ရတာကတော့ ကမ္ဘောဒီးယားနိုင်ငံမှ ၁၁ နှစ်အရွယ် ဆင်ကြီး ချဟွတ်ပါ။ ချဟွတ်ဟာ မုဆိုးရဲ့ ထောင်ချောက်မိပြီး ခြေထောက်တစ်ဖက် ဖြတ်ခဲ့ရပေမဲ့ ဗြိတိန်နိုင်ငံက သားရဲတိရစ္ဆာန် ပရဟိတအဖွဲ့ရဲ့ အကူအညီကြောင့် ခြေတုဝတ်ဆင်ခွင့် ရခဲ့ပါတယ်။ ကားတာယာအဟောင်းတွေ၊ ကားဆွဲဖို့ အသုံးပြုတဲ့ ကြိုးအဟောင်းတွေကို သုံးပြီး ၄၄ ပေါင် အလေးချိန်ရှိတဲ့ ခြေတုကို ဖန်တီးခဲ့တာပါ။ အမေရိကန်ဒေါ်လာ ၁၄၅၀ ကုန်ကျပါတယ်။ ခြေတုကြောင့် ဆင်ကြီး ချဟွတ်က အခက်အခဲမရှိဘဲ လမ်းလျှောက်နိုင်၊ ပြေးနိုင်၊ ရေကူးနိုင်စွမ်း ရှိပါတယ်။

ချဟွတ်က အကောင်ကြီးထွားလာတဲ့အတွက် ခြေတုကို ၆ လ၊ တစ်ကြိမ် လဲလှယ်တပ်ဆင်ပေးနေရပေမဲ့ ဗြိတိန်နိုင်ငံအခြေစိုက် Paradise Wildlife Park က ရန်ပုံငွေ ထောက်ပံ့ပေးနေတာကြောင့် စရိတ်စကအတွက် အခက်အခဲ မရှိပါဘူး။ ချဟွတ်က သူ့ကို ခြေတု လဲလှယ်တပ်ဆင်ပေးတိုင်း ငြိမ်ငြိမ်လေးနေကာ ကူညီပေးတတ်လို့ ဆင်ထိန်းတွေက သူ့ကို ဆုချတဲ့အနေနဲ့ အုန်းသီးတစ်လုံး ပေးလေ့ရှိပါတယ်။

Ref: Elephant Fitted With a Prosthetic Foot So He’s Able to Walk Again – LOOK

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top