တွစ်တာပေါ်မှာ စီးပွားရေးလုပ်ငန်းတွေနဲ့ အစိုးရတွေကို အခကြေးငွေ ကောက်ခံမယ်လို့ အီလွန်မက်စ် ဆို

4-5-2022-yyl10.jpg

ရိုးရိုး user တွေကို အမြဲတမ်း အခမဲ့ဝန်ဆောင်မှုပေးမှာဖြစ်ပေမဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ အစိုးရပိုင်းဆိုင်ရာ အသုံးပြုသူတွေကို အခကြေးငွေ အနည်းငယ် ကောက်ခံသွားမယ်လို့ အီလွန်မက်စ်က ပြောပါတယ်။ တွစ်တာကုမ္ပဏီကို အမေရိကန်ဒေါ်လာ ၄၄ ဘီလျံနဲ့ ဝယ်ယူဖို့ သဘောတူညီခဲ့ပြီးနောက်မှာ အီလွန်မက်စ်က အခုလို ပြောခဲ့တာပါ။

အမုန်းစကား ကန့်သတ်တဲ့ တွစ်တာရဲ့ content စိစစ်ရေးမူဝါဒတွေကို အီလွန်မက်စ်က ပြန်ရုပ်သိမ်းမယ်ဆိုရင် တွစ်တာကို သပိတ်မှောက်ကြဖို့ အရပ်ဘက်ဆိုင်ရာအဖွဲ့အစည်း ၂ ဒါဇင်ကျော်က အမေရိကန်နိုင်ငံရဲ့ နာမည်ကျော်ကုမ္ပဏီတွေကို တိုက်တွန်းထားပါတယ်။ တွစ်တာရဲ့ content စိစစ်ရေးမူဝါဒတွေဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ခြိမ်းခြောက်နေတယ်လို့ အီလွန်မက်စ်က ပြန်တုံ့ပြန်ခဲ့ပြီး တွစ်တာကို ပိုတိုးတက်အောင် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

တွစ်တာမှာ features အသစ်တွေ ထည့်သွင်းသွားမှာဖြစ်ပြီး အခပေး ဝန်ဆောင်မှုဖြစ်တဲ့ Twitter Blue မှာလည်း လစဉ်ကြေး လျှော့ယူပြီး ပြောင်းလဲမှုတွေ လုပ်သွားမယ်လို့ ဆိုပါတယ်။ အခပေးဝန်ဆောင်မှုမှာ undo tweet button ( အမှားပြင်ဆင်ချင်ရင် စက္ကန့် ၃၀ အတွင်း tweet ပြန်ဖြုတ်ချနိုင်ခြင်း) ၊ bookmark ( tweet တွေကို အလွယ်တကူ ပြန်ရှာနိုင်အောင် ကဏ္ဍအလိုက်ခွဲခြားသိမ်းဆည်းနိုင်မှု) နဲ့ reader mode အစရှိတဲ့ features တွေ ထည့်သွင်းသွားမယ်လို့ တွစ်တာက ဖော်ပြပါတယ်။ တွစ်တာပလက်ဖောင်းမှာ spam bot တွေကို ဖယ်ရှားပြီး လူကိုယ်တိုင် အသုံးပြုတာ ဟုတ်၊ မဟုတ် စစ်ဆေးအတည်ပြုသွားချင်တယ်လို့ အီလွန်မက်စ်က ပြောပါတယ်။

တွစ်တာပေါ်မှာ tweet တွေကို ဘာကြောင့် ပိုပြပေးတာလဲ၊ ဘာကြောင့် သိပ်မပြပေးတာလဲ ဆိုတဲ့ algorithm စနစ်အလုပ်လုပ်ပုံကို ပွင့်လင်းမြင်သာမှု ရှိစေလိုပြီး ယုံကြည်မှု ပိုရစေချင်တယ်လို့ ပြီးခဲ့တဲ့တနင်္လာနေ့က နယူးယော့ခ်မြို့မှာ ကျင်းပခဲ့တဲ့ နှစ်စဉ်တွေ့ဆုံပွဲ (Met Gala)မှာ အီလွန်မက်စ်က ပြောပါတယ်။

Ref: BBC ” Musk says Twitter may see ‘slight cost’ for businesses and governments”

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top