(၃၅) နှစ်ကြာ အချုပ်အနှောင်နဲ့ နေခဲ့ရတဲ့ ဆင်ကြီး ကမ္ဘောဒီးယား ဘေးမဲ့တောမှာ နေထိုင်ခွင့်ရတော့မယ်

19-8-2020-yyl-007.jpg

နောက်ဆုံးမှာတော့ တိရစ္ဆာန်ဥယျာဉ်တစ်ခုမှာ (၃၅) နှစ်ကြာ နေထိုင်ခဲ့ရတဲ့ ဆင်ကြီးတစ်ကောင်ဟာ (၂၅,၀၀၀) ဧက ကျယ်ဝန်းတဲ့ ကမ္ဘောဒီးယားဘေးမဲ့တောမှာ အချုပ်အနှောင်ကင်းကင်းနဲ့ သူ့ဘဝကို လွတ်လပ်စွာ နေထိုင်နိုင်တော့မှာဖြစ်ပါတယ်။ အဲဒီဆင်ကြီးက ကမ္ဘာဒီးယားဘေးမဲ့တောကို နောက်လမှာ သွားရတော့မှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်တွေမှာ ပါကစ္စတန်က Islamabad က အသက် (၃၃) နှစ်အရွယ် ကာအာဗန်ဆိုတဲ့ အဲဒီဆင်ကြီးကို လွတ်လပ်ခွင့်ပေးဖို့အတွက် ကမ်ပိန်းတစ်ခုဖန်တီးကာ ထောက်ခံမဲ တောင်းခံခဲ့ကြပါတယ်။ လူတွေက ဆင်ကြီးဟာ ဆိုးဆိုးရွားရွားနှိပ်စက်ခံနေရပြီး အချုပ်အနှောင်တွေနဲ့ ထားရှိထားတဲ့အပြင် စိတ်ပိုင်းဆိုင်အခြေအနေ လက္ခဏာရပ်တွေလည်း ပြနေတယ်လို့ ယူဆခဲ့ကြပါတယ်။ ဆင်ကြီးရဲ့ကစားဖော်ကလည်း သေဆုံးသွားခဲ့တဲ့အတွက် အဖော်မရှိဘဲ တစ်ကောင်တည်းနေထိုင်ခဲ့ရပါတယ်။ တိရစ္ဆာန်တက်ကြွလှုပ်ရှားသူ တွေကလည်း ဆင်ကြီးကို “ကမ္ဘာ့အထီးကျန်ဆုံးဆင်ကြီး”လို့ အမည်တပ်ခဲ့ကြပါတယ်။

အခုနှစ်အစောပိုင်းမှာ ကာအာဗန်ကို တိရစ္ဆာန်ရုံကနေ လွတ်လပ်ခွင့်ပေးသင့်ပြီလို့ တရားရုံးက ကြေညာခဲ့ပါတယ်။ အခုလိုတရားရုံးက အမိန့်ချလိုက်တဲ့အတွက် အနုပညာရှင်တွေကလည်း တွမ်တာမှာ ဝမ်းသာစကားဆိုခဲ့ ကြပါသေးတယ်။ ဇူလိုင် ၁၇ ရက်နေ့မှာ ပါကစ္စတန်အစိုးရက ကာအာဗန်ကို ကမ္ဘောဒီးယားနိုင်ငံက ဘေးမဲ့တောကို ပို့ဖို့အတွက် Animal Welfare Organsation Free the Wild ရဲ့တောင်းဆိုမှုကို ခွင့်ပြုပေးခဲ့ပါတယ်။ “နောက်ဆုံးတော့ ကာအာဗန်က ကမ္ဘောဒီးယားကို သွားရတော့မယ်။ ကာအာဗန်အတွက် ကျွန်တော် ဘယ်လောက်ပျော်နေတယ်ဆိုတာကိုတောင် ဖော်ပြလို့မရနိုင်ပါဘူး။ ကာအာဗန်လွတ်လပ်ခွင့်ရဖို့အတွက် ပါဝင်ကူညီပံ့ပိုးပေးခဲ့ကြတဲ့ ကမ္ဘာတစ်ဝှမ်းက လူတွေအားလုံးကို ကျေးဇူးတင်ပါတယ်”လို့ Friend of Islamabad Zooရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ အန်မာ ပါဗာအစ် (Ammar Pervaiz) က ပြောပါတယ်။

“ပါကစ္စတန်ရဲ့ နောက်ဆုံးကျန်ရှိနေတဲ့ အာရှဆင်ကြီး ကာအာဗန်အနားယူပြီး နေရာပြောင်းမယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့ စိတ်ပျော်ရွင်ရပါတယ်”လို့ Free the Wild တည်ထောင်သူ ဂီနာ နယ်လ်သော်ပီ ကောင်နီ (Gina Nelthorpe-Cowne) ကဆိုပါတယ်။ ဇူလိုင်လမှာ သတင်းထွက်ရှိပြီးတဲ့နောက်မှာ Free the Wild က ကမ္ဘောဒီးယားဘေမဲ့တောဆီ ကာအာဗန်ကို မပြောင်းရွှေ့ခင်မှာ သူ့ကျန်းမာရေးကို စစ်ဆေးဖို့အတွက် တိရစ္ဆာန်ဆေးကုသရေးအဖွဲ့နဲ့ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ အဲဒီနောက်မှာ ကာအာဗန်ကို ယာယီပို့ဆောင်ရေးကုန်သေတ္တာထဲဝင်နိုင်ဖို့ သက်တောင့်သက်သာနဲ့ နေသားကျသည့်အထိ လေ့ကျင့်ပေးနေခဲ့ပါတယ်။ လေ့ကျင့်သင်ကြား ပေးဖို့အတွက် (၃-၄) ပတ်ဝန်းကျင်အချိန်ယူရနိုင်ပါတယ်။ စက်တာဘာလကုန်လောက်မှာတော့ ကာအာဗန်က ကမ္ဘောဒီးယားနိုင်ငံဘေးမဲ့တောကို ပြောင်းရွှေ့ရတော့မှာဖြစ်ပါတယ်။

Ref: Ladbible “Elephant Kept In Chains For 35 Years Finds New Home In Cambodian Sanctuary”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top